အခန်း (၂၂.၂)

5.6K 1.3K 85
                                    

အခန်း (၂၂.၂) - မိန့်ခွန်း
~~~~~~~~~~~~~~~~

စုန်ယွီသည် နံရံဆီသို့ လျှောက်သွားလိုက်သည်။ သူအနားကပ်လာတာနှင့် ကျူကျီရှင်းက အတောင့်လိုက်ဖြစ်သွားသည်။ သူသည် အသက်တောင်မရှုရဲပေ။ စုန်ယွီက သူ့ထက်အရပ်ရှည်တာကြောင့် သူမတ်မတ်ရပ်ထားသည်။ စုန်ယွီသည် ခေါင်းကိုမော့လိုက်ပီး အချစ်သစ်ပင်အောက်က ရုပ်ပုံစာတွေကို ကြည့်လိုက်သည်။ သူ့အသံကတော့ ဟိုးအဝေးကြီးကနေထွက်လာနေသလို။ "အလယ်တန်းတုန်းက မင်းဘာကြောင့် ရှဲ့ဆွေ့ကို အဲ့လိုမျိုးပစ်မှတ်ထားရတာလဲ?"

ကျူကျီရှင်း၏လက်ချောင်းတွေက တုန်ယင်သွားပီး သူ့မျက်လုံးသေးသေးတွေကတော့ အရှေ့ကို စိုက်ကြည့်နေသည်။ ရှုပ်ယှက်ခက်နေသည့်စာကြောင်းတွေနှင့် ကလေးဆန်သည့်ပုံစံတွေ။

သူဘာကြောင့် ရှဲ့ဆွေ့ကို ပစ်မှတ်ထားရတာလဲ... ဖြစ်နိုင်တာကတော့ ဒါကတွေအားလုံးက မနာလိုမှုကြောင့်ပဲဖြစ်မည်။ သူက ကြည့်ကောင်းတယ်၊ အဆင့်လည်းကောင်းတယ်၊ ပီးတော့ သူ့ဖက်က စိတ်ကျေနပ်အောင် လုပ်ပေးနေသမျှသူတွေအားလုံးက ရှဲ့ဆွေ့အပေါ်သာ အာရုံထားနေကြသည်။ ကျဉ်းမြောင်းသည့်အဆောက်အဦကော်ရစ်ဒါထဲက မဆုံးနိုင်သောဆဲဆိုမှုတွေ ကျိန်ဆဲမှုတွေက နေ့တိုင်းဖြစ်နေပီး ထိုထဲတွင် ရှဲ့ဆွေ့အမေအကြောင်း မုန်းတီးသည့်ပြောဆိုခြင်းတွေလည်း ပါဝင်သည်။ မလိုတမာစိတ်ကမွေးဖွားလာပီး သတင်းအမှားက ပြန့်နှံ့သွားတော့သည်။ ကြာလာတော့ သူသည် ဒါကို အကျင့်ဖြစ်သွားသည်။

ဒါပေမယ့် အခုချိန်မှ ဒါတွေပြောပြဖို့က နောက်ကျသွားပီ။

ကျူကျီရှင်းခေါင်းတစ်ခုလုံးဗလာဖြစ်နေသည်။ ဘိလိယက်ခန်းမမှာကတည်းက စုန်ယွီကြောင့် သူသည် ကြောက်နေတာဖြစ်ပီး အခုထိ ထိုကြောက်ရွံမှုက သူ့စိတ်ထဲမှာ ကျန်နေသေးတုန်းပင်။ ဒီနေ့ကိုကျော်ပီး အသက်မရှင်တော့မှာကို သူကြောက်မိသည်။ မျက်ရည်တွေက ပြန်ကျလာပီး အက်ကွဲနေသည့်အသံနှင့် ငိုနေတော့သည်။

"ကျွန်တော်မှားပါတယ် အကိုကြီး ကျွန်တော်မှားမှန်းသိပါပီ နောက်ခါဘယ်တော့မှမဟုတ်မမှန်တဲ့စကားတွေ မပြောတော့ပါဘူး တကယ်ပါ"

TIHCFCF Where stories live. Discover now