အခန်း (၃၂)

5.1K 1.1K 52
                                    

အခန်း (၃၂) – ဘယ်လိုဆုမျိုးကို ငါရမှာလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီအတင်းတွေကြားကနေပီး သက်ရောက်မှုရသွားသည့်သူတွေ တစ်ချို့ကတော့ အမြဲရှိနေတာပင်။ ဒီ 'လူကောင်းတွေ'က စကားတွေကို မြန်မြန်ပဲ ပျံ့နှံ့သွားစေပီး တစ်ချို့တွေကတော့ နောက်ခေါင်းစဉ်အသစ်နဲ့ ပို့စ်တွေ တင်ကြကာ စိတ်လှုပ်ရှားစရာကောင်းတာတွေကို စောင့်ကြည့်နေကြသည်။

[လာကြ လာကြ ဒီသမိုင်းတွင်မယ့်မြင်ကွင်းမျိုးကို နာမည်တပ်သင့်တယ်]

ပို့စ်ပိုင်ရှင် : ကောင်းဖုန်းက နာမည်ကြီးနေတာအတော်ကြာနေပီ ဒီဖေက သူနဲ့တစ်ခန်းထဲကပဲ သူ့လုပ်ရပ်တွေအားလုံးကိုလည်း သိထားတယ် သူက အတန်းခေါင်းဆောင်ကိုလည်း ဆန့်ကျင်တယ် ဆရာကိုလည်း ဒေါသထွက်အောင်လုပ်လို့ ဆရာကအတန်းထဲက ဒေါသတကြီးထွက်သွားရတယ် နေ့တိုင်းရန်ပွဲတွေဖြစ်ဖို့ အတန်းလစ်တယ် လုံးဝကိုအရက်စက်ဆုံးစရိုက်ပဲ ချန်ကျီကျယ်က သူ့ကို အနည်းနဲ့အများ အနိုင်ယူနိုင်တာကတော့ ကျောင်းပီးသွားကတည်းက လူမိုက်ဖြစ်သွားတဲ့သူ့အစ်ကိုကြောင့်ပဲ အခုတော့ ဒီဖေကို တကယ်ကြီးအံ့အားသင့်စေတာက စုန်ယွီကနေပီး ရုတ်တရပ် သူနဲ့ရန်ပွဲစမယ်ဆိုတာပဲ
တကယ်လို့သာ နာမည်တစ်ခုတပ်ရမယ်ဆိုရင်တော့ အဲ့ဒါက –– "အောက်ခြေလူတန်းစားကနေ ပုန်ကန်လာခြင်း၊ ကျောင်းလူမိုက်တွေကို ငါတစ်ယောက်တည်း ရင်ဆိုင်ခဲ့တဲ့ ထိုနှစ်များ" ဟဲဟဲ

1L: 666 အဲ့လိုဖြစ်နေတာပဲ

2L: 'စုန်အငြင်းပွားစရာများ'ဆိုပီးခေါ်တဲ့အချိန် သမိုင်းတွင်မယ့်မြင်ကွင်းမျိုး ရှိလာမယ်လို့ ဘာကြောင့် ငါခံစားနေရတာလဲ?

3L: နံပါတ်တစ်အထက်တန်းကျောင်းက ခမ်းနားကြီးကျယ်တဲ့ပြိုင်ပွဲ : နဂါးနှစ်ကောင်က ပုလ္လင်အတွက် တိုက်ခိုက်ခြင်း

4L: ရှုရှန်းက အဆုံးအဖြတ်ပေးမယ့်တိုက်ပွဲ!!!

5L: ရှုရှန်းအဆောင်ကကြီးမြတ်သည့်တိုက်ပွဲ

ဒီခေါင်းစဉ်အောက်တွင် လာရောက်ဆွေးနွေးသည့် သူတော်တော်များများက စိတ်ကူးယဉ်သိုင်းဝတ္ထုတွေ အဖတ်များသည့် ကောင်လေးတွေဖြစ်သည်။ သူတို့တွေစိတ်ထဲရှိရာကို ပြောနေကြပီး ပျော်ရွှင်နေကြသည်။

TIHCFCF Where stories live. Discover now