ရှေးဟောင်းတောင်ဂိုဏ်းသို့ နောက်တစ်ကြိမ်

7.4K 961 122
                                    

အခန်း...၆၆

ကျူ းယောင် ငိုချင်လာတယ်။ ဒီလိုသာ ဆက်
ပစ်ခံနေရရင် သူ တစ်ကယ်သေသွားပြီး
ယမမင်းဆီ နောက်တစ်ကြိမ် အလည်သွား
ရလိမ့်မယ်။

ယုယန်က ဘေးက ရပ်ရင်း သူ့တပည့်ကို
စိတ်ပူစွာ ကြည့်တယ်။ကံမကောင်းစွာနဲ့ သူ
ဘာမှ မကူနိုင်ဘူး။ နတ်ဘုရားအဖြစ်သို့ ကျင့်
ကြံခြင်း လမ်းစဉ်ဆိုတာ ခက်ခဲပြီး နတ်ဝိညာဉ်
အဆင့် သို့သွားခြင်းဟာလည်း ခက်ခဲတာထက်
ပိုတယ်။ အောင်မြင်နှုန်းက တစ်သောင်းမှာ တစ်
ယောက် လောက်သာရှိတယ်။ခုတော့ သူ့တပည့် အခြေနေအရ နတ်ဝိညာဉ် အဆင့်တက်ဖို့ကလွဲ ရွေးဖို့ မရှိဘူး။ ဒီ စမ်းသပ်မှု မိုးကြိုးတွေက သူ့ဖို့ အကောင်းဆုံး အခွင့်ရေး ဖြစ်တယ်။

သို့ပေမဲ့ ဒီ မိုးကြိုးတွေကရဲ့ ပစ်ခတ်ပုံ သိပ်ကို
ဖြောင့်မှန် တည့်မတ် လွန်းတယ်။စောစော
တုန်းက မိုးကြိုးတွေ ဒီဘက် မပစ်ချမှာစိုးလို့
သူ စွမ်းအားသုံးပြီး အတင်းကျပ် လမ်းကြောင်းပြောင်းဖို့တောင် စီစဉ်ခဲ့တယ်။

ခုကြည့်ရတာတော့ သူ့အနေနဲ ဒါမျိုး လုပ်ဖို့.မလို
တော့ဘူး။မိုးကြိုးတွေ တစ်ခုပြီး တစ်ခု ပစ်ချနေတာက မသိရင် သူတို့တွေ ပစ်ချခြင်း ပွဲတော်ကြီးလာဆင်နွဲနေသလိုပဲ။ သူ့တပည့်ရဲ့ မိုးကြိုး ချီ
ဆွဲဆောင်နိုင်စွမ်းက ကောင်းတာလား ဆိုးတာ
လားဆိုတာ သူ သံယတောင် နည်းနည်း
ဖြစ်လာတယ်။

နာကျင် မှုကနေ တောင် ထုံလာပြီလို့ ကျူ းယောင်ခံစားရတယ်။ သူ့အသိတွေကလည်း.ခပ်ဝါးဝါး
ဖြစ်နေပေမဲ့လို့. ဆက်ပြီးသာ ချီ တွေကို ကိုယ်ထဲထည့်နေရတယ်။

''ချစ်ခ်...´´

ပြတ်သားကြည်လင်တဲ့ အသံလေးတစ်ခုက
သူ့ဘေးကနေ ပေါ်ထွက်လာတယ်။

သေစမ်း သစ်သားဝိညာဉ်ပဲ။ ငါ သူ့ကို အပြင်
ထုတ်ထားဖို့ မေ့သွားတယ်။
လျှပ်စီး ချီ ကြောင့်
ဒီ ကောင် သေမသွားလောက်ပါဘူးနော်။သူ
ရဲ့ စိတ်အာရုံနယ်ပယ်ထဲ ကြည့်လိုက်တော့
ထောင့်တစ်နေရာမှာ ဘွန်ဆိုင်းပင် သေးသေး
လေးက အဆက်မပြတ်စီးဝင်နေတဲ့ လျှပ်စီး ချီ
တွေကို ဘာမှန်းမသိဘဲ ကြည့်နေတာ တွေ့တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Donde viven las historias. Descúbrelo ahora