အခန်း (၄.၃)

7.7K 1.5K 28
                                    

ဆံဝါသည် မျက်လုံးလှန်ကြည့်လိုက်သည့်အခါ ရှပ်အဖြူနှင့် ဂျင်းကိုဝတ်ထားသည့် လူငယ်လေးတစ်ယောက်ကို မြင်လိုက်တာကြောင့် သူ့မျက်လုံးများက ချက်ချင်းကို အရောင်လက်သွားသည်။

သူက အမြဲတမ်းကောင်လေးတွေကိုပဲ သဘောကျသူဖြစ်ပီး သူသည် ကျင်းမြို့တွင် ဝမ်ပေ့တန်နောက်ကို လိုက်ပီးကတည်းက လိုချင်တာယူပီး အနိုင်ကျင့်ရသည်ကို အကျင့်ပါနေပီလေ။ စုန်ယွီ၏ဖြူဖျော့ဖျော့နှင့် သနားကမားပုံမျက်နှာလေးကြောင့် သူ့ရဲ့အသွေးအသားဆန္ဒတွေက ခန္တာကိုယ်အောက်ပိုင်းမှာ ချက်ချင်းကိုထကြွလာတော့သည်။ သူ့မျက်လုံးကို မှေးကျဉ်းလိုက်ပီး ခပ်ညစ်ညစ်ရယ်လိုက်ပီး "မင်းပြောတာက ရှဲ့ဆွေ့ဆိုတဲ့တစ်ယောက်လား? သူက မင်းသူငယ်ချင်းလား? မင်းက သူ့သူငယ်ချင်းဆိုတော့ ကောင်းတာပေါ့ ဘာလို့အထဲဝင်ပီး အတူတူမကစားကြတာလဲ?"

မန်နေဂျာကနေပီး ဆံဝါကို အသိပေးလိုက်ချင်သည်။ "မဟုတ်ဘူး ဒီတစ်ယောက်က ..."

သူမထင်ထားလိုက်သည်က စုန်ယွီသည် သူ့ကိုဘေးသို့တွန်းလိုက်ပီး နှာခေါင်းရှုံ့လိုက်ကာ "ကောင်းပီလေ"

ဆံဝါသည် လိုလိုလားလားပင် တံခါးကို ဖွင့်ပေးလိုက်သည်။

စုန်ယွီသည်လည်းပဲ အထဲကို တန်းဝင်သွားလိုက်သည်။

သီးသန့်ခန်းအထဲတွင်တော့ သီချင်းကိုဖွင့်ထားသည်။ အရမ်းကို ကျယ်ပီး ဆူညံ့နေကာ အလင်းထိုးထားသည်ကလည်း မျက်စိတွေကို မူးနောက်သွားစေသည်။ အခန်းတစ်ခုလုံးက ဆေးလိပ်ငွေ့တွေနှင့် အရက်နံ့တွေ အပြည့်ဖြစ်နေပီး ဆိုဖာပေါ်တွင်တော့ ယောက်ျားတစ်ချို့ထိုင်နေသည်။

သူတို့သည် အခန်းအလယ်ကို လှောင်ရယ်နေသည့်အကြည့်များဖြင့် ကြည့်နေပီး သူတို့လက်တွေကတော့ ဘေးမှာထိုင်နေသည့် ကောင်မလေးတွေ၏ခါးပေါ်ရောက်နေသည်လေ။ သူတို့ပါးစပ်က ထွက်သမျှစကားတွေကလည်း စိတ်ပျက်စရာပင်။

"သောက်လေ!"

"သခင်လေးဝမ်ရဲ့ စကားက ယုံရပါတယ်!"

"မင်းသောက်ပီးသွားရင် ဟိုမိန်းမကို သွားခွင့်ပေးလိုက်မယ်!"

TIHCFCF Where stories live. Discover now