အခန်း (၄၅)

4.6K 1.1K 78
                                    

အခန်း (၄၅) – အလုပ်များသောကျောင်းလူဆိုး
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စုန်ယွီသည် မနေ့ညတုန်းက ညနက်မှအိပ်ယာဝင်ဖြစ်ခဲ့သည်။ အခုတော့ သူနိုးလာသည့်အတွက် သူ့စိတ်အခြေအနေမကောင်းတော့ပေ။ ဒါကြောင့် သူ့မျက်လုံးတွေကဖွင့်လိုက်သည်နှင့် သူ့အကြည့်သည် အေးစက်ကာ စိတ်တိုနေသည့်အကြည့်ဖြစ်နေသည်။ သူ့အကြည့်တွေက ဓားတစ်ချောင်းကဲ့သို့ သူ့ကိုနိုးအောင်လုပ်လိုက်သူအား ကြည့်လိုက်သည်။

ဂန်းစတားလည်း ဒါကိုသတိထားမိသည်။ သူသည် ခေါင်းကိုစောင်းလိုက်ပြီး စုန်ယွီကိုကြည့်လိုက်ကာ သူ့မျက်လုံးတွေက အနည်းငယ်ကျဉ်းမြောင်းသွားသည်။

စုန်ယွီ၏သိမ်မွေ့ပြီးအားနည်းသောပုံစံနှင့် သပ်ရပ်စွာဝတ်ဆင်ထားသည့်ကျောင်းဝတ်စုံကိုကြည့်လိုက်ရင်း ဂန်းစတား၏ပါးစပ်က တစ်မျိုးဖြစ်သွားသည်။ သူ့ခြေထောက်ကိုချလိုက်ပြီး မတ်တပ်ရပ်လိုက်ကာ ကြားမကောင်းသည့်လေသံဖြင့် ပြောလိုက်သည်။ "ဟေး ကျောင်းသားသစ် ငါ့မင်းကိုပြောစရာနည်းနည်းရှိတယ်"

စုန်ယွီသည် သူ့မျက်ခုံးတွေကို လက်ဖြင့်ပွတ်နေပြီး သူ့မျက်နှာကလည်း အုံ့မှိုင်းနေသည်။

သူ့ရှေ့ကကျောင်းသားမှာ အခုတော့ ယုန်တစ်ကောင်လို မျက်လုံးတွေကနီရဲနေပြိး နှာတရှုံ့ရှုံ့ဖြင့်ငိုနေရင်း အောက်ကစာအုပ်တွေကို ကောက်နေသည်။

နောက်ဆုံးစာမေးပွဲခန်းထဲက ကျောင်းသားအများစုက ဗဟုသုတနည်းပြီး မသိနားမလည်သည့်ဆယ်ကျော်သက်တွေသာဖြစ်သည်။ သူတို့တွေက ပြဿနာရှာဖို့မတတ်နိုင်တာကြောင့် မမြင်ချင်သာယောင်ဆောင်ထားကြသည်။

ဂန်စတားသည် အမြဲလိုလိုအတန်းလစ်ပြီး အင်တာနက်ဆိုင်မှာ ဂိမ်းအမြဲသွားဆော့ကာ ဂိမ်းထဲမှာပဲ စိတ်ရောက်နေတာကြောင့် သူ့ပြတင်းပေါက်အပြင်ဖက်တွင် ဘာတွေဖြစ်နေလဲဆိုတာကို လျစ်လျူရှုထားသူဖြစ်သည်။ ကျောင်းလူဆိုးအသစ်က ကျင်းချန်နံပါတ်တစ်ကျောင်းကို ရောက်လာတာကိုလည်း မသိသလို စုန်ယွီကိုလည်းပဲ သူမသိပေ။ စုန်ယွီပုံစံက အနိုင်ကျင့်ရလွယ်ကူသည်လို့သာ သူတွေးလိုက်တာဖြစ်သည်။ သူသည် ငုံ့ကိုင်းလိုက်ပြီး စုန်ယွီ၏စားပွဲပေါ်တွင် လက်တစ်ဖက်ကိုထောက်ထားကာ လှောင်လိုက်သည်။ "စာမေးပွဲစတဲ့အခါကြရင်း မင်းအကိုကြီးတွေကို ဂရုစိုက်ပေးဦး မင်းဖြေပြီးသမျှမေးခွန်းအဖြေတွေတိုင်း ပေးလာခဲ့ ဒါမှမဟုတ် အဖြေလွှာကို လဲလိုက်လဲရတယ် ငါ့အတွက်တော့ မင်းပုံစံကဦးနှောက်မရှိတဲ့သူပုံစံမထွက်ပါဘူး ဒါကြောင့် ငါဘာကိုဆိုလိုလဲ မင်းနားလည်သင့်တယ် ဟုတ်တယ်မလား?"

TIHCFCF Where stories live. Discover now