အခန်း (၅၄)

4.4K 1K 101
                                    

အခန်း (၅၄) - တူညီသည့်လူမှုအဆင့်အတန်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~

စနေနေ့ညနေ၊ ၈နာရီ။

စုန်ယွီသည် တံခါးကိုဖွင့်လိုက်၏။

သူသည် အပြာရောင်နက်ခ်တိုင်နှင့်တွဲဖက်၍ ကြော့ရှင်းသောအနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ဝတ်စုံက သူ့ခန္တာကိုယ်နှင့်ကွက်တိကျနေပြီး သူ့ကိုယ်လုံးကို ပိုသွယ်လျသွားစေကာ သူ့တစ်ကိုယ်လုံးအား အရပ်ရှည်ရှည်နှင့်မြင့်မြတ်သည့်အသွင်ကို ထွက်ပေါ်စေသည်။ သူ့သွင်ပြင်က သိမ်မွေ့နူးညံ့ပြီး ကြည့်ကောင်းချောမောကာ သူ့မျက်နှာက ဘာခံစားချက်မှမပေါ်နေသည့်အခါ၌ ကလေးဘဝလေးကတည်းက ခမ်းနားချမ်းသာစွာနေထိုင်လာခဲ့ရသည့်သူတွေဆီမှာသာ မြင်တွေ့ရနိုင်သည့် မာနကြီးမှု အေးစက်မှုတွေ ပျော်ဝင်နေသည်။

သူသည် ရှေ့ခန်းကားမောင်းသူဘေးခုံတွင် ဝင်ထိုင်လိုက်သည်။

စုန်ယွီသည် မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။ "ချင်းမော့က ကျင်းမြို့ကို ဘယ်တုန်းကရောက်လာတာလဲ? သူက ကျင်းမြို့မှာဘာလုပ်မလို့လဲ?"

ဒါနှင့်ပတ်သတ်ပြီး မုန့်ကွမ်လည်း အရမ်းကြီးမသဲကွဲပေ။ "သူလွန်ခဲ့တဲ့ရက်ပိုင်းလောက်ကရောက်လာတာပဲ တကယ်တမ်းတော့ ငါလည်း ဒီအကြောင်းကို တော်တော်လေးသိချင်နေတာ အေမြို့မှာ ကောင်းကောင်းနေနေရတယ့် ဒီသခင်လေးက ဘာကြောင့်အဲ့မှာပဲဆက်မနေတာလဲ? သူက ဒီကိုဘာအတွက်လာတာလဲ? မင်းတို့တစ်ယောက်ကိုတစ်ယောက်သိလား? တကယ်လို့သိတယ်ဆိုရင် မင်းသူ့ကိုမေးကြည့်လိုက်ပေါ့"

စုန်ယွီ : "ထားလိုက်တော့ သူ့ကိုသိရမှာ စိတ်ရှုပ်ဖို့ကောင်းတယ်"

မုန့်ကွမ်သည် အကျယ်ကြီးအော်ရယ်လိုက်သည်။ "ဒါကိုတောင် မင်းတို့ကြားမှာဘာမှမရှိဘူးဆိုပြီး အတင်းငြင်းနေသေးတယ် မင်းလေသံက လုံးဝကိုခါးသက်ပြီးရန်လိုနေတာပဲ တကယ်တမ်းတော့ မင်းမသွားချင်ဘူးဆိုရင် ငါတို့လှည့်ပြန်လို့ရတယ်နော် အဲ့အစား ငါမင်းကိုနေရာကောင်းလေးကိုခေါ်သွားပေးမယ်"

စုန်ယွီသည် အရင်တစ်ခေါက်က လှည့်စားခံလိုက်ရပြီးပြီ။ သူသည် မုန့်ကွမ်အား သံသယအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။ "မင်းသီချင်းဆိုတာကို နားထောင်မယ့်အစား သူ့ကြောင့်ပဲ စိတ်အရှုပ်ခံလိုက်တော့မယ်"

TIHCFCF Where stories live. Discover now