အခန်း(၃၂)​ကောင်းတာတွေကအတွဲလိုက်လာတယ်

7.4K 891 133
                                    

၃၂

''ညီမလေး စု..အကို ရှင်းပြပါရစေ''
ရှောင်ရီလည်း ရှေ့က သွားနေသူကို ဆွဲလိုက်တယ်။
.''အကိုနဲ့ လင်းလောင်က အတူတူ ကြီးလာတာ
အကို့မှာ တာဝန်ရှိတယ်...အကိုသူ့ကို ဂရုစိုက်
ရမယ်လေ''

''အကို ညာနေတာ! ဘာ ငယ်သူငယ်ချင်းလဲ
အကို သူ့ကို ချစ်နေတာ အသိသာကြီး! ''
ပြောရင်း စုဇီလည်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်
ကျလာတယ်။

ဟက်ခ်! သုံးပွင့်ဆိုင်လေးပါလား!ကျူ းယောင်လည်း
သူမရဲ့ ကေ ဒရမ်မာ ကြည့်တဲ့ခံစားချက်ပြန်ဝင်လာတယ်။ဘေးက ကောင်စုတ်လေးကို တစ်ချက်ကြည့်
ရင်း တိတ်တဆိတ်ပဲ သူ့ပုခုံးကို ပုတ်လိုက်တယ်။
စိတ်မပူနဲ့ ကောင်လေး မင်း ကိုယ်ပိုင် ပရိသတ်နဲ့
ကောင်မလေးတွေ နောင်ကျ ရှိလာမှာပါ!

(TN:😒😒 ယူ ရူးပေါနေတာတွေကို မပြောချင်တော့ ဘူး..ကျူ းယောင်ရေ)

''ပြော.. အကို ညီမကို ချစ်တာလား
လင်းလောင်းကိုလား''
စုဇီက အမှုစစ်သလို စစ်တော့တယ်။

''ညီမလေး စုရယ်''
ရှောင်ရီက သူမ မေးခွန်းကိုတိုက်ရိုက်မဖြေဘဲ
စုဇီကို ဆွဲကာ သူ့ရင်ဘတ်နား ကပ်ထားလိုက်တယ်။
''ညီမ အကို့ကို နားမလည်ဘူးလားကွာ
မင်းကို ရင်ပြင်မှာ စတွေ့တဲ့ နေ့ကတည်းက အကို
ချစ်မိသွားတာ..အကို့ရဲ့ နှလုံးသားလေးက
အရင်လို ဘယ်တော့မှ ငြိမ်သက်နိုင်တော့မှာ မဟုတ်ဘူး''

''အစ်ကို ရှောင်..''

''မင်းရဲ့ လှုပ်ရှားမှုတိုင်း စကားလုံးတိုင်းက
ကိုယ့်ကို ရင်ခုန်စေတာ... မင်းသာ မရှိဘူးဆိုရင် ကိုယ့်နှလုံးသားလေးတောင် ဘယ်လိုဆက်ခုန်ရမလဲဆိုတာ မသိတော့ဘူး...သူတောင်..စည်းချက်တွေ မေ့နေပြီ...မင်းကိုပဲ တစ်ဘဝလုံးကြင်နာချင်တာပါ...အကို့ကို မယုံဘူးလားဟင်''

(TN:😒let me vomit..ဝေါ့)

ယိုး!...ဒီကောင်လေး အန်တီကြီးတွေ ကြည့်လေ့ရှိတဲ့ ကေ ဒရမ်မာတွေမှာ သရုပ်မဆောင်တာ နာတာပဲ။ကျူ းယောင်လည်း ပေါက်စီနှစ်လုံးထုတ်လိုက်ပြီး တစ်လုံးကို ရှုဟိုင်ကို ကမ်းရင်း ကိုယ့်ဘာသာ
နောက်တစ်လုံးကို ဖြည်းဖြည်းချင်း ဝါးနေတယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Tempat cerita menjadi hidup. Temukan sekarang