အခန်း (၃၀)

5.6K 1.2K 82
                                    

အခန်း (၃၀) – ရုံးခန်း
~~~~~~~~~~~~~~

Hiss...
အနောက်ကလိုက်လာသည့် လူအုပ်ကြီးက လေအေးကို ရှိုက်လိုက်ကြသည်။ စုန်ယွီကနေ နှုတ်ခမ်းထောင့်ကိုပင့်လိုက်တာကိုကြည့်ပီး ထိုရူးကြောင်ကြောင်စကားတွေကို ကြားလိုက်ရသည့်အခါမှာတော့ ထူးဆန်းစွာပဲ ရင်းနှီးသည့်အရိပ်အငွေ့ကို ခံစားလိုက်ရသည်။

ကောင်းဖုန်းသည် စက္ကန့်အနည်းငယ်လောက် မှင်သက်သွားပီးမှ သူ့မျက်နှာထားက မှောင်မဲသွားသည်။ သူအစော်ကားခံလိုက်ရသည်ဟု ခံစားလိုက်ရပီး ဒီစော်ကားခံရမှုကလည်း ဒီအားနည်းပုံရတဲ့လူတစ်ယောက်ဆီကနေ ထွက်လာတာတဲ့လေ။ ဒါက သူ့အတွက် ကျောင်းလူမိုက်အဖြစ် ပထမဆုံးရက်ဖြစ်သည်: သူဘယ်လိုလုပ်သည်းခံနိုင်မှာလဲ? သူ့မျက်နှာထားက ခက်ထန်သွားသည်။

"မင်းလေသံကတော်တော်ရင့်တာပဲ မင်းအရိုက်ခံရရင်သာ ဆရာတွေကို လိုက်မတနဲ့"

စုန်ယွီသည် နှာခေါင်းရှုံ့လိုက်ပီး "မင်းက မူကြိုကလေးလား? ဆရာ? လူမှုရေးအသိုင်းအဝိုင်းထဲဝင်ထားပီးသား ငါတို့တွေကတော့ သူများကို ရိုက်တဲ့အခါ အဖေပဲခေါ်ခိုင်းတယ်"

ဘေးမှာကြည့်နေသည့်လူအုပ်ကြီး : "......"

ဒီမခန့်လေးစားလေသံ၊ ဒီရင်းနှီးနေသည့်သောင်းကျန်းတတ်သောပုံစံ။

ကိုကိုယွီရေ ငြင်းဖို့မကြိုးစားနဲ့။ ဒါက နင်ပဲဖြစ်ရမယ်။

ကောင်းဖုန်းသည် ဒီတစ်ယောက်ကို စကားနှင့်အနိုင်မယူနိုင်တာကြောင့် ဒေါသတွေထွက်ရလွန်းကာ သွားကိုတင်းတင်းကြိတ်ထားနေသည်။ သူရှေ့တက်ပီးသာ လှုပ်ရှားဖို့ပဲကျန်တော့တယ်။ သူ့လက်ထဲက ဘောလုံးကို အကွာအဝေးတစ်ခုကနေ ပစ်သွင်းလိုက်ကာ စုန်ယွီ၏မျက်နှာတည့်တည့်ကို ဦးတည်နေသည်။ ဘောလုံးက လေထဲမှာ လျင်မြန်စွာရွေ့သွားပီး သွားနေရင်းလဲ ပတ်ပတ်လည်နေကာ ထိမှန်သွားလို့ကတော့ စုန်ယွီ၏မျက်နှာသွေးထွက်စေနိုင်လောက်သည်။

လူအုပ်ကြီးထဲကနေကြည့်နေသည့်ကောင်မလေးတွေက စိတ်လှုပ်ရှားတုန်လှုပ်နေကြတာကြောင့် သူတို့နှလုံးတွေပါ အခုန်မြန်သွားသည်။ သေပါပီ သူ့မျက်နှာလေးကိုတော့ မထိပါနဲ့ ဒီမျက်နှာလေးသာပျက်ဆီးသွားရင် ငါတို့ဘယ်လိုလုပ်မှာလဲတဲ့!

TIHCFCF Where stories live. Discover now