အခန်း (၁၅.၂)

7.7K 1.4K 59
                                    

အခန်း (၁၅.၂)

~~~~~~~~~~~~~~~

ဘွားဘွားမုန့်၏ဥယျာဉ်ထဲတွင် စပါယ်ပင်လေးတွေအများကြီး စိုက်ထားသည်။ ဒီပန်းလေတွေက မေလကနေ သြဂုတ်လအထိပွင့်ပီး မိုးတပြိုက်ကျအပီး ပွင့်ဖက်ဖြူဖြူလေးတွေနှင့်အရွက်စိမ်းစိမ်းလေးတို့က ကြည့်ရသည်မှာ အရမ်းကိုလက်ဆက်ပီး တက်မက်ဖွယ်ကောင်းလှသည်။

စုန်ယွီသည် ဥယျာဉ်မှုးဆီကနေ ကတ်ကြေးတစ်လက်ကိုတောင်းယူလိုက်ပီး အပွင့်တော်တော်များကို ခူးယူဖို့ လုပ်လိုက်သည်။ ဒါပေမယ့် သူ့လုပ်ရပ်ကိုဘေးကနေကြည့်နေသည့် ဥယျာဉ်မှုးဦးလေးကြီးအတွက်ကတော့ နှလုံးတွေကွဲကြေသွားစေသလိုဖြစ်စေသည်လေ။ နောက်ဆုံးမှာတော့လဲ ကတ်ကြေးကို တိတ်တဆိတ်သာပြန်ပေးလိုက်တော့သည်။

သူသည် သူ့နေရာမှာသူသာ ပြန်သွားထိုင်နေလိုက်ပီး သူ့ရှေ့က မေးခွန်းစာရွက်တွေကိုသာ ခါးသီးစွာကြည့်လိုက်သည်။

တစ်ခြားသူတွေကတော့ နေ့ခင်းဖက် ဥယျာဉ်ထဲတွင် ရိုမန်တစ်ဆန်ဆန်နေ့လည်ခင်းလက်ဖက်ရည်သောက်နေကြပေမယ့် သူ့မှာတော့ သင်္ချာ၊ ဓာတု၊ ရူပ စသည့်မေးခွန်းတွေနှင့် တွေ့ဆုံပွဲလုပ်နေရသည်လေ။

တကယ့်တကယ်တော့ စုန်ယွီသည် စာကို အသေအလဲမကြိုးစားချင်ပေ။

ဒါကဘာကြောင့်လဲဆိုတော့ မနေ့ကကြောင့်ဖြစ်သည်။ သူကျောင်းပြောင်းလိုက်သည့်အကြောင်းကို နောက်ဆုံးတော့ သူ့ရဲ့စိတ်ကြီးသည့်ဖေဖေစုန်က သိသွားသည်လေ။ ဖေဖေစုန်သည် အရမ်းဒေါသတွေထွက်ပီး အေမြို့ကနေ သူ့ကို တိုက်ရိုက်ဖုန်းခေါ်လာပီး သူ့အားတစ်စစီလုပ်ပစ်ရန်အတွက် အပြင်းအထန်ကို ဆူဆဲတော့သည်။

ထိုအချိန်တုန်းက စုန်ယွီသည် အိပ်ယာပေါ်တွင်လှဲနေရင်း ဖုန်းကိုဆော့နေတာဖြစ်သည်။ ရုတ်တရပ် သူ့အမဆီကနေ မက်ဆေ့ခ်ျဝင်လာသည်။

[စုန်ဝမ်ယင်း : နင်တော့သွားပီ ဖေဖေသိသွားပီ]

[စုန်ဝမ်ယင်း : အစကတော့ ဖေဖေ့ကို မပြောပြခင် မေမေက နင်ကျောင်းစမဖွင့်ခင်အထိ နင့်အတွက် ဖုံးထားပေးချင်ပေမယ့် ဖေဖေက မထင်မှတ်ပဲ ခရီးကနေ စောစောပြန်ရောက်လာတယ်လေ]

TIHCFCF Where stories live. Discover now