အခန်း (၂၉) – PE Class
~~~~~~~~~~~~~~~~~သူ့မိသားစုကလွဲလို့ သူ့ဖုန်းနံပါတ်ကိုသိသည့် အပြင်လူက ရှဲ့ဆွေ့ နှင့် မာရှောင်တင်းသာရှိသည်။ သူ့ကိုတောင်မှ မက်ဆေ့ခ်ျပို့လာနိုင်တယ်ဆိုတော့ ဒါက အိုးယိလျန်ဆီကနေပီး အချက်အလက်တွေရသွားတာပဲ ဖြစ်ရမည်။ ဒီစကားလုံးတွေထဲက လေသံက အရမ်းရွံဖို့ကောင်းတာပဲ။ ဝမ်စစ်ကလွဲပီး တစ်ခြား ဘယ်သူရှိနိုင်ဦးမှာလဲ? သူကျောင်းတစ်ရက်မလာတာက ရှဲ့ဆွေ့နှင့်သူ့အကြောင်းတွေကို စုံးစမ်းနေတာတဲ့လား?
စုန်ယွီ၏မျက်နှာထားက အေးစက်မြဲအေးစက်နေကာ သူ့ဖုန်းကို ပိတ်လိုက်ပီး အိတ်ကပ်ထဲထည့်လိုက်သည်။ အဲ့ေ-ာက်ရူးဝမ်စစ် မနက်ဖြန်ကျောင်းမလာရင် ပိုကောင်းမယ်။ မဟုတ်လို့ကတော့ သူ့အမေတောင်မှ မမှတ်မိတော့တဲ့အထိကို သူ ရိုက်ပစ်မယ်။ အဲ့ဒါပီးရင် မိဘတွေကိုခေါ်ခံရလဲခံရပါစေ ဘယ်လိုအမှိုက်တွေလဲ။
ကာယချိန်သည် အထက်တန်းကျောင်းသားတွေအားလုံး အမျှော်လင့်ဆုံးသောအတန်းချိန်ဖြစ်သည်။ ခေါင်းလောင်းသံမြည်လာသည်နှင့် လူအုပ်လိုက်တွေဖြင့် ထွက်လာကြပီး မာရှောင်တင်းကတော့ ရှေ့ဆုံးကနေ ပြေးထွက်သွားကာ ရှီပေါ်ဝမ်ကို ဆွဲခေါ်သွားပီး လှေကားတွေကို ပြေးဆင်းကာ ဘက်စကက်ဘောကွင်းကို အပိုင်ဦးရန် သွားလိုက်သည်။ အခန်းထဲမှာ လူတွေတစ်ယောက်မှမရှိတော့ရန် အချိန်သိပ်တောင်မကြာလိုက်ပေ။
တစ်ခန်းလုံးဘယ်သူမှမရှိတော့ပဲ စာသင်ခန်းထဲတွင် နှစ်ယောက်တည်းသာကျန်တော့သည်။ စုန်ယွီသည် သူ့ခေါင်းကိုလှည့်လိုက်တော့ အခုထိအိပ်နေဆဲဖြစ်သည့် ရှဲ့ဆွေ့ကို တွေ့လိုက်သည်။ သူသည် စားပွဲပေါ်ကို လက်ဖြင့် နှစ်ကြိမ်ခေါက်လိုက်ပီး တိုးတိုးလေးပြောလိုက်သည်။ "ဟေး နောက်တစ်ချိန်ရောက်နေပီ"
စုန်ယွီ ငုံ့ကိုင်းလိုက်သည့် တစ်ချိန်တည်းနီးနီးလောက်မှာပဲ ရှဲ့ဆွေ့၏မျက်လုံးတွေက ပွင့်လာသည်။ သူ့မျက်လုံးနက်နက်တွေက ပုံမှန်မကျအောင်ကို နိုးကြားနေတာက အိပ်ချင်မူးတူးဖြစ်နေသည့် အရိပ်ကလေးနည်းနည်းလေးတောင်မှ မရှိပေ။
![](https://img.wattpad.com/cover/242319502-288-k234590.jpg)
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...