အခန်း (၄၄.၂)

4.4K 1K 46
                                    

အခန်း (၄၄.၂) 
~~~~~~~~~

ထိုညက စုန်ယွီ ကောင်းကောင်းအိပ်ပျော်သွားသည်။ ဘာကြောင့်မှန်းတော့မသိပေမယ့် မိုးရွာသည့်အခါတိုင်း သူ့တစ်ကိုယ်လုံးက တောင့်တင်းနွမ်းလျမှုတွေ ဖြစ်ပေါ်လေ့ရှိသည်။ အရာတိုင်းက သူ့အား အားနည်းကာမူးနောက်နောက်ဖြစ်စေသည်။ ဒီအိပ်ပျော်ခြင်းက ကောင်းကင်ကြီးထိန်ထိန်လင်းသည်အထိ ကြာခဲ့ပါသည်။ ကံကောင်းစွာပဲ ဒါက စနေနေ့ဖြစ်နေလို့ပင်။ မဟုတ်ရင် သူအတန်းချိန်နောက်ကျလိမ့်မည်။

အိပ်ယာက အရမ်းကိုနူးညံ့ပြီး ထူးခြားသည့်သင်းရနံ့လေးတစ်ခုပျံ့နေပေမယ့် ဒါကရင်းနှီးနေကျစပယ်နံ့မဟုတ်ခဲ့ပေ။ ဘွားဘွားမုန့်သည် အိမ်လုပ် စပယ်ရေမွှေးအိတ်လေးတွေကို သူကျောင်းမလာခင်ထည့်ပေးလိုက်သည်။ သူသည် အိပ်ယာနားမှာချိတ်ဆွဲထားတာကြောင့် အချိန်ကြာလာသည်နှင့်အမျှ ဒီအနံ့ကို သူအသားကျနေပြီဖြစ်သည်။

... သူက သူ့ကိုယ်ပိုင်အိပ်ခန်းထဲမှာမဟုတ်ဘူးပေါ့?

စုန်ယွီသည် အိပ်ယာကထလိုက်ပြီး သူ့မျက်လုံးတွေကို ပွတ်သပ်လိုက်ကာ အပြည့်အဝနိုးကြားလာခြင်းမရှိသေးပေ။

တံခါးလက်ကိုင်ကလှည့်လာပြီး တစ်စုံတစ်ယောက်က တံခါးကိုတွန်းဖွင့်ကာ အတွင်းကိုဝင်လာသည်။

ရှဲ့ဆွေ့ကလန်းဆန်းနေပြီး အဖြူရောင်ရှပ်နှင့် အနက်ရောင်ဘောင်းဘီရှည်ကို ဝတ်ဆင်ထားသည်။ သူ့လေသံကလည်း အရမ်းကိုသဘာဝကျနေသည်။ "မင်းနိုးလာပြီဆိုရင်လည်း မနက်စာလာစားတော့"

စုန်ယွီသည် ရှဲ့ဆွေ့အား တွေဝေမှိန်းမောစွာဖြင့် ကြည့်နေမိသည်။ သူ့အရောင်ဖျော့ဖျော့မျက်ဆံတွေထဲ၌ ရှုပ်ထွေးမှုတွေဖြစ်ပေါ်နေပြီး သူ့မျက်လုံးထောင့်တွေကလည်း အနည်းငယ်နီရဲနေသည်။ ကြည့်ရတာ သူ့ပုံက အခုမှနိုးလာသည့်အတိုင်းပင်။ နောက်ပြီး ဘာတွေဖြစ်နေလဲဆိုတာကို အခုထိနားမလည်သေးပုံပဲ။

ရှဲ့ဆွေ့သည် စက္ကန့်အနည်းငယ်လောက်တုံ့သွားပြီး စုန်ယွီအားကြည့်လိုက်သည်။ သူသည် ရယ်လိုက်ပြီး "မင်းက ငါ့အိပ်ယာပေါ်မှာ အိပ်ရတာ အရမ်းစွဲလန်းသွားလို့ ဆင်းတောင်မဆင်းလာချင်တော့ဘူးလား?"

TIHCFCF Where stories live. Discover now