အခန်း(၁၃၄ )နင့်အစ်မကို မိစ္ဆာနေ!!

9K 821 277
                                    

အခန်း ၁၃၄  နင့် အစ်မကို မိစ္ဆာနေ!!

ဤအပိုင်းကို typingကူရိုက်ပေးသော Shu rin ကို
ကျေးဇူးတင်ပါတယ်။


သူတို့လျှပ်စီးနန်း‌‌တော်ကနေ သေသေချာချာတောင်းဆိုထားတဲ့ ဓာတ်ငါးပါးထိန်းချုပ်ခြင်းဂါထာက မိစ္ဆာကို အခုလို ပြန်အသက်မရှင်နိုင်အောင် ခဏတဖြုတ်ထိန်းထားနိုင်မယ်လို့ ထင်ထားခဲ့တာ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး။ အခုလိုဖြစ်လာလိမ့်လို့ နတ်ဘုရားနှစ်ပါးလည်း မထင်ထားကြဘူး။ ပိုဆိုးတာက ဒီအချိန်ထိ လောက သန့်စင်ခြင်းအဆောင်လက်ဖွဲ့က လုံးဝဥသုံအပြည့်အစုံ သူ့အစွမ်းကို မရရှိသေးဘူး။ ဒီ့အပြင် မိစ္ဆာပစ်လွှတ်လိုက်သော အစိမ်းရောင်အလင်းတန်းက အထက်ဘုံဂိတ်တံခါးကို ဖွင့်ပေးသော အလင်းတန်းကိုပါ ပျောက်ဆုံးသွားစေတယ်။

အထက်ဘုံဂိတ်တံခါးနှင့် ဆက်သွယ်ပေးထားသော အလင်းတန်းလည်း ပျောက်ဆုံးသွားရော ကြီးမြတ်တဲ့နတ်ဘုရားနှစ်ပါးလည်း ချက်ချင်းပဲ ကောင်းကင်တာအို ဆီက တန်ပြန်သက်ရောက်မှုအားကို ခံလိုက်ကြရတာမို့လို့ သွေးတွေအန်ထွက်ကုန်တယ်။ စောစောက ဘာမှန်းမသိတဲ့သူတို့ရဲ့ကျင့်ကြံဆင့်တွေ ချက်ချင်းပဲ နတ်ဝိဇ္ဇာအဆင့်ထိတောင် ပြုတ်ကျကုန်တယ်။ ဒီမှာတင် မရပ်တန့်နိုင်ဘူး ။ဆက်ပြီးတော့ ကျဆင်းနေတုန်းပဲ။ အထက်ကောင်းကင်ဘုံဂိတ်တံခါးကလည်း ပိတ်သွားပြီ ။တကယ်တော့ လောကနိယာမက ဒီလိုပဲ ဖြစ်ရမယ်။ အထက်ဘုံကနတ်ဘုရားတွေ ဘယ်လိုများ ကောင်းကင်ဘုံဂိတ်တံခါးကို ဖွင့်ထားရင်း ကျင့်ကြံခြင်းလောကကို ဆင်းလာချိန်မှာ သူတို့ကျင့်ကြံဆင့်ကို အထက်ဘုံကအတိုင်း ထိန်းသိမ်းထားနိုင်တာလဲ မသိဘူး။ သို့ပေမယ့် အထက်ဘုံဂိတ်တံခါးပိတ်သွားတာနဲ့ တပြိုင်နက် လောကနိယာမက သူတို့ကို ဒီကျင့်ကြံခြင်းလောကနဲ့ ထိုက်တန်တဲ့ ကျင့်ကြံဆင့်ကိုသာ ပြန်ရသွားစေတယ်။ အထက်ဘုံက မူရင်း ကျင့်ကြံဆင့်တွေ ဒီမှာဆက်ပြီး တည်ရှိနေလို့မရဘူး။

“ ဟီး ဟီး ဟီး ဟီး ”

အေးစက်စက် ရွံ့ရှာစက်ဆုပ်ဖွယ် ရယ်သံတစ်ခုက ပျံ့လွင့်လာတယ်။ အစိမ်းရောင်အလင်းတန်းထဲမှာ ထိုင်နေတဲ့ အဖြူရောင်ဝတ်လူကလည်း မတ်တပ်ထရပ်လိုက်တယ်။ သူ့ဘေးနားမှာရှိသောအစိမ်းရောင် အလင်းတန်းတွေက တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ သူ့ရဲ့မျက်လုံးက နီရဲနေပြီး အေးစက်သောအရိပ်အငွေ့တွေ လွှမ်းခြုံလို့နေတယ်။ ဒါ့အပြင် သူ့ကိုထိန်းသိမ်းဖို့ကြိုးစားနေတဲ့ ဓာတ်ငါးပါးအဆောင်ဂါထာကလည်း တဖြည်းဖြည်းပျောက်ကွယ်သွားတယ်။ ထိုအဖြူရောင်ဝတ်စုံနဲ့ လူရဲ့ဆံပင်ရှည်တွေက လေထဲမှာ  ပျံ့လွင့်နေပြီးတော့ မျက်လုံးနှစ်လုံးကလည်း  ပတ္တမြားသဖွယ်
ရဲရဲတောက် နေတယ်။ သူ့ခန္ဓာကိုယ်က ထုတ်လွှတ်တာကလည်း အေးစက်သော  မိစ္ဆာယင်အငွေ့သက်တွေဖြစ်တယ်။ ဒါ့အပြင် ကောက်ကျစ်ယုတ်မာတဲ့အပြုံးတစ်ခုကလည်း သူ့မျက်နှာပေါ်မှာ တည်ရှိလို့နေတယ်။

You've reached the end of published parts.

⏰ Last updated: Jan 16, 2021 ⏰

Add this story to your Library to get notified about new parts!

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Where stories live. Discover now