အခန်း(၅၀)ဘေးလူအနေနဲ့ ပွဲကြည့်

6.4K 866 26
                                    

၅၀

ဘေးလူအနေနဲ့ ပွဲကြည့်

ဝမ်ရှုဟိုင် မျက်မှောင်ကြုတ်သွားတယ်။ရှောင်ရီကို တိုက်ရိုက် မောင်းထုတ်လို့လည်း မရသလို.သူလည်း ဘေးထွက်မနေချင်ဘူး။ ကျူ းယောင်ရှေ့မှာပဲ ပိတ်ရပ်ရင်း အီလည်လည် အနေထား ရောက်နေတယ်။

ဝမ်ရှုဟိုင်က  အကာကွယ်
ပေးလိုတဲ့ ကြက်မေမေကြီးလို သူ့ရှေ့မှာ ပိတ်ရပ်နေတာကို ကျူ းယောင်လည်း နည်းနည်းရယ်ချင်လာတယ်။သူမရင်ထဲမှာလည်း နွေးထွေးမှုတွေနဲ့ ပြည့်နေပြီး 'ငါ့သားလေးတောင် ကြီးပေါ့..ခုတော့ ဒီမိန်းမအိုကြီးကိုတောင် ကာကွယ်တတ်နေပြီ´ဆိုတဲ့ ခံစားချက်ကလည်း ရနေသေးတယ်။

(TN:...😏...)

ဒီလို နွေးထွေးတဲ့ ကောင်စုတ်လေးကို မြင်ပြီး
သူမ မျက်နှာသာ မပေးဘဲ ဘယ်နေနိုင်မှာလဲ!

''ဟွတ်..အဟွတ်´´

သူမလည်း ချောင်းဆိုးဟန် ဆောင်ပြီး ဘာမှ မသိနားမလည်ရှာ မေ့တတ်တဲ့ ချစ်စဖွယ် ရိုးသားဟန်လေး လုပ်လိုက်တယ်။ မျက်လုံးလေးတွေ ပြူ းရင်း  ရှောင်ရီကို ကြည့်ရင်း ပြောတယ်။

'' ရှင်က ဘယ်သူလဲ´´

ရှောင်ရီ...''#*$...´´

တာရို့လူဆိုတာ ကျင့်ကြံခြင်း လောကရဲ့ မြောက်ဘက်အရပ်မှာ တည်ရှိတဲ့ မြေရိုင်းကြီး ဖြစ်တယ်။
ချီ လည်းနည်းပါးလွန်းပြီး နေရာတိုင်းမှာ ချောက်ကမ်းပါးတွေ ရှိတာကြောင့်မလို့ လူသာမန်တွေ
မပြောနဲ့ ကျင့်ကြံသမားတွေတောင် ဒီ နယ်မြေနား မကပ်ကြဘူး။သို့ပေမဲ့ နှစ်ငါးရာတိုင်းမှာ ဒီ လျှိူ့ဝှက် နယ်မြေ အဝင်ပေါက် ပွင့်လေ့ရှိတယ်။အတွင်းမှာတော့ ချ ီတွေပြည့်နှက်နေပြီး အဖိုးတန် သစ်နွယ်မြက်တွေလည်း တစ်ဆုံးရှိနေတယ်။

အန္တရာယ်ကြီးတွေနဲ့ အတူ အခွင့်ရေးကြီးတွေလည်း ပါလာတတ်တာမလို့ ဂိုဏ်းပေါင်းစုံနဲ့ အဖွဲ့စည်းမျိုးစုံကနေ ဒီ အခွင့်ရေးတွေကို ရှာဖွေဖို့ သူတို့ရဲ့ အတော်ဆုံး တပည့်ကျော်တွေကို စေလွှတ်လေ့ရှိတယ်။

သို့ပေမဲ့လည်း နတ်ဝိညဉ်အဆင့်အောက်သာ ဝင်ခွင့်ရတယ်။ဒါကြောင့် လာရောက်သူတိုင်းဟာ နတ်အမြူ တေဆင့်မှာတောင် ထူးချွန်သူတွေ ဖြစ်ကြပြီး ဂိုဏ်းတွေအတွက် အရေးကြီးတဲ့ ကိစ္စလည်း ဖြစ်တယ်။

နောက်တကြိမ် သေသွားပြန်တဲ့ တပည့်ကျော်(my discipline die yet again)Tahanan ng mga kuwento. Tumuklas ngayon