အခန်း (၁၅) – စိတ်ကြီးတဲ့ဖေဖေစုန်
~~~~~~~~~~~~~~~~~~~~
ထိုကဲ့သို့အတွေးဖြင့် စုန်ယွီသည် နောက်ထပ်စာတစ်စောင်ကို ပို့လိုက်သည်။
[စုန်ယွီ : မင်းပြောတဲ့အဓိပ္ပါယ်က ဘာလဲ? မင်းက ငါ့ကို ရယ်စရာလုပ်နေသလိုပဲလို့ ငါဘာလို့ ခံစားနေရတာလဲ?]
ရှဲ့ဆွေ့ဆီက ပြန်စာကို ရဖို့အတွက် သူ့မှာ အချိန်အကြာကြီးစောင့်လိုက်ရသည်။
[ရှဲ့ဆွေ့ : အိုး 'သလိုပဲ'မဟုတ်ဘူး]
စုန်ယွီ : "............"
သေစမ်း သူတို့တွေ နည်းနည်းရင်းနှီးလာပီးတဲ့နောက် သူ့အကျင့်က ဒီလိုတဲ့လား? အရင်က သနားစရာကလေးလေးကိုပဲ သူပြန်လိုချင်တယ်!
တစ်ဖက်က ရှဲ့ဆွေ့ကတော့ ဖုန်းကိုပိတ်လိုက်ရင်း ပြုံးလိုက်သည်။ ဘိ ဆိုသည့်အသံမြည်လာပီး သူ့ကွန်ပျူတာထဲသို့ အီးမေးလ်တစ်စောင်ရောက်လာသည်။ ပို့လာသူ၏နာမည်ကတော့ 'ရှုရှီအန်း'
[ရှုရှီအန်း : အားဆွေ့ သားဖက်ကနေပီး အန်တီ့ကို ဆက်သွယ်လာဖို့ စိတ်ရှိတာကို အန်တီအရမ်းဝမ်းသာတာပဲ သားမေမေဖြစ်သွားတဲ့ကိစ္စအတွက် အန်တီတို့တစ်မိသားစုလုံးက အရမ်းဝမ်းနည်းရပါတယ် ဒါပေမယ့်လည်း ဖြစ်သွားခဲ့တာက အချိန်တွေအများကြီးကြာသွားပီလေ အခုချိန်မှပြောနေလည်း နောက်ကျသွားပါပီ အန်တီတို့အားလုံး သားကို အရမ်းသတိရနေကြတာ သားအခုဘယ်မှာနေနေလဲ? အေမြို့ကို သားပြန်လာဖို့အတွက် တစ်ယောက်ယောက်ကို အန်တီ ချက်ချင်းလွတ်လိုက်မယ်]
ရှဲ့ဆွေ့သည် အကြည့်ကိုချလိုက်ပီး မသိမသာလေးရယ်လိုက်သည်။
သူတို့တွေက သူ့ကို သတိရတယ်? အရင်တုန်းကတော့ ရှုမိသားစုက သူ့အမေကို မိသားစုသိက္ခာချသူအဖြစ်သတ်မှတ်ပီး သူမကို အိမ်ပေါ်ကနေ တစ်ယောက်တည်းမနှင်ချခင် မိသားစုပတ်သတ်ဆက်နွယ်မှုကို ဖြတ်တောက်ပစ်လိုက်ကြသည်။ သူမသေသွားတာကိုတောင် သူတို့ဖက်က သိတောင်သိတာမဟုတ်။ အခုတော့ သူတို့က ဘာနည်းပဲသုံးရသုံးရ သူ့ကို ပြန်ခေါ်ချင်နေကြသည်။ ခန့်မှန်းကြည့်ရသလောက်တော့ အရင်က သူ့အမေနှင့်ခိုးပြေးသွားသည့်ယောက်ျားက အခုတော့ ရှဲ့မိသားစု၏ခေါင်းဆောင်ဖြစ်နေတာကို သိသွားတာကြောင့်ပဲဖြစ်ရမည်။
![](https://img.wattpad.com/cover/242319502-288-k234590.jpg)
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...