အခန်း (၅၅)

5K 1K 67
                                    

အခန်း (၅၅) – You'd Better Not
~~~~~~~~~~~~~~~~~~~~~~~~

လူငယ်လေးက တော်တော်အရပ်ရှည်သည်။ သူ့နဖူးပေါ်က ဆံပင်တွေကို အနောက်ကိုလှန်သိမ်းထားပြီး သူ့သည် ချောမောသိမ်မွေ့သည့်ပုံရှိပေမယ့် သူ့မျက်ခုံးတွေကတော့ နူးညံ့နွေးထွေးသည့်ပုံရိပ်ရှိသည်။ သူပြုံးလိုက်သည့်အချိန်တွင် သူက ဖော်ရွေပွင့်လင်းပုံရှိပြီး သူ့မျက်လုံးတွေက အပေါ်ကို ကွေးညွှတ်နေသည်။ သူသည် စုန်ယွီအား စိတ်ဝင်စားမှုအသင့်အတင့်ရှိနေသည့်မျက်လုံးတွေဖြင့် ကြည့်လိုက်သည်။

လသာဆောင်ကလူတွေက သူ့ကိုမြင်လိုက်သည့်အခါ မှင်သက်ထိတ်လန့်သွားကြသည်။ အခြေအနေက နည်းနည်းနေရခက်သွားတော့သည်။ ဝေ့ကျယ်မှာလည်း နေရခက်သည့်နေရာကို အပို့ခံလိုက်ရတာကြောင့် သူ့မှာ ရယ်ချလိုက်ရုံသာရှိတော့သည်။ "မင်းတို့တွေစကားများနေကြတာလား?"

ပိုင်ရွှယ့်ရှင်း၏မျက်နှာထားက ရုတ်ချည်းကိုပင် အရမ်းကိုမြင်ရဆိုးသွားတော့သည်။ သူမ အစောနကစကားတွေကိုပြောရဲနေတာက လသာဆောင်မှာရှိနေသည့်လူတိုင်းကို သူမရင်းနှီးတာကြောင့်ဖြစ်ပြီး သူမကိုယ်ပိုင်အချိန်မှာ ဘယ်လိုပြုမူလဲဆိုတာကို တစ်ခြားသူတွေမြင်သွားစေရန် မရည်ရွယ်ပေ။

စုန်ယွီစကားမပြောနိုင်ခင် သူမသည် လျင်မြန်စွာပဲ ခေါင်းစဉ်ပြောင်းရန် ကြံစည်လိုက်သည်။ သူမသည် သူမလက်ချောင်းတွေကို စားပွဲပေါ်ထောက်လိုက်ပြီး မတ်တပ်ရပ်ကာ တောက်ပစွာပြုံးလိုက်၍ "အကိုကြီးဝေ့ အချိန်ကိုက်ပဲ အရင်ဆုံးအောက်ထပ်ဆင်းသွားကြရအောင်လေ သခင်လေးချင်းလည် ရောက်တော့မှာမလား? ညီမတို့ သူ့ကိုစောင့်ခိုင်းလို့မသင်တော့်ဘူး"

ဒါပေမယ့် ဝေ့ကျယ်ကတော့ ဒီစကားတွေကို ကြားလိုက်သည့်အခါ သူ့မျက်ခုံးတွေကို ပင့်လိုက်ပြီး ဘေးဖက်ကို ကြည့်လိုက်သည်။ ငွေမျှင်ရောင်ဝတ်စုံနှင့်လူငယ်လေးက အသာပြုံးနေသည်။ သူ့ပုံသဏ္ဍာန်က ကြင်နာပြီး သူ့အသံကလည်း ကြည်လင်ပြတ်သားသည်။

"အလျင်မလိုပါဘူး ကျွန်တော်ကသာ လူတိုင်းကို စောင့်သင့်တာပါ"

သူ့သရုပ်က သိသာလှသည်။

လေထုက ရုတ်ချည်းကို တိတ်ဆိတ်မှုတွေကြီးစိုးသွားသည်။

TIHCFCF Where stories live. Discover now