အခန်း (၃၆.၁)

5.7K 1.2K 89
                                    

အခန်း (၃၆.၁) – A Slap In The Face
~~~~~~~~~~~~~~~~~~~~~~~~~~~

ရှဲ့ဆွေ့သည် သူစကားပြောသည့်အခါ၌ စုန်ယွီ၏နား,နားကို ကပ်ပီးပြောသည်။ သူ့အသံက နှာသံမသိမသာလေးပါပီး သူ့အသက်ရှုသည့်လေက နည်းနည်းပူသည်။ ဒါက စုန်ယွီ၏ ထိုနေရာတစ်ဝိုက်ကအရေပြားကို ရှင်းမပြတတ်သောခံစားချက် ဖြစ်စေသည်။ သူသည် ဘေးဖက်သို့ မသက်သာစွာဖြင့် ယိုင်လိုက်ပေမယ့် သူ့အကြည့်တွေကတော့ ရှဲ့ဆွေ့၏မျက်နှာပေါ်ကို စိုးရိမ်စွာဖြင့် ကျရောက်နေတုန်းပင်။ သူသည် အနိမ့်သံဖြင့် မေးလိုက်သည်။ "တကယ်လို့မင်းအရမ်းနာနေရင် ငါ့အပေါ်ကိုမှီထားလိုက် ငါမင်းကို ဆေးခန်းထိရောက်အောင်ခေါ်သွားပေးမယ်"

ရှဲ့ဆွေ့သည် စုန်ယွီ၏မျက်နှာပေါ်သာ စိုက်ကြည့်နေသည်။ သူ့လည်ချောင်းက နည်းနည်းပူလာပြီး ခပ်တိုးတိုးရယ်လိုက်ကာ အက်ရှစွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီ"

စုန်ယွီကို လွယ်လွယ်လေးနဲ့လှည့်စားလို့ရတာပဲ။ သူ့ဘေးကိုလာရဲတဲ့ သတ္တိကို သူဘယ်နားကများရလာတာပါလိမ့်?

သောကြာနေ့ညမှာ ဆေးခန်းက အတော်လေးတိတ်ဆိတ်နေသည်။

ရှဲ့ဆွေ့က တကယ်တော့ဘာမှမထိခိုက်ပေ။ ဆရာဝန်ကနေပီး သူ့အား အကြာကြီးစစ်ဆေးကြည့်ပေးပေမယ့် သူ့လက်မောင်းပေါ်က ခြစ်ရှရာအနည်းငယ်လေးကိုသာ ရှာတွေ့နိုင်သည်။ သူသည် ဆေးထည့်ပေးနေရင်း သူ့ဘာသူရေရွတ်လိုက်သည်။ "မင်းလက်မောင်းကို ဘယ်လိုတိုက်မိသွားတာလဲ? မင်းရန်ဖြစ်လို့ရတာမဟုတ်ရင် ပိုကောင်းမယ်နော် မင်းဒီအသက်အရွယ်မှာ မကောင်းတာတွေသင်မယ့်အစား ဘာလို့ကောင်းတာတွေကို မသင်တာလဲ?"

စုန်ယွီသည် ဘေးမှာထိုင်နေပြီး ဘယ်ကြည့်လိုက်ညာကြည့်လိုက်နှင့် အရင်ဦးအောင် အကြံပြုလိုက်သည်။ "ဆရာ သူ့ကိုထပ်စစ်ကြည့်ပေးပါဦးလား? ကျွန်တော်ထင်တာကတော့ ဒဏ်ရာအသေးလေးတွေထက် ပိုပြင်းထန်တာသေချာပေါက်ရှိလိမ့်မယ်" ရှဲ့ဆွေ့က အရာတိုင်းကို ကောင်းကောင်းထိန်းချုပ်နိုင်သူဖြစ်သည်။ သူ့မှာအရမ်းနာကြင်နေလွန်းလို့ သူ့အပေါ်တောင်မှီထားရတာလေ။ သူ့ဒဏ်ရာတွေက ဘယ်လိုလုပ်ပီး ဒီလိုအသေးအဖွဲ့လေးပဲဖြစ်ရမှာလဲ?

TIHCFCF Where stories live. Discover now