အခန်း (၃၇.၂)

5.1K 1.2K 76
                                    

အခန်း (၃၇.၂) – မိသားစုကိုခေါ်ခြင်း ~~~~~~~~~~~~~~~~~~~~~~~

ဝမ်ယွမ်၏နှုတ်ခမ်းကတစ်ချက်ကော့သွားသည်။

"အိပ်ယာပေါ်တက်နိုင်ဖို့ဆေးသုံးပီးတော့မှ အငယ်အနှောင်းဖြစ်လာတယ် နောက်တော့ တရားဝင်ဇနီးကို မောင်းထုတ်ပီးမှ နေရာရလာပီး ဝမ်မိသားစုထဲမှာနေရာရလာဖို့ ကိုယ့်ထက်အသက်၂၀ကြီးတဲ့ယောက်ျားနဲ့ လက်ထပ်လိုက်တယ် နင့်ကိုနင်တစ်ခုခုများ တကယ်ထင်နေတာလား?"

ဝမ်ယွမ်ပိုပီးပြောလေ သူမအကြည့်တွေက ပိုပီးအေးစက်လာလေပင်။

"အမြင့်ကိုတက်လာတဲ့နင်က ငါတို့အတွက် ဟာသဖြစ်နေရုံကလွဲရင် ဘာမှမဟုတ်ဘူး - ငါ့တူကို မျိုးမစစ်ဆိုပီး ဆဲနေတဲ့နင့်မှာဘာအခွင့်ရှိလို့လဲ"

ရုံးခန်းတစ်ခုလုံး အသံတိတ်နေသည်။

စုန်ယွီသည် ဘေးမှာသာရပ်နေပီး ကျင်းမြို့က အထက်တန်းမိသားစုတွေကြားက လူမှုရေးလျို့ဝှက်ချက်တွေကို မမြင်ချင်ယောင်ဆောင်ထားလိုက်သည်။ သူ့ဦးလေးက ကြင်နာနူးညံ့သည့်သူတစ်ယောက်ဆိုတာ သူအစောကြီးကတည်းက သိထားပေမယ့် သူ့ဝမ်းကွဲအကိုရဲ့ဒေါသထွက်လွယ်တဲ့စိတ်ကြီးတဲ့ကာရိုက်တာက သူ့အဒေါ်ဆီက မျိုးရိုးလိုက်တာဖြစ်ပီး သူ့အဒေါ်က ဒီလိုရက်စက်တတ်လိမ့်မယ်လို့ သူမထင်ထားဘူး။

အိုးယိလျန်လည်း ထိတ်လန့်တုန်လှုပ်နေသည်။ သူမသည် သူမရှေ့က မာန်ပါသည့်အမျိုးသမီးကိုကြည့်လိုက်ပီး ခံစားချက်တွေအားလုံးက ထွက်လာသည် : သိမ်ငယ်ခြင်း၊ ကြောက်ရွံ့ခြင်း နှင့် ထိတ်လန့်ခြင်း။

"ရှင်က ရှင်က စုန်ယွီရဲ့အဒေါ်လား?"

ဝမ်ယွမ်၏အကြည့်တွေက အေးစက်စွာဖြင့် ဝေ့သွားသည်။ သူမသည် အိုးယိလျန်အား အပေါ်အောက်ကြည့်လိုက်ပီး အကြည့်တစ်ချက်တည်းဖြင့် သူမကိုဖောက်ထွင်းမြင်နိုင်သည်။ သူမသည် လှောင်ရယ်သလို ပြုံးလိုက်ပီး "ဟုတ်ပါတယ် ကျွန်မက ကျွန်မတူကို လာကြိုတာပါ ကျွန်မကြားတာကတော့ သူက ရုံးခန်းကို အခေါ်ခံရတယ်ဆို ဘာဖြစ်ခဲ့တာလဲ? ကျွန်မကိုပြောပါ"

အိုးယိလျန်၏မျက်နှာက သရဲတစ်ကောင်လို ဖွေးဆွတ်နေသည်။ သူမနှုတ်ခမ်းတွေက တုန်ယင်နေပီး စကားတောင်မပြောနိုင်ပေ။ ဝမ်စစ်အမေ၏တုံ့ပြန်ပုံအရ ဒီအမျိုးသမီး၏သရုပ်မှန်မှာ ရိုးရှင်းပုံမရလောက်ပေ။ ဒီလိုအဆင့်အတန်းမျိုးက သူမရန်ပြုလို့ရနိုင်တဲ့ဟာမဟုတ်ဘူး။

TIHCFCF Where stories live. Discover now