အခန်း (၄၈)

4.8K 1.1K 49
                                    

အခန်း (၄၈) – ဘောင်ကျော်လွန်မှု
~~~~~~~~~~~~~~~~~~~~~~

စုန်ယွီသည် စက္ကန့်အနည်းငယ်လောင်တွေဝေငေးမောသွားပြီးမှ သူ့ခေါင်းကို လျင်မြန်စွာခါလိုက်ပြီး "မလိုပါဘူး ငါ့ဘာသာငါပံ့ပိုးပေးနိုင်ပါတယ်"

မကျေနပ်သလိုဖြင့် သူ့နှာခေါင်းကို ထိလိုက်ပြီးနောက် သူ့ခေါင်းကိုမော့လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ ရှုပ်ထွေးမှုအနည်းငယ်ရှိနေပြီး "ဘယ်လိုလုပ်ပြီး ငါတို့က ဒီအကြောင်းဖက်ရောက်သွားတာလဲ? တစ်ခြားအကြောင်းပြောရအောင်"

ရှဲ့ဆွေ့သည် ပြုံးလိုက်ပြီး "အိုကေ"

စုန်ယွီ : "သောကြာနေ့ကြရင် လင်းချင်းလမ်းကို မင်းလည်းပဲသွားရမယ်နော် မင်းသာမသွားရင် ငါတကယ်ကိုပျင်းနေမှာ"

ထိုအချိန်၌ သူတို့တွေတိုက်ခန်းအဝကိုရောက်သွားကြပြီး ကော်ရစ်ဒါဝင်ပေါက်ရောက်သွားပြီဖြစ်တာကြောင့် ကိုယ့်အခန်းကိုပြန်သွားကြသည်။ ရှဲ့ဆွေ့သည် စုန်ယွီအပေါ်တက်သွားတာကိုကြည့်နေရင်း ပြောလိုက်သည်။ "ကောင်းပြီ ငါလည်းသွားမယ်"

လပတ်စာမေးပွဲပြီးသည်အထိတောင့်ခံထားပြီးတဲ့နောက်မှာတော့ စုန်ယွီသည် ညနေတိုင်းလုပ်နေကြ မေးခွန်းစာရွက်တွေဖြေတာအား မလုပ်ချင်တော့ပေ။ သူသည် သက်တောင့်သက်သာနေလိုက်ပြီး သူ့အတွက်သူအားလပ်ရက်ပေးလိုက်သည်။ သူသည် ရေချိုးပြီးတဲ့နောက် ရေခဲသေတ္တာထဲကနေ ဒိန်ချဉ်တစ်ဗူးထုတ်ကာ သောက်လိုက်ပြီိး ဘူးအခွံကိုပစ်ထုတ်ကာ အိပ်ယာသွားလဲလိုက်သည်။

သူသည် သွားတွေပေါ်အောင်ရယ်နေသော အဝါရောင်အီမိုဂျီပုံနှင့် သူ့အစ်မဆီကို မက်ဆေ့ခ်ျပို့လိုက်သည်။

[ စုန်ယွီ : [သွားတွေပေါ်အောင်ရယ်ပြနေ] ]

စုန်ဝမ်ယင်းသည် စက္ကန့်အနည်းငယ်ကြာပြီးနောက် ဖြန်ပြောလာသည်။
[ စုန်ဝမ်ယင်း : ဘာလဲ? ]

[ စုန်ယွီ : ကျွန်တော့်အဆင့်နဲ့အမှတ်ထွက်လာပြီ ]

[ စုန်ဝမ်ယင်း : အဲ့တော့? ]

[ စုန်ယွီ : အဒေါ်ကြီးရေ ယွမ်သန်း၁၀၀လက်လွတ်ခံလိုက်ရပြီလေ နောင်တရနေပြီလား? ]

TIHCFCF Where stories live. Discover now