အခန်း (၁၄.၂)

7.5K 1.5K 39
                                    

စုန်ယွီ၏QQအကောင့်တွင် သူငယ်ချင်းနည်းနည်းသာရှိသည်။ သူသည် အိပ်ယာပေါ်တွင်လှဲနေရင်း ဖုန်းသုံးနေကာ ကိုfull-stop၏ အနက်ရောင်ပရိုဖိုင်ပုံကိုကြည့်နေပီး သူ့လက်တွေ အရမ်းယားလာပီး စာပို့ချင်စိတ်တွေဖြစ်လာသည်။

ဒါပေမယ့် နေ့ခင်းပိုင်းတုန်းက မကောင်းသည့်ဝေဖန်ချက်တွေ ရေးရန်အတွက် သူ့ဦးနှောက်ကိုမနားတမ်းအလုပ်ပေးထားခဲ့ပီး ညဖက်ရောက်တော့လည်း လမ်းတွေပေါ်ပြေးလွှားခဲ့ရသေးသည်။ သူစိတ်ရောကိုယ်ရောပင်ပန်းနေပီလေ။

ဒါကြောင့် ဘယ်ချိန်ကတည်းကမှန်းမသိ အိပ်ပျော်သွားသည်လေ။

နောက်တစ်နေ့ သူနိုးလာသည့်အချိန်မှာတော့ မနက်၉နာရီတောင်ရှိနေပီဖြစ်သည်။

မနက်စာစားရန် အောက်ထပ်ဆင်းသွားသည့်အခါမှာတော့ မာရှောင်တင်းဆီကနေ messageပေါင်းမြောက်များစွာကို စုန်ယွီသည် လက်ခံရလိုက်သည်။

[ဆာဒါကိုက ရေတွင်းတူးတဲ့သူတွေကို ခွင့်မလွတ်ဘူး : Ahahahahahahahahaha ... ]

[ဆာဒါကိုက ရေတွင်းတူးတဲ့သူတွေကို ခွင့်မလွတ်ဘူး : အကိုကြီးယွီ မကောင်းတဲ့ဝေဖန်ချက်တွေကို အပြုံလိုက်ကြီးရေးတဲ့သူက အကိုလား? ဒီနေ့ ကျွန်တော်သူတို့ဆိုင်ကို သွားစားဖို့ တမင်သက်သက်သွားကြည့်တော့ ကျူးကျီရှင်းအမေရဲ့မျက်နှာအစိမ်းရောင်ဖြစ်နေတာကိုတွေ့ခဲ့လိုက်တယ် ကြည့်ရတာ သူမက စိတ်တိုလွန်းလို့အသက်ထွက်တော့မယ်ထင်တယ်]

[ဆာဒါကိုက ရေတွင်းတူးတဲ့သူတွေကို ခွင့်မလွတ်ဘူး : Ahahaha အရမ်းဉာဏ်ကောင်းတာပဲ ကျွန်တော်လည်း ကျွန်တော့်ညီကိုတွေကို ပြောပီး အကို့လမ်းစဉ်အတိုင်းလိုက်လုပ်လိုက်မယ် အဲ့ဒီစိတ်ထားမကောင်းတဲ့မိန်းမကြီးကို ဒေါသထွက်ပီးသေသွားအောင်လို့]

စုန်ယွီသည် ကျူးကျီရှင်းကိစ္စကို လိုက်ဂရုစိုက်ဖို့ ပျင်းလွန်းသည်။ ဘွားဘွားမုန့်၏မျှော်လင့်တကြီးစိုက်ကြည့်နေသည့်အကြည့်အောက်မှာနှင့် စားပွဲပေါ်က မေးခွန်းအထပ်လိုက်ကြီးကြောင့် သူ့မှာ ချက်ချင်းကို ခေါင်းကိုက်လာတော့သည်။

သူသည် နွားနို့ကို တစ်ငုံသောက်လိုက်ပီး မာရှောင်တင်းကို စာပို့လိုက်သည်။

TIHCFCF Where stories live. Discover now