အခန်း (၆) – Understanding
Eng translator – Xiin
~~~~~~~~~~~~~~~~မုန့်မိသားစု၏ ပင်မအိမ်၊ ခမ်းနားထည်ဝါလှသော ဧည့်ခန်းအတွင်း၌။
မုန့်ကွမ်သည် ကြမ်းပေါ်တွင် ဒူးထောက်နေသည်။ သူသည် ခေါင်းကိုငုံ့ထားပီး စကားတစ်ခွန်းမှမပြောပေမယ့် သူ့မျက်နှာထားကတော့ "င့ါဆိုဆဲနေလည်း ငါကတော့ မှားပါတယ်ဆိုပီး ပါးစပ်က ထုတ်ပြောမှာမဟုတ်ဘူး"ဟု ပြောနေသည့်အလားပင်။ ဒါက သူ့အဖေကို ပိုပီးဒေါသထွက်စေသည်။
ဖေဖေမုန့်သည် ဒီပြဿနာရှာလွန်းသည့်သားကြောင့် ဒေါသထွက်သေတော့မည်။ "မင်းရန်ပွဲထဲပါပြန်ပီ! နောက်ပီး ဟိုဖက်ကတစ်ယောက်က ဆေးရုံပို့လိုက်ရတယ်! မင်းဒီလောက်တောင်မှ အာဏာရှိနေရင်လည်း ဘာလို့ င့ါကိုပါ မထိုးလိုက်တော့တာလဲ ဟမ်!"
"မင်းကိုယ်မင်းအရမ်းတွေအာဏာပါဝါရှိတယ်လို့ ထင်နေတယ်မလား? မင်းအမှားမဟုတ်ဘူးလို့ထင်နေတယ်မလား? ငါ့ဆီ သစ်သားပြားယူလာခဲ့စမ်း - လောင်ဇီ ဒီနေ့တော့ သူ့ကိုကောင်းကောင်းသင်ခန်းစာပေးမှရမယ် မဟုတ်လို့ကတော့ နောက်နေ့ကြရင် လူတောင်သတ်ချင်သတ်နေတော့မှာ"
အိမ်အကူလေးသည် သစ်သားပြားရှည်ကြီးကို ကမ်းပေးနေရင်း တုန်ယင်နေသည်။
မေမေမုန့်သည် ဘေးကနေကြည့်နေရင်း စိတ်ထဲသောကဝေနေကာ "ရှင်က ကျွန်မတို့ကလေးရှင်းပြတာကိုတောင် နားမထောင်တော့ဘူးလား?"
ဖေဖေမုန့်သည် စိတ်မရှည်စွာဖြင့် အော်လိုက်သည်။ "တစ်ဖက်လူရဲ့သားတစ်ယောက်လုံးက ဆေးရုံတောင်ရောက်နေပီ ဘာရှင်းပြဖို့ကျန်သေးလို့လဲ!"
မုန့်ကွမ်သည် စကားတစ်ခွန်းမှမပြောပဲ ကြမ်းပေါ်မှာသာ ဆက်ပီး ဒူးထောက်နေသည်။
သူ့အကိုဝမ်းကွဲကနေမှ ဖြစ်သမျှပတ်သတ်ပီး ထုတ်ပြောမည့်ပုံမရတာကို စုန်ယွီမြင်လိုက်တာကြောင့် သူသည် သူ့ကိုယ်သူစိတ်တင်းပီး ရှေ့ထွက်ကာ "အဲ့လိုမဟုတ်ပါဘူး အန်ကယ် တကယ်တော့ ဒီနေ့ဖြစ်ခဲ့တဲ့ကိစ္စမှာ ကျွန်တော်လည်း သက်ဆိုင်ပါတယ်"
သူကနေပီး ရုတ်တရပ်စကားပြောလာတာကြောင့် တစ်ခန်းလုံးကို အံ့အားသင့်သွားစေသည်။ အကုန်လုံးက သူ့အားလှည့်ကြည့်လာသည်။
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...