အခန်း (၃၄.၁)

4.6K 1.1K 25
                                    

အခန်း (၃၄.၁) – ရှုရှန်းအဆောင်
~~~~~~~~~~~~~~~~~~~~~

စုန်ယွီဖွင့်ကြည့်လိုက်သောအခါ အထဲမှာပါသည့်ဓါတ်ပုံတွေက တကယ်တမ်းတော့ ကောင်မလေး၏ဒိုင်ယာရီပုံတွေဖြစ်နေသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က အမှန်တရားဖော်ထုတ်သည့် ဘလော့ခ်ဂါတစ်ယောက်သည် ဒီပုံတွေကို weiboပေါ်တွင် တင်လိုကသည်။ သို့ပေမယ့် တစ်ချို့သောသူတွေက အခြေအနေကို ထိန်းချုပ်ကာ အင်တာနက်ပြည်သူတွေ အမှန်တရားကို မသိသွားခင် အချက်အလက်တွေကို ယိုယွင်းသွားအောင် လုပ်လိုက်သည်။ ပို့စ်အတွက် စိတ်ဝင်စားမှုအဆင့်က တက်မလာခဲ့ပဲ ဒီမတော်မဆဖြစ်ရပ်က တဖြည်းဖြည်းနှင့်မေ့လျော့ခံသွားရတော့သည်။

ဒိုင်ယာရီအစမှာတုန်းက ကောင်မလေး၏စကားအသွားအလာသည် အတော်လေးစိတ်အေးလက်အေးရှိသည်။ သူမကျောင်းအသစ် အတန်းအသစ်အကြောင်း ညည်းညူထားပေမယ့် သူမလက်ရေးက လှပကာ ဒိုင်ယာရီထဲတွင် အသက်၁၅နှစ်၁၆နှစ်အရွယ် ​ကောင်မလေးတစ်ယောက်၏ ကလေးဆန်မှုတွေ ပြည့်နေသေးသည်။

––Ahhhh ကျောင်းစဖွင့်တဲ့နေ့မှာပဲ လမ်းပိတ်တာကြောင့် ကျောင်းနောက်ကျလို့ အတန်းရှေ့မှာရပ်နေရမယ်ဆိုပီး ငါအပြစ်ပေးခံရတယ် ရှက်စရာကောင်းလိုက်တာ [covering face][covering face] ငါတို့အတန်းပိုင်ဆရာမဖြစ်တဲ့ အင်္ဂလိပ်ဆရာမက အရမ်းချောတာပဲ ဒီတော့ နောက်ပိုင်း ငါ့အပေါ်အမြင်ကို ပိုကောင်းအောင် ငါပြင်ဆင်ရမယ်

––ငါနဲ့တစ်ခုံထဲထိုင်တဲ့သူက ကောင်လေးတစ်ယောက်... သူငါ့ကိုကြည့်တဲ့အကြည့်မျိုးက ငါ့ကို အရမ်းသက်တောင့်သက်သာမဖြစ်စေဘူး ဒါကြီးက ထူးဆန်းနေတယ်

ဒါပေမယ့် သိပ်မကြာခင်မှာပဲ ဒိုင်ယာရီက တဖြည်းဖြည်းချင်းစိတ်ခံစားချက်ကျဆင်းသည့်ဖက်ကို ရောက်လာတော့သည်။

သူမထိုင်ခုံတွဲဖက်က စာသင်ချိန်အတွင်း သူမကို ကိုယ်ထိလက်ရောက်တွေလုပ်လာပုံမျိုးက လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုလိုမျိုး သတ်မှတ်လို့ရသည်။ သူမရှေ့ခုံနောက်ခုံကသူတွေကလည်း ဒီကိစ္စအကြောင်း သတင်းပျံ့သွားဖို့ မကြောက်သည့်အလား စာသင်ချိန်အတွင်း၌ ဗီဒီယိုတွေရိုက်ထားကြပီးနောက် အင်တာနက်ပေါ်တွင် တင်လိုက်သည်။ ဗီဒီယိုရဲ့နာမည်ကတော့ 'ငါတို့ရဲ့ကျောင်းပြောင်းလာတဲ့ကျောင်းသူသစ်လေး ဘယ်လောက်တောင်ကလက်တက်တက်ဖြစ်နေလဲဆိုတာကိုကြည့်ကြပါဦး'

TIHCFCF Where stories live. Discover now