အခန်း (၃၅.၂)

5.2K 1.2K 87
                                    

အခန်း (၃၅.၂) –ဒါက နည်းနည်းတော့နာတယ် ~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျိန်ဆဲပီးတဲ့နောက်တော့စုန်ယွီသည် အောက်ထပ်ကို တိုက်ရိုက်ပဲဆင်းသွားလိုက်သည်။ ဒါပေမယ့် သူမထင်လိုက်မိတာက သူ့သားအဖြစ် အခုလေးတင်ဟန်ဆောင်နေသည့် ကောင်းဖုန်းသည် သူ့အရှုံးကို လက်မခံပဲ သူသက်သာသွားသည်နှင့် ပြန်တော်လှန်ဖို့လုပ်လာသည်။ တစ်ကျောင်းလုံးရှေ့မှာ မျက်နှာပျက်ရပီးတဲ့နောက် သူသည် မျက်နှာပြရမှာလည်း ရှက်သလို ဒေါသသည်းထွက်နေသည်။ သူသည် ရှေ့တက်သွားပီးနောက် စုန်ယွီ၏ခြေထောက်ကို တိုက်ရိုက်ဆွဲကာ ကြမ်းပေါ်မှာချုပ်ထားဖို့ လုပ်လိုက်သည်။ "ဒီနေ့ ဒီဖေကမင်းနဲ့ကိစ္စမပီးသေးဘူး!"

"ထွက်သွားစမ်း" စုန်ယွီဖက်ကသူ့ကို ဆက်ပီးအာရုံပေးနေဖို့ အချိန်မရှိတော့ပေ။ သူသည် မညှာမတာဖြင့် ကန်ထုတ်ပစ်သည်။

ကောင်းဖုန်းသည်သူ့ဗိုက်ကို ကာထားပီး ကြမ်းတွင် လိမ့်နေသည်။ သူသည် သူ့နောက်လိုက်တွေကို အော်ဟစ်လိုက်သည်။

"မင်းတို့ကောင်တွေဘာလုပ်နေတာလဲ! ငါ့အတွက် လက်တုံ့ပြန်လေ! ဒီနေ့ သူ့ကို ဒီတိုင်းလွယ်လွယ်လေး အလွတ်ပေးလိုက်ကြမှာလား?!"

လူအုပ်ကြီးကတစ်ယောက်ပီးတစ်ယောက် ရှေ့တက်လာကြပေမယ့် စုန်ယွီ၏မျက်နှာက ဒေါသတကြီးဖြစ်နေပီး စိတ်မရှည်နေတာကြောင့် သူသည် နောက်ကိုတောင်လှည့်မကြည့်တော့ပဲ လူအုပ်ကြီးကို စာရင်းရှင်းလိုက်သည်။ သူ့လှုပ်ရှားမှုက ရက်စက်ပီး မိမိုက်နေကာ တုံ့ဆိုင်းနေတာမျိုး နောက်ကျနေတာမျိုးမရှိပေ။ သူသည် အဖြူရောင်ရှပ်နှင့် ဘောင်းဘီရှည်အနက်ကို ဝတ်ထားပီး ဒီလောက်အပြင်းအထန်လှုပ်ရှားနေတာတောင်မှ သူ့ဆံပင်က နည်းနည်းမှမရှုပ်ပွသွားပေ။

ကော်ရစ်ဒါကကောင်မလေးတွေသည် အာခေါင်ခြစ်အောင် အောင်ဟစ်နေကြပေမယ့် ဒီချောမောကြည့်ကောင်းပီး အကုန်လုံးကို တစ်ယောက်တည်းရှင်းလိုက်သော အကိုကြီးက သူတို့ကို အာရုံစိုက်ပေးချိန်မရှိပေ။ သူသည် လှေကားကို ၂ထစ်စီ ဆင်းချသွားပီး အောက်ထပ်ကိုအမြန်ကြီးသွားနေသည်။

TIHCFCF Où les histoires vivent. Découvrez maintenant