အခန်း (၂၇.၁)

5.2K 1.3K 63
                                    

အခန်း (၂၇.၁) - ငါ့ထိုင်ခုံတွဲဖက်
~~~~~~~~~~~~~~~~~~~~~

"......"

တစ်ခန်းလုံးက တိတ်နေသည်။

စုန်ယွီ၏နှုတ်ခမ်းထောင့်က အောက်စိုက်သွားပီး 'ငါ့ယောက်ျားကိုကိုယွီ'ဆိုတာက ဘာလဲ၊ ဒါက အတိအကျကို 'မင်းယောက်ျားကိုကိုယွီ'လေ။ ဒီမမှန်မကန်အပြောတွေကြား မျောမသွားသင့်ဘူး ညီမလေးရေ။

သူဘယ်သူလဲဆိုတာကို မသိသွားစေချင်တာက ဘာကြောင့်လဲဆိုတော့ သူ့အတွက် ပြဿနာတွေဖြစ်လာမှာကို စိုးရိမ်ပေမယ့် တကယ့်လက်တွေ့မှာတော့ ဒါနဲ့ပတ်သတ်ပီး အရမ်းကြီးလည်း ခေါင်းထဲမထည့်ထားပေ။ သူသည် အကြည့်ကိုအောက်စိုက်လိုက်ပီး ထိုကောင်မလေးရဲ့အကြည့်နှင့်ဆုံလိုက်သည်။ သူ့အရောင်ဖျော့ဖျော့မျက်လုံးတွေက လုံးဝကို စိတ်ဝင်စားမှုကင်းမဲ့နေပီး သူ့လေသံကလည်း စိန်ခေါ်နေသည့်အသံလိုဖြစ်နေသည်။ "ဘယ်လိုထင်လဲ?"

ကောင်မလေးက သူ့အားအကြာကြီးစိုက်ကြည့်နေသည်။ သူမမျက်နှာက တဖြည်းဖြည်းနီရဲလာပီး သူမသည် ရှက်သွေးဖြန်းစွာဖြင့် ခေါင်းငုံ့သွားသည်။

ဘယ်လိုထင်လဲ? ဒီလိုမာနကြီးကြီးလေသံမျိုး -- ငါထင်တာတော့ နင်က သူပဲ ahhhh!

အိုးယိလျန်လဲပဲ အံ့သြသွားသည်။ ဘာယောက်ျားကိုကိုယွီလဲ? အခုခေတ်ကျောင်းသူတွေက စာကြတော့ကောင်းကောင်းမသင်ချင်ကြပဲ ခေတ်ရှေ့ပြေးနေကြတာလား? သူတို့ဦးနှောက်တွေထဲ ဘာတွေပြည့်နေတာလဲ?

သေချာပေါက်ပဲ။ ဒီတစ်ယောက် စုန်ယွီဆိုတာက တကယ့်ကိုကြွက်ပဲ -- သူ့မကောင်းကြောင်းတစ်ခုခု သူမနားထဲမရောက်လာစေနဲ့။ မဟုတ်လို့ကတော့ ကျောင်းထွက်သွားရအောင်ကို သူမသေချာပေါက်လုပ်မှာ။

စာသင်ခန်းက အရမ်းကိုထိန်းမရသည့်အခြေအနေမျိုးဖြစ်လာပီး တစ်ချို့သူတွေက သူတို့ကြားအချင်းချင်းတိုးတိုးတိုးတိုးနှင့် စကားတွေစပြောနေကြသည်။

အိုးယိလျန်က ဒေါသထွက်သွားသည်။ "တိတ်တိတ်နေ!" သူမသည် ခေါင်းမော့လိုက်ပီး စုန်ယွီအား အေးစက်စက်စိုက်ကြည့်လိုက်ကာ "စာသင်ချိန်က ကုန်တော့မယ် အချိန်ဖြုန်းမနေဲ့"

TIHCFCF Where stories live. Discover now