အခန်း (၃) - လင်းရွှေ့
~~~~~~~~~~~~~~English Translator : Xiin
ကျင်းမြို့က မုန့်မိသားစုသည် သူတို့ဒေသတွင်တော့ ထိပ်တန်းဝင်မိသားစုကြီးတစ်ခုဖြစ်သည်။ လက်ရှိမျိုးဆက်ကတော့ နိုင်ငံရေးနှင့်စီးပွားရေးပိုင်းတွေမှာ စပီးပါဝင်ကြလာပီဆိုပေမယ့် သူတို့၏ပညာတတ်မျိုးရိုးဂုဏ်ကတော့ အရိုးထဲစွဲနေသည်အထိ ရှိနေတုန်းပင်။
စုန်ယွီ၏အဘွားသည် သူမအပျိုအရွယ်တုန်းကဆိုလျှင် စံနှုန်းပြည့်မှီသည့် ကျန်းနန်အလှလေးဖြစ်ခဲ့သည်။ အခုချိန်၌ သူမသည် အသက်တွေကြီးလာပီး အိုမင်းလာသည့်တိုင် သူမ၏ကျက်သရေရှိပီး နူးညံ့ကြင်နာတတ်သည့်ပုံစံလေးက လုံးဝမပျောက်ကွယ်သွားပေ။ သူမ၏အဖြူရောင်ဖက်သန်းလာသည့်ဆံပင်များက သပ်ရပ်စွာဖီးသင်ထားပီး သူမသည် လက်ရှိမှာတော့ ခြင်္သေ့ရုပ်ထွင်းထုထားသည့် ဂိတ်ပေါက်ဝတွင် ခြေဖြားထောက်လျှက် လမ်းထောင့်ချိုးအဆုံးကို စိတ်အားထက်သန်စွာကြည့်နေပီး တစ်ခုခုကို စောင့်မျှော်နေသည်လေ။
စုန်ယွီသည် ကားပေါ်ကဆင်းလာလိုက်သည်။
နွေးထွေးသည့်အလင်းရောင်တို့က လူငယ်လေး၏မျက်နှာပေါ်သို့ ဖြာကျနေသည်။
ဘွားဘွားမုန့်၏မျက်လုံးများမှာ သူမမြေးလေးကိုမြင်လိုက်ရသည့်အတွက် နီရဲလာပီး သူမသည် မျက်လုံးထောင့်လေးကို အသာသုတ်လိုက်ကာ "ယွီယွီတောင် အရွယ်ရောက်လာပီ ဘွားဘွားမှာ မြေးလေးကို မြင်မြင်ချင်းမှတ်တောင်မမှတ်မိဘူး"
စုန်ယွီသည် အသာပြုံးလိုက်ပီး သူ့အဘွားဖြစ်သူကို တွဲကူပေးရင် လမ်းလျှောက်လိုက်ကာ "ဘွားဘွားအကြာကြီးစောင့်နေလိုက်ရမှာပေါ့ အပြင်မှာလေအေးတွေတိုက်နေတာ အထဲအရင်ဝင်ရအောင်လေ"
ဘွားဘွားမုန့်မျက်လုံးများက နီမြဲနီနေပေမယ့် သူမသည် ပြုံးသွားသည်။ သူမသည် စုန်ယွီ၏လက်ဖမိုးကို ပုတ်လိုက်ပီး ကြင်နာစွာပြောလိုက်သည်။ "အကြာကြီးမစောင့်လိုက်ရပါဘူး ပီးတော့ မြေးလေးရောက်လာပီးဆိုတော့ အဆင်ပြေသွားပါပီ"
စုန်ယွီတစ်ယောက် အထဲကို ဝင်သွားရင်း လူတွေအများကြီးကို မြင်လိုက်သည်။ သူတို့တွေအားလုံးသည် မုန့်မိသားစုကလူများဖြစ်ကြပီး များသောအားဖြင့်ကတော့ မျိုးဆက်ငယ်လေးတွေဖြစ်ကြသည်။ သူ့ရဲ့ဝမ်းကွဲအကြီးကော အငယ်တွေကော အကုန်လုံး ဒီမှာရောက်နေကြသည်။
![](https://img.wattpad.com/cover/242319502-288-k234590.jpg)
VOCÊ ESTÁ LENDO
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...