အခန်း (၂၈)

5.9K 1.2K 142
                                    

အခန်း (၂၈) – Husband
~~~~~~~~~~~~~~~~~

ဖိုရမ်ပေါ်မှာ ထရိုးလို့ပီးသွားတော့မှ စုန်ယွီသည် ဖုန်းကို မြန်မြန်ပိတ်လိုက်ကာ ဒီလိုအရေးမပါတဲ့ကိစ္စလေးတွေကို ဆက်ပီးဂရုမစိုက်တော့ပေ။ ကိစ္စပီးတာနှင့် အဝတ်အစားကိုခါထုတ်လိုက်ပီး ထွက်သွားလိုက်သည်။ စကားတစ်ခွန်းမှတောင်မချန်ခဲ့ပဲနဲ့ပေါ့။ အခန်းထဲမှာကတည်းက ဖြေနေသည့် အင်္ဂလိပ်စကားပြေမေးခွန်းမှာ အခုထိဖြေရခက်နေဆဲဖြစ်နေပီး Bလား Dလား ရွေးရခက်နေသည်။ ခဏလောက်စဉ်းစားပီးတဲ့နောက် သူသည် ဘောပင်ကိုချလိုက်သည်။ ဘာလို့ဒီလောက်ရှုပ်ထွေးနေရတာလဲ? အောက်ထပ်မှာ စာနတ်ဘုရားတစ်ယောက်လုံး နေနေတာမဟုတ်ဘူးလား? ဒါကိုတွေးလိုက်ပီးနောက် စုန်ယွီသည် ဘောပင်နှင့်စာရွက်ကို ကိုင်ကာ အောက်ထပ်ပြေးဆင်းသွားလိုက်သည်။

ရှဲ့ဆွေ့က အခန်းထဲမှာ ဖုန်းပြောနေတာဖြစ်သည်။ လူငယ်လေးသည် ထိုင်ခုံတွင်ထိုင်နေပီး သူ့လက်ကို စားပွဲပေါ်တင်ထားကာ လေသံကတော့ သာမန်ကာလျှံကာသာပင်။ "ဗီဒီယိုဖိုင်ကို ရဲတွေဆီပို့လိုက် ဓါတ်ပုံတွေနဲ့ဆေးစစ်ချက်ရလဒ်ကိုတော့ အဲ့ဒါတွေကို ဘာလို့ကျွန်တော့်ဆီပို့မှာလဲ? သူ့မိသားစုဆီကိုသာပို့လိုက်"

ဖုန်းတစ်ဖက်ကလူက တစ်ခုခုကိုပြောလိုက်သည်။

ရှဲ့ဆွေ့၏အကြည့်က အောက်စိုက်သွားပီး အမူအရာကင်းမဲ့စွာဖြင့် နားထောင်နေပီးနောက် ဖုန်းချလိုက်သည်။ တံခါးကနေပီး ခပ်မြန်မြန်ခေါက်သည့်အသံက ထွက်လာသည်။ ဘယ်သူဖြစ်မလဲဆိုတာကို ရှဲ့ဆွေ့လွယ်လွယ်လေးခန့်မှန်းနိုင်ပါသည်။ သူသည် ဘာမှမဖြစ်သလို အကြည့်ကိုပင့်လိုက်ပီး တံခါးဖက်ကြည့်လိုက်သည် –– ဒီကလေးက နေ့ခင်းနားချိန်မှာတောင် တစ်ရေးမအိပ်ဘူး နေ့လည်ခင်းကြမှ စာသင်ချိန်၃ချိန်ဆက်တိုက်လုံး အိပ်ဖို့ကြံထားတာလား?

စုန်ယွီသည် နည်းနည်းကြာသည်အထိ တံခါးခေါက်နေပီးမှ ရှဲ့ဆွေ့ကတံခါးလာဖွင့်ပေးတာဖြစ်သည်။ သူ့ခေါင်းထဲမှာတော့ အင်္ဂလိပ်စာလုံးဖြစ်သည့် 'neutral(ကြားနေအနေအထား)' နှင့် 'criticize(ဝေဖန်ချက်)' တို့နှင့်သာ ပြည့်နေသည်။ ရှဲ့ဆွေ့တံခါးဖွင့်ပေးလာတာကို မြင်လိုက်သည့်အခါ သူ့မျက်လုံးတွေက အရောင်လက်သွားသည်။ သူသည် နက်မှောင်အေးစက်သည့် မျက်လုံးတွေနှင့် အကြည့်တစ်ချက်ဆုံလိုက်ပေမယ့် တိုက်ရိုက်ပဲပြောလိုက်သည်။ "ငါမင်းနဲ့စာအတူလုပ်ဖို့လာတာ"

TIHCFCF Where stories live. Discover now