အခန်း (၁၄.၁)

7.5K 1.6K 54
                                    

အခန်း (၁၄) – Lagrange's Mean Value Theorem

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရဲစခန်း၊ စစ်ဆေးမေးမြန်းသည့်အခန်း၌။

ရဲအမျိုးသားနှင့် စုန်ယွီတို့သည် တစ်ယောက်ကို တစ်ယောက်စိုက်ကြည့်နေကြသည်။ ရဲအမျိုးသားသည် ဘောပင်ကိုကိုင်ထားပီး အပြုံးမဟုတ်သည့်အပြုံးကို ပြုံးလိုက်ပီး "ဘာဖြစ်လို့ မင်းဖြစ်နေပြန်တာလဲ"

စုန်ယွီသည် ပြန်ဖြေဖို့ကို အချိန်အတော်ကြာယူလိုက်ပီးမှ "ဖြစ်နိုင်တာကတော့ ကျွန်တော်က မွေးကတည်းက အရမ်းကိုတာဝန်သိတတ်တဲ့စိတ်ပါလာလို့ တစ်ခုခုမတရားတာတွေ့တိုင်း ရဲကို ခေါ်ဖို့ပဲသတိရတယ်လေ"

ရဲအမျိုးသားသည် ရယ်ချင်သွားပီး "အဲ့ဒါကို ပြောတာမဟုတ်ဘူး မင်းကိုမေးနေတာက ဘာလို့ အမြဲတမ်းမင်းက အရိုက်ခံရတဲ့သူဖြစ်နေရတာလဲလို့"

စုန်ယွီ : ".........."

ဘေးမှာရှိနေသည့် ရှဲ့ဆွေ့သည် အော်ရယ်လိုက်တော့သည်။

လမ်းသရဲတွေအားလုံး ထင်ထားတာထက်ပိုပီး ဒဏ်ရာဆိုးဆိုးရွားရွားရသွားကြပေမယ့် ဆံနီတို့အုပ်စုသည် ရဲစခန်းတွင် နဂိုကတည်းက ပြစ်မှုမှတ်တမ်းရှိထားကြသူတွေဖြစ်သလို မရေတွက်နိုင်အောင်လဲ ပြစ်မှုကျူးလွန်ထားသည်လေ။ ရဲတွေဖက်ကနေပီး သူတို့နှစ်ယောက်၏တိုက်ခိုက်မှုကို မိမိဘာသာကာကွယ်ခြင်းအဖြစ်သာ သတ်မှတ်လိုက်ပီး ပြန်မလွှတ်ခင် ဒီတိုင်းရိုးရိုးသာမန် မှတ်တမ်းယူနေခြင်းဖြစ်သည်။ နဂိုကတော့ ရဲစခန်းဖက်ကနေပီး မိဘတွေဆီ အကြောင်းကြားဖို့လုပ်လိုက်ပေမယ့် ရှဲ့ဆွေ့မိသားစုအခြေအနေကို စုန်ယွီကနေပီး အရင်ဆုံးပြောပြလာသည်။သူ့စကားတွေက ကျိုးကြောင်းညီညွတ်ပီး စိတ်ထဲလဲခံစားသွားစေနိုင်တာကြောင့် ထိုလုပ်ငန်းအဆင့်ကို ကျော်သွားနိုင်အောင် ကောင်းကောင်းကြီးဖျောင်းဖျနိုင်ခဲ့သည်။

အရင်တစ်ခေါက်က ရဲစခန်းပဲဖြစ်ပီး ရဲစခန်းကအပြန်မှာတော့ အရင်တစ်ခေါက်အတိုင်း ဆေးခန်းလေးဆီသွားရပြန်သည်။

အလင်းရောင်ပြည့်ပြည့်ဝဝထိန်လင်းနေသည့် ဆေးခန်းထဲတွင် လူအနည်းငယ်သာရှိသည်။

TIHCFCF Tempat cerita menjadi hidup. Temukan sekarang