အခန်း (၄.၁)

7.8K 1.4K 8
                                    

အခန်း (၄) – ရှဲ့ဆွေ့
~~~~~~~~~~~~~~

English translator: xiin
• • • • • •

လင်းရွေ့က ကော်ရစ်ဒါတွေက အမြဲလို မှောင်နေပီး အေးမြမြအပြာရောင်လိုမျိုးအလင်းကို ခပ်မှိန်မှိန်လေးထွန်းထားသည်။ သီးသန့်ခန်းတွေ၏တံခါတိုင်းက သေသေချာချာလေးစေ့နေအောင်ပိတ်ထားပီး အပြင်လောကကြီးနှင့် ကမ္ဘာခြားနေသလိုပင်။

အနီရောင်ကောဇောထူကြီးကြောင့် လမ်းလျှောက်သည့်ခါ ဖိနပ်သံလေးတောင်မကြားရပေ။ စုန်ယွီသည် အလင်းရောင်လေးနောက်လိုက်ပီး ဒီအလွှာ၏အတွင်းဆုံးအပိုင်းထိသို့ လျှောက်ဝင်သွားလိုက်သည်။

စုန်ယွီသည် သန့်စင်ခန်းထဲဝင်ပီးနောက် လက်ကိုဆေးနေလိုက်ပီး ဒီကနေပြန်လစ်မထွက်ခင် သူ့အကိုဝမ်းကွဲဆီ messageပို့လိုက်ဦးမည်ဟု တွေးနေလိုက်သည်။ ဘယ်လိုပဖြစ်ဖြစ် သူတို့ရဲ့သီချင်းဆိုနေသည့်အသံကို သူထပ်မကြားချင်တော့ဘူးလေ။

ထိုအချိန်မှာပဲ လင်းရွှေ့ယူနီဖောင်းဝတ်ထားသည့် ဝန်ထမ်းနှစ်ယောက်သည် အကန့်ခန်းလေးတွေထဲကနေထွက်လာပီး သူ့ဘေးနားတွင် နှစ်ယောက်သားစကားတွေ ပြောနေကြသည်။

ရေကျနေသည့်အသံကိုတောင်ကျော်လွန်ပီး သူတို့၏အသံက စုန်ယွီနားထဲကို ရှင်းရှင်းလင်းလင်းကြီး ကြားလိုက်ရသည်။

"အခုခေတ်ကလေးတွေအားလုံးက အဲ့​လောက်ပဲ ​ခေါင်းမာကြသလား?"

"ဟုတ်ပ ဦး​နှောက်မရှိတာလား ရိုးအလွန်းတာလား ငါလဲမသိတော့ဘူး"

"ဟီးရိုးဝင်လုပ်ပြတာနေမှာပေါ့ တစ်ချက်ကြည့်ရုံနဲ့ အဲ့မိန်းမက ဟိုလိုလုပ်တဲ့သူမှန်း အသိသာကြီး သူမ မျက်ရည်နှစ်ပေါက်လောက်ကျပြလိုက်တာနဲ့ ကြာပန်းဖြူဖြစ်သွားမှာမို့လို့လား? ငါထင်တာတော့ သူမက ဒုတိယသခင်လေးဝမ်လိုမျိုး ရက်စက်တတ်တဲ့သူနဲ့ကြုံမယ်မထင်ထားတော့ အခွင့်ရတဲ့ချိန်ထွက်ပြေးချင်တာနေမယ် အဲ့ချိန် လူသစ်ကောက်လေးကို လွတ်လိုက်ပီး သူမကို ကူညီခိုင်းတာဖြစ်မှာပေါ့"

"ဒုတိယသခင်လေးဝမ်က မိန်းမ​တွေနဲ့ကစားတဲ့ချိန် ဘယ်တုန်းကမှ နူးညံ့ကြင်နာတာမျိုးမရှိဘူး သူမ ဒုက္ခမခံချင်တာကြောင့် တစ်ခြားသူကို မီးပုံထဲတွန်းချလိုက်တယ်လေ တကယ့်ကို ကြောက်စရာကောင်းတဲ့မိန်းမပဲ"

TIHCFCF Where stories live. Discover now