အခန်း (၂၂.၃)

5.5K 1.2K 62
                                    

အခန်း (၂၂.၃) – မိန့်ခွန်း
~~~~~~~~~~~~~~~~

၇နာရီကနေစတင်ပီး ကျောင်းသားတွေကနေ အလှည့်ကျဖျော်ဖြေပီးနောက် ဥက္ကဌနှင့်ကျောင်းခေါင်းဆောင်တွေက မိန့်ခွန်းရှည်ကြီးကို ပြောမှာဖြစ်ကာ နောက်ဆုံးမှာတော့ နှစ်သစ်ကျောင်းသားတွေ၏ကိုယ်စားလှယ်က မိန့်ခွန်းပြောမည်ဖြစ်သည်။ ရှဲ့ဆွေ့အတွက်ပြင်ဆင်ဖို့ အချိန်တွေအများကြီးရှိသေးသည်။ သူတို့ဝင်သွားလိုက်ချိန် ကျောင်းသားအသင်းကနေပီး ရှဲ့ဆွေ့ကိုလာရှာတာကြောင့် အဝတ်လဲခန်းထဲက ခုံတစ်ခုပေါ်တွင် ထိုင်ကာ ဖုန်းဆော့နေသည့် စုန်ယွီကို ထားခဲ့လိုက်သည်။ မာရှောင်တင်းက သူ့ကို ပုံတွေပို့နေတာဖြစ်သည်။ ပို့လာသမျှပုံတွေကတော့ ဈေးဆိုင်တွင်ရှာတွေ့သမျှ အထောက်အပံ့ပစ္စည်းတွေ ဖြစ်သည်။ ဒါတွေအားလုံးက အလွန်အကျူးဖြစ်လွန်းသည့်ပစ္စည်းတွေဖြစ်သည်။ ဥပမာ glow stickတို့၊ နီယွန်လက်ကောက်မျိုးစုံတွေ၊ ဘီးကုတ်တွေနှင့် အသံချဲ့စက်တွေဖြစ်သည်။ ဒါတွေထက်ပိုပီးလွန်ကျူးလွန်းသည့်ပစ္စည်းတွေက ပိုများပါသည်။

မာရှောင်တင်းသည် အသံကျယ်ကြီးအော်သည့် ပလက်စတစ်ကြက်ရဲ့ပုံကို ပို့ပေးလာသည်။

[ဆာဒါကိုက ရေတွင်းတူးတဲ့သူတွေကို မမေ့ဘူး : အကိုကြီးယွီ! ဒါတွေက ဘယ်လိုလဲ? ဒါတွေအားလုံးက အသံအကျယ်ကြီးထွက်မယ့်ဟာတွေပဲ!]

စုန်ယွီ : "......"
သူထပ်ပီးသည်းမခံနိုင်တော့ဘူး

[မင်းယောက်ျားကိုကိုယွီ : ထွက်သွားစမ်း]

[မင်းယောက်ျားကိုကိုယွီ : တကယ်လို့မင်းအဲ့ဒါတွေကို ယူလာခဲ့ရဲရင် မင်းသေပီသာမှတ်]

ဒီလို အသည်းအဆုတ်တွေပါ ကွာကျအောင် အော်ငိုသံတွေထွက်နိုင်သည့် အရာတွေယူသွင်းလာလို့ သူအမောင်းမထုတ်ခံချင်ဘူး။

[ဆာဒါကိုက ရေတွင်းတူတဲ့သူတွေကို မမေ့ဘူး : [စိတ်ပူပန်စွာဖြင့် လက်ကိုကိုက်နေသည့်အီမိုဂျီ] [သနားစရာကောင်းပီး ပူဆွေးဝမ်းနည်းကြေကွဲနေသည့်အီမိုဂျီ] ]

[ဆာဒါကိုက ရေတွင်းတူးတဲ့သူတွေကို မမေ့ဘူး : [crying][crying][crying] ]

စုန်ယွီသည် မာရှောင်တင်းကို လျစ်လျူလိုက်သည်။ သူသည် ဖိုရမ်ထဲကိုသာဝင်လိုက်ပီး အပျင်းပြေအောင်လုပ်လိုက်သည်။ ဒီနေ့ရဲ့ကျင်းချန်နံပါတ်တစ်အထက်တန်းကျောင်းဖိုရမ်ကလည်းပဲ စိတ်လှုပ်ရှားမှုတွေနှင့် ပြည့်နှက်နေဆဲပင်။ နာမည်အကြီးဆုံးပို့စ်ကတော့ ရှဲ့ဆွေ့အကြောင်းပင်။

TIHCFCF Where stories live. Discover now