အခန်း (၈)

7.8K 1.6K 39
                                    

အခန်း (၈) – Home

Eng translator: xiin
~~~~~~~~~~~~~

ဒီဖြစ်ရပ်ကြောင့် စုန်ယွီလည်း အံ့သြသွားရသည်။ ဒါကဘာလဲ? မကောင်းတာလုပ်တဲ့သူက နောက်ထပ်မကောင်းတဲ့သူ၏ဖိနှိမ်ခြင်းကိုခံရတာ?

နဂိုကတော့ အဓိကဇာတ်ကောင်တွေက သူနှင့်ရှဲ့ဆွေ့ဖြစ်ပေမယ့် အခုလိုတွေဖြစ်လာတော့ သူတို့အား ဘယ်သူကမှ အာရုံမစိုက်ကြတော့ပေ။

ချိုင်မင်းကျူ၏အဖေသည် ကျင်းမြို့တစ်ဝိုက်က စီးပွားရေးလုပ်ငန်းရှင်များအုပ်စု၏ ဥက္ကဌဖြစ်သည့်အတွက် သူမသည် မောက်မာပီး အပေါ်စီးကနေသာနေသည့်လူစားမျိုးဖြစ်သည်။ သူမအကျင့်စရိုက်ကလည်း ကပ်သပ်ပီး စာနာစိတ်မရှိသည့်အတွက် သူမကို တစ်ယောက်ယောက်က သွားဆွမိမည်ဆိုလျှင် ပိုက်ဆံကုန်သွားရုံနှင့် ပီးသွားမည်မဟုတ်တော့ပေ။ သူမသာ လိုချင်ရင် ထိုမိသားစုကို ကျင်းမြို့ကနေမောင်းထုတ်ပစ်နိုင်ပီး ထိုမိသားစုတစ်ခုလုံးကို အခက်အခဲပေါင်းများစွာတွေ့အောင်ထိ လုပ်နိုင်စွမ်းရှိသည်။

ရဲစခန်းအတွင်းမှာတော့ သူတို့တွေသည် မှတ်တမ်းတင်ထားသည့်ဗီဒီယိုတွေကိုစစ်ကြည့်ပီးသွားချိန်တော့ ဖြစ်ရပ်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းသိသွားကြတော့သည်။ စုန်ယွီ၏မျက်နှာသည် ဒေါသကြောင့် ဖြူရော်နေတော့သည်။ ဖြစ်ခဲ့တာကတော့ ထိုကလေးက ကျောက်ခဲကိုပစ်လိုက်ပီး ရှဲ့ဆွေ့မျက်လုံးကိုတောင်ထိခါနီးဖြစ်သွားပီး ထိုကြောင့်ပဲ ဘရိတ်အတင်းဆွဲလိုက်ရသည့်အတွက် စက်ဘီးကမထင်မှတ်ပဲလဲသွားတာဖြစ်သည်။ ထိုကလေးအမေကတော့ သူမဘာသာသူမလဲကျသွားတာဖြစ်ပေမယ့် ရှဲ့ဆွေ့ကနေမှ သူမအား တမင်သက်သက်ဝင်တိုက်ပါသည်ဆိုပီး စွပ်စွဲတော့သည်။ ဘယ်လောက်တောင်မှစိတ်ပျက်စရာကောင်းလိုက်သည့်အမျိုးသမီးလဲ။ ထိုကြောင့် အခုမှာတော့ ထိုကလေးအမေ၏မျက်နှာအရောင်က သူ့ထက်တောင် ပိုဆိုးရွားနေတော့သည်။

ဘာကြောင့်လဲဆိုတော့ မှတ်တမ်းတင်ထားသည့်ဗီဒီယိုထဲတွင် သူမသား၏ဂေါ်လီက ကားမှန်ကို သွားထိတာအား ရှင်းရှင်းလင်းလင်းကြီးပြနေသည်လေ။ ကလေးအမေသည် ဒူးတောင်ထောက်နေပီဖြစ်ပီး ကျို့ထိုးသည်အထိငိုယိုနေပီး သူမကလေးကိုပါ ဆွဲပီးဒူးထောက်ခိုင်းထားသည်။ ကလေးလေးသည် အကျယ်ကြီးအော်ငိုလောက်သည်အထိကို အရိုက်ခံထားရသည်။

TIHCFCF Where stories live. Discover now