အခန်း (၅၂)

4.8K 1.1K 49
                                    

အခန်း (၅၂) – စာစီစာကုံး
~~~~~~~~~~~~~~~~~

နောက်ထပ်ကစားပွဲတွေကို ဆက်ပြီးဆော့လေ ကောင်လေးတွေက သူတို့စိတ်ကိုသူတို့လွတ်ပေးလိုက်ကြပြီး သူတို့၏ရူးမိုက်သောနောက်တီးနောက်တောက်အကြံတွေက လူတွေကို အံ့အားသင့်မှုကြောင့် မျက်ခုံးတွေပင့်သွားစေလောက်သည်အထိပင်။

ကြည့်နေကြသည့်ကောင်မလေးတွေကတော့ ရယ်ရမလား ငိုရမလားမသိကြတော့ပေ။ မြင်ကွင်းက တကယ့်ကို သူမတို့မျက်လုံးအား အနိုင်ကျင့်နေသည့်အတိုင်းပင်။

အခုလေးတင် မာရှောင်တင်းအလှည့်တုန်းက နံပါတ်၃ကတ်ရသွားသည့်တစ်ယောက်က နောက်ဆုံးတော့ အပွင့်ကြီးကိုရသွားပြီး လက်စားပြန်ချေနိုင်သွားသည်။

မာရှောင်တင်းသည် အနားမှာထိုင်နေသည့်ကောင်လေးတစ်ယောက်နှင့်အတူ ရိုမီယိုနှင့်ဂျူးလိယက်ထဲက ဇာတ်ဝင်ခန်းအတူကို အတင်းသရုပ်ဆောင်ပြလိုက်ရသည်။ သူတို့တွေ တစ်ယောက်မျက်လုံးကိုတစ်ယောက်ကြည့်ရင်း သူတို့အချစ်တွေကို ဖွင့်ဟပြိးတဲ့နောက် ချက်ချင်းပဲ လက်တွေကိုလွတ်ချလိုက်ကာ နောက်လှည့်သွားကြပြီး အော်ကလီဆန်သွားသလို ဟန်ဆောင်ပြနေကြသည်။

အခန်းထဲကလူတိုင်းက ချက်ချင်းကိုပဲရယ်မောကြတော့သည်။

မာရှောင်တင်းသည် ညည်းတွားလိုက်သည်။ “ငါတို့တွေကြတော့ ဘာလို့သရုပ်ဆောင်ရပြီး နတ်ဘုရားရှဲ့ကျတော့အရမ်းကိုအလေးအနက်သရုပ်ဆောင်နိုင်တာလဲ?!”
သူ့‘ရိုမီယို’က မကျေမနပ်ဖြင့် ပြန်ပြောလိုက်သည်။ “တကယ်လို့မင်းသာ ကိုကိုယွီရဲ့၁၀ပုံ၁ပုံလောက်ချောနေရင် ငါ့အတွက် အဲ့လောက်ခက်ခဲခဲ့မှာမဟုတ်ဘူး”

မာရှောင်တင်း : “မင်းကအဲ့ဒါဘာကိုဆိုလိုတာလဲ? လာလေ ချမယ်လေ!”
စုန်ယွီသည် သူ့လက်ထဲက ‘J’ကတ်ကို ကိုင်ထားရင်း သူတို့စကားပြောနေတာကိုကြားလိုက်ရတော့ တစ်ချက်ရယ်လိုက်သည်။ သို့ပေမယ့် သူ့မျက်လုံးတွေက လွင့်မျောနေပြီး သူစိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေတာက သိသာသည်။

“၁၁ပွဲတောင်ဆော့ပြီးသွားပြီ အပွင့်သေးကတ်က နတ်ဘုရားရှဲ့ဆီမှာကော ကိုကိုယွီဆီမှာပါ တစ်ခါမှပေါ်မလာဘူး ဒါက ဘယ်လိုတောင်ကောင်းလိုက်တဲ့ကံလဲ?”

ကောင်လေးတစ်ယောက်က သူ့ခေါင်းကိုခါလိုက်ပြီး ဒီအတွက် ညည်းညူလိုက်ရင်း ကတ်တွေကို ပြန်စုကာ မွှေလိုက်သည်။

“ခဏလောက်နေဦး” ဆံထုံးပွလို ဆံပင်သိမ်းထားသည့်ကောင်မလေးတစ်ယောက်က ရုတ်တရပ် သူမလက်ကို မြောက်လိုက်သည်။ သူမသည် မျက်တောင်ခတ်လိုက်ပြီးနောက် ပြုံးလိုက်ကာ “ကတ်တွေမှာ ပြဿနာတစ်ခုခုတော့ရှိနေတယ်လို့ ငါသံသယဝင်ရတဲ့အကြောင်းရှိတယ် ကျန်းချူနျန် နင့်မှာကတ်အပိုရှိသေးလား?”

ကစားပွဲတစ်လျှောက်လုံး တစ်ခါမှမလဲရသေးသည့်ကတ်တွေကို တစ်စုံတစ်ယောက်က တစ်ခုခုလုပ်ထားလိုက်ဖို့က အရမ်းလွယ်ကူသည်။

ကျန်းချူနျန်သည် ပြန်ဖြေလိုက်သည်။ “ငါဖဲကတ်တစ်စုံလုံးယူလာပေမယ့် အေကနေကေအထိပဲလဲလို့ရမှာ ဂျိုကာကတ်က နှစ်ကတ်ပဲရှိတယ်လေ”

ဆံထုံးနှင့်ကောင်မလေးက ပြောလိုက်သည်။ “ဒီလိုဆိုရင် ခဏလောက်ကစားတာရပ်ထားရအောင် ငါအသစ်သွားဝယ်လိုက်မယ် နတ်ဘုရားရှဲ့ ဘယ်ကောင်မလေးလဲဆိုတာ ငါသိမှရမယ်”

ဒါကတော့မတတ်နိုင်ဘူးလေ။ သူတို့ကျောင်းမင်းသားလေးစိတ်ဝင်စားနေတဲ့သူကို သူမတကယ်ကြီးသိချင်သည်။ CPတွေတွဲပေးသည့်အပေါ် အရမ်းတမ်းတမ်းစွဲနေသည့်မိန်းကလေးတွေက အဲ့လောက်အများကြီးမရှိပေ။ ဒီလိုအသက်အရွယ်မျိုးမှာ သူတို့ကျောင်းမင်းသားနှင့်ကျောင်းလူဆိုးလို အကျင့်စရိုက်မျိုးတွေက တစ်ချို့သောကောင်မလေးတွေ၏လေးစားအားကျမှုနှင့် ရှက်သွေးဖြာသွားစေမှုတို့ကို ဆွဲဆောင်နေတုန်းပင်။ သူတို့နှလုံးသားတွေနှင့်အတင်းသတင်းကိုသတိချင်သည့်သူတို့စိတ်တွေက ပြင်းပြင်းထန်ထန်ကို တောက်လောင်နေသေးသည်။

သူကြိုက်နေတာဘယ်သူလဲ? အဲ့ကောင်မလေးက ချောလား? သူမထက်မြတ်လား? သူမနှင့်နှိုင်းယှဉ်ကြည့်လျှင် သူတို့တွေက ပိုဆိုးနေလား?

သူတို့နှလုံးသားတွေက အကုတ်ခံရသလို ယားကျိကျိဖြစ်နေသည်။

ကျန်းချူနျန်သည် သူမလက်တွေထဲ ကူရှင်ကို ကိုင်ထားပြီး ရယ်လို့မပြီးတော့ပေ။ “တကယ်လား? ဘယ်သူလဲဆိုတာ နင်သိပြီးသွားရင် အရမ်းစိတ်ဓါတ်ကျသွားလို့ နင့်ခေါင်းကို နံရံနဲ့ဝင်တိုက်ပစ်မှာကိုတောင် ငါစိုးရိမ်မိတယ်”

ဆံထုံးနှင့်ကောင်မလေးက နှာခေါင်းရှုံ့လိုက်ပေမယ့် နောက်တော့ ပြုံးလိုက်ကာ စုန်ယွီအားကြည့်လိုက်ပြီး “တစ်စုံတစ်ယောက်ကို နေ့ကောညကော သူ့အိပ်မက်တွေထဲမှာကော တွေးနေတဲ့ ကိုကိုယွီလည်းရှိသေးတာပဲ သူ့အိပ်မက်ထဲဝင်နိုင်လောက်တဲ့အထိ ကံကောင်းတာဘယ်သူလဲဆိုတာ ငါတကယ်သိချင်တယ်?”

စုန်ယွီ၏နှုတ်ခမ်းထောင့်က အောက်စိုက်သွားပြီး “နင်တို့တွေက အတွေးလွန်နေတာ” ဒါက နွေဦးအိပ်မက်လိုမျိုးလဲ မဟုတ်ပဲနဲ့။

ကျန်းချူနျန် : “မြန်မြန်သွား တကယ်လို့ သူ့အိပ်မက်ထဲကတစ်ယောက်နဲ့ သူကြိုက်နေတဲ့သူက တစ်ယောက်ကိုတစ်ယောက်ဖြစ်နေမယ်ဆိုရင် ငါ့ဆီ နင်လာငိုနေမှာကို စိုးရိမ်ရတယ်”

ဆံထုံးနှင့်ကောင်မလေးက မတ်တပ်ရပ်လိုက်သည်။ သူမသည် စိုက်ကြည့်လိုက်ပြီး “ပါးစပ်ပိတ်ထား အပုတ်မလေး ဒီညနင်ကံဆိုးပါစလို့ ငါဆုတောင်းပစ်မယ်”

စုန်ယွီ : “……” ဒီတရုတ်စာပေအခန်းကိုယ်စားလှယ်က ခေါင်းကွဲနေတာလား?

လူတိုင်းက အချိန်အကြာကြီး စိတ်လှုပ်ရှားပျော်ရွှင်စွာကစားထားတာကြောင့် နည်းနည်းပင်ပန်းနေကြကာ သူမကို မြန်မြန်သွားဖို့ လောဆော်နေကြသည်။

“ငါ့အတွက် iced black teaတစ်ဗူး ဝယ်လာပေးခဲ့နော်”

“ငါလည်းပဲ ငါ့အတွက် လိမ္မော်ဆိုဒါတစ်ဗူး ကျေးဇူးပဲ”

လျန်ရင်းရင်းက သူမအားလူးကြော်ကို ဆက်စားနေသည်။ သူမသည် နောက်ကိုမှီချလိုက်ပြီး ကျန်းချူနျန်အား အသံတိုးတိုးလေးဖြင့် မေးလိုက်သည်။ “တကယ့်အတွဲအစစ်ကို နင်shipနေတယ်ဆိုတာ နင်ဒီလောက်တောင်သေချာနေလို့လား?”

ကျန်းချူနျန်သည် သူမခေါင်းကိုခါလိုက်သည်။ အရင်တုန်းကဘာဖြစ်ခဲ့လဲဆိုတာကို သူမပြန်တွေးလိုက်ပြီး သက်ပြင်းချလိုက်ကာ “သူတို့က အစစ်လားဆိုတာတော့ ငါမသိဘူး ဒါပေမယ့် ဘယ်သူ့အတွက်မဆို ဒါက တကယ့်ကိုမျှော်လင့်ချက်မရှိဘူးလေ နတ်ဘုရားရှဲ့ကို စကားပြောရဖို့အတွက်နဲ့ ဒိုမိန်းရဲ့ဖန်ရှင်မေးခွန်းလို ခပ်ကြောင်ကြောင်မေးခွန်းကို ငါသွားမေးခဲ့တာကိုပဲတွေးကြည့်လေ ငါ့အချစ်က တကယ်မလေးနက်ဘူးလို့ နင်ပြောရဲလား?”

လျန်ရင်းရင်း : “……”

ကျန်းချူနျန်သည် ဆက်ပြောလိုက်သည်။ “နတ်ဘုရားရှဲ့ရဲ့အကြည့်ကို နင်မကြုံဖူးသေးလို့ တကယ့်ကိုကြောက်ဖို့ကောင်းတာ မွေးလာကတည်းက ဦးနှောက်ပါမလာတဲ့ကလေးတစ်ယောက်လို ငါ့ကိုခံစားလိုက်ရစေတာ ငါ့ငယ်ရွယ်တဲ့နှလုံးသားလေးက ရေခဲရေအေးအေးနဲ့ကို တိုက်ရိုက်လောင်းချလိုက်ရတာ ငါ့ထိုင်ခုံကို ပြန်လာပြီးတဲ့ချိန် ငါ့ကိုငါတောင် ပိတ်လှောင်ထားလိုက်ချင်စိတ် ဖြစ်သွားတယ်”

သူမသည် အနားက အားလူးကြော်ကိုယူလိုက်ပြီး “ဘယ်လိုပဲဖြစ်ဖြစ် ငါ့ငယ်ရွယ်တဲ့နှလုံးသားလေးက သက်သာခါနီးနေပါပြီ သူတို့တွေအတူရှိနေရင် အရမ်းချိုမြိန်တာပဲ - တကယ်လို့ နင်သူတို့ကို ပိုပြီးအာရုံစိုက်ကြည့်မယ်ဆိုရင်လေ သူတို့ရဲ့နူးည့ကြင်နာမှုကို သူတို့အတွက်အရေးကြီးတဲ့သူတွေကိုပဲ ပေးတယ်ဆိုတာကို နင်သိလာလိမ့်မယ် သူတို့တွေက အရမ်းကိုလိုက်ဖက်တဲ့ကောင်လေးစုံတွဲပဲ”

လျန်ရင်းရင်း : “ဒါက နင့်ငယ်ရွယ်တဲ့နှလုံးသားလေး ပြန်သက်သာလာတော့မှာမျိုးမဟုတ်ပဲ နင့်ကိုနင်ပိတ်ထားပြီးတဲ့နောက် ပြန်လမ်းမဲ့တဲ့လမ်းပေါ်လျှောက်နေတယ်လို့ ဘာကြောင့်ငါခံစားမိနေတာလဲ”

ကျန်းချူနျန် : “……………”
သူမပါးစပ်ထဲက အာလူးကြော်က ရုတ်တရပ်မကြွပ်ရွတော့သလိုပဲ။

“အဲ့လိုမဟုတ်ပါဘူး သူတို့တွေအချင်းအပြန်အလှန်သက်ရောက်မှုဖြစ်နေတာကို ကြည့်နေရတာ ငါ့တကယ်ကိုပျော်တယ်”

ကျန်းချူနျန်သည် မျက်နှာကြပ်ကိုမော့ကြည့်လိုက်၍ “ဒါပေမယ့် လှပတဲ့အချစ်က ငါ့ဆီဘယ်တော့မှရောက်လာမှာလဲ?”

ရုတ်တရပ်သူမအသံကို နိမ့်ချလိုက်ပြီး “ငါ့အတွက် လက်တွဲဖော်ကို ငါ့အမေက စရှာဖို့ အစီအစဉ်တွေဆွဲထားပြီနေပြီ နင်ယုံနိုင်ရဲ့လား?”

လျန်ရင်းရင်းသည် ကျန်းချူနျန်အား စိုက်ကြည့်လိုက်ပြီး “တကယ်?”

ကျန်းချူနျန်၏အသံက စိတ်ဓါတ်ကျနေသည့်အသံဖြစ်နေကာ “အေမြို့ကနေရောက်လာမယ့် ချင်းမိသားစုက စတုတ္ထသခင်လေးဆိုတာရျီတယ် သူက ငါ့ထက်တစ်နှစ်ကြီးတယ် သူ့ကြိုဆိုစားသောက်ပွဲကို ငါတက်ဖို့အတွက် ငါ့အမေက ပျော်ပျော်ကြီးကို စီစဉ်ပေးနေတယ်လေ ချင်းမိသားစုကို နင်သိလား? ချင်းအုပ်စုဆိုတာက အေမြို့မှာတောင် ထိပ်တန်းအဆင့်ရှိတဲ့ အကျိုးတူပူးပေါင်းထားတဲ့လုပ်ငန်းစုလေ ကြားရတာတောင် ကြောက်ဖို့ကောင်းတယ်” 

လျန်ရင်းရင်းမှာတစ်ခဏလောက်မှင်အကြောင်သက်သွားပေမယ့် သူမဘာမေးလိုက်လဲဆိုတာကတော့ “သူကချောလား?”

ကျန်းချူနျန်သည် မတ်မတ်ထိုင်လိုက်ပြီး မျက်မှောင်ကျုံ့လိုက်ကာ “တကယ်လို့ ဒါက ချင်းမိသားစုကဆိုရင် သူတို့က ချောလားဆိုတာက အရေးမကြီးဘူး ဘယ်လိုပဲဖြစ်နေပါစေ သူတို့မိသားစုက ငါထက်အဆင့်အတန်းမြင့်တယ် ဒါပေမယ့် ဒါမတိုင်ခင် ငါတစ်ယောက်ယောက်နဲ့ကြိုက်သွားရင် ငါ့ခြေထောက်ကို ရိုက်ချိုးပစ်မယ်ဆိုပြီး ငါ့အမေက ပြောထားတယ်လေ အခုတော့ ငါ့သက်တူရွယ်တူတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးရှိအောင် လုပ်ထားရမယ်ဆိုပြီး ငါ့အမေက ပြောနေသေးတယ် သူ့ဓါတ်ပုံကိုတော့ ငါမြင်ဖူးတယ် သူက ချင်းမော့လို့ခေါ်တယ် ပြီးတော့ သူကအတော်လေးတော့ကြည့်ကောင်းပါတယ် ဒါပေမယ့် သူက ငါ့ကိုဂရုတောင်စိုက်မှာမဟုတ်ဘူးလို့ ငါခံစားနေရတယ် ပြီေးတာ့ သူ့ကိုလည်း သွားရန်စလိုက်မိလို့မဖြစ်ဘူး”

“သူ့ကိုသွားရန်စလိုက်မိလို့မဖြစ်ဘူး?”

“အင်း ဒါက မသိစိတ်ကဖြစ်လာတာပဲ တကယ်လို့သာ သူ့ဖက်ကက အထင်တသေးမရှိရင်တော့ သူက ပိုင်ရွှယ့်ရှင်းလိုလူမျိုးနဲ့ တော်တော်လိုက်ဖက်မယ့်ပုံမျိုးပဲ”

နှစ်ယောက်သား အသံတိုးတိုးနှင့် စကားတွေပြောနေကြသည်။

စုန်ယွီကတော့ ဆိုဖာထဲကိုနစ်ဝင်နေပြီ။ အနေအထားက တိတ်ဆိတ်နေပြီး သူ့စိတ်ကိုလျော့ချလိုက်သည့်အခါ နည်းနည်းအိပ်ချင်လာသလို စပြီးဖြစ်လာသည်။ သီချင်းသံက နားထောင်လို့ကောင်းသည့်ပေါ့ပေါ့ပါးပါးသီချင်းမျိုးဖြစ်ပြီး ဆိုဖာကလည်း ပျော့အိနေကာ လေထုထဲက အရက်နံ့ခပ်သင်းသင်းနှင့်အတူ အရာအားလုံးက အိပ်ငွေ့ချနေသည့်သက်ရောက်မှုမျိုးလို ဖြစ်နေသည်။ အဲ့လိုဆိုပေမယ့်လည်း သူ့စိတ်ထဲ၌ ‘ယွီယွီ’ဆိုသည့် အသံက ရှိနေဆဲဖြစ်ပြီး ရှဲ့ဆွေ့၏နက်ရှိုင်းကာ အောက်ခြေမဲ့သည့်မျက်လုံးတွေကလည်းပဲ မပျောက်ကွယ်သွားသေးပေ။
သူသည် အနည်းငယ်မှိန်းမောကာ စိတ်ရှုပ်ထွေးနေသလိုခံစားနေရပေမယ့် ဘာကြောင့်မှန်းတော့ သူအဖြေမထုတ်နိုင်ပေ။ ဒါက ရှက်တာကြောင့်ကော ဒေါသထွက်တာကြောင့်ကောမဟုတ်ပေ။ နောက်ပြီး မတော်တဆဖြစ်သွားမှုအပေါ် သူ့အတွေးက အရမ်းကိုရိုးရှင်းသည်။ သူသည် ဟာသအဖြစ်သဘောထားလိုက်ပြီး အရမ်းအလေးအနက်တွေ မယူဆနေပေ။ ဒီတိုင်း… နည်းနည်းဆုံးရှုံးသွားသလိုမျိုး သူခံစားနေရတာဖြစ်သည်။

သူ့အိပ်မက်ထဲမှာမှပဲ အဖြေကိုရှာတွေ့နိုင်မည်ဟု သူခံစားနေရသည်။

စုန်ယွီသည် မျက်နှာကြပ်ကိုမော့ကြည့်လိုက်ပြီးနောက် သူ့ဘေးတွင်ထိုင်နေသည့် ရှဲ့ဆွေ့ကို တိတ်တဆိတ်ကြည့်လိုက်သည်။ နောက်ဆုံးတော့ သူနောက်ကိုမှီချလိုက်ပြီး စိတ်ဓါတ်ကျလျက် သူ့လက်ထဲကကတ်နှင့် သူ့မျက်လုံးတွေကို ကာထားလိုက်သည်။

—F*ck ထပ်ပြီးတွေးမနေနဲ့တော့ နေ့ခင်းဖက်တွေးမိတဲ့အကြောင်းတွေက ညဖက်မှာအိပ်မက်အနေနဲ့ပြန်ပေါ်လာတတ်တယ် သူ့အတွက် စိတ်တည်ငြိမ်ရာမရတဲ့ညမျိုး ဒီညတော့ ထပ်ဖြစ်တော့မှာပဲ

ဆံထုံးနှင့်ကောင်မလေးက ဖဲကတ်အသစ်တွေနှင့် မှာလိုက်တဲ့အအေးတွေနှင့်အတူ လျင်မြန်စွာပြန်ရောက်လာသည်။ သူမသည် ဆိုဖာတွင်ထိုင်ချလိုက်ပြီး ဂျိုကာကတ်နှစ်ကတ်နှင့် အေကနေကေအထိကတ်တွေကို လျင်မြန်စွာရွေးလိုက်၍ စားပွဲပေါ်တွင် ဖြန့်ချလိုက်သည်။ သူမသည် တက်ကြွစွာဖြင့် ပြုံးလိုက်ပြီး “ကတ်ရွေးကြတော့ ကတ်ရွေးကြတော့ စည်းကမ်းတွေက မပြောင်းဘူး”
စုန်ယွီပြောလိုက်၏။ “ငါနည်းနည်းအိပ်ချင်နေပြီ”

“အာ???” ဆံထုံးနှင့်ကောင်မလေးက နစ်နာသွားတာကြောင့်မကျေမနပ်ဖြစ်သွားသလိုမျိုးနှင့် “ကိုကိုယွီ ငါ့ရဲ့ခါးသီးတဲ့အားထုတ်မှုလေးနဲ့ ဒါကိုတစ်ကူးတစ်ကသွားဝယ်တဲ့အပေါ် သနားပေးပါဦး?”

စုန်ယွီသည် သူ့မျက်ခွံတွေကို ပင့်လိုက်ပြီး “ဒါဆိုရင်လည်း နောက်ဆုံးတစ်ပွဲပဲ”

ဆံထုံးနှင့်ကောင်မလေးမှာ အရှုံးကိုလက်ခံပေးလိုက်ပြီး “… ကောင်းပြီ”

ည၁၀နာရီခွဲတောင်ရှိနေပြီဖြစ်ကာ ဒီအချိန်က တကယ်ကိုမစောတော့ပေ။ ဒီလျို့ဝှက်ချက်လေးနှစ်ခုက ဒီညအတွက် တကယ့်ကို အကြီးမားဆုံးသောနောင်တဖြစ်လာတော့မည်။

လူတိုင်းက သူတို့ကတ်ကို ရွေးလိုက်ကြသည်။

စုန်ယွီသည် ကတ်ကို တွေ့ရာရွေးလိုက်ပြီး ကြည့်လိုက်တော့ ကြောင်အသွားသည်။ ၁၅ကတ်မှာ တစ်ကတ်ထဲရှိတဲ့အခွင့်အရေး! နောက်ပြီး နောက်ဆုံးသောကစားပွဲကိုရောက်တော့မှ! သူ့တကယ့်ကိုအပွင့်သေးကတ်ကို ရွေးလိုက်မိတယ်!

သူ့မျက်နှာထားပြောင်းလဲသွားတာက အရမ်းသိသာလွန်းသည်။

ရုတ်တရပ်ကြီး လူတိုင်း : “!!!”

ရှဲ့ဆွေ့လက်ထဲတွင်တော့ aceကတ်ရှိနေသည်။ သူသည် သူ့မျက်လုံးကိုပင့်လိုက်ပြီး စုန်ယွီအား လှမ်းကြည့်လိုက်သည်။

ဒီတစ်ခေါက်တော့ အပွင့်ကြီးကတ်ကိုအနိုင်ရသူက ကောင်မလေးတစ်ယောက်ဖြစ်သည်။ သူမကအမြဲလိုလိုစကားနည်းပေမယ့် အခုတော့ သူမသည် မတ်တပ်ရပ်ကာ ရှက်ရွံ့စွာဖြင့် မေးလာသည်။ “ဒီတော့ ကိုကိုယွီ truthလား dareလား?”

စုန်ယွီသည် သူ့လက်ထဲကကတ်ကို တောက်လိုက်သည်။ dareတွေအများကြီးကို သူမြင်တွေ့ထားတာကြောင့် သူတို့တွေလုပ်ခိုင်းလာမည့်အရာတွေကို သူတကယ်ပဲနည်းနည်းတော့ကြောက်သည်။

“ဒါဆိုရင်လည်း Truth”

“အားးးးးးး! အိုကေ!”

အပွင့်ကြီးကတ်မရထားသည့် ကောင်မလေးတွေအုပ်စုက စတင်ပြီး အော်ဟစ်လာကြတော့သည်။

အပွင့်ကြီးကိုင်ထားသည့်ကောင်မလေးကလည်း လူတိုင်းကို စိတ်မပျက်စေပါဘူး သူမမေးလိုက်သည်။ “နင်ညတိုင်းအိပ်မက်မက်တာ ဘယ်သူလဲ?”

စုန်ယွီ : “……”
ဒါကမေးခွန်းဖြစ်လာမယ်ဆိုတာ သူသိနေတယ်

လူတိုင်းအကြည့်တွေက သူ့အပေါ်ကိုရောက်နေရင်း တောက်လောင်နေသည်။ ရှဲ့ဆွေ့တောင်မှ သူ့ခေါင်းကိုလှည့်လာပေမယ့် သူ့အကြည့်ကတော့ နည်းနည်းအေးစက်နေသည်။

ဒီမေးခွန်းကို သူဖြေလို့မရပေ။ ဘာကြောင့်ဆို ဘယ်သူမှန်းသူတို့တွေသိသွားသည်နှင့် အိပ်မက်အကြောင်းတွေပါ မေးလာကြတော့မည်။ အဲ့အိပ်မက်တွေက ပြောပြလို့ရတဲ့အကြောင်းတွေမို့လို့လား? ဒါပေမယ့် တကယ်လို့သာသူမရှင်းပြခဲ့ရင်လည်း အထာကောက်လွဲသွားကြပြီး တစ်ပတ်တောင်မကြာတော့သည့်အချိန်အတွင်း သူက ရှဲ့ဆွေ့အကြောင်းအိပ်မက်မက်တယ်ဆိုတာကို လူတိုင်းသိသွားကြတော့မည်။ အမှန်တရားကို မသိကြပဲ သူက ရှဲ့ဆွေ့အကြောင်းနွေဦးအိပ်မက်မက်တယ်လို့ လူတိုင်းတွေးမိသွားကြမှာ သေချာပေါက်ပင်။

စုန်ယွီ : “မေးခွန်းကိုပြောင်းလို့ရတယ်ဆိုတာ ငါမှတ်မိတယ် အစောတုန်းက မာရှောင်တင်း မေးခွန်းပြောင်းလိုက်သေးတယ်မလား?”

ရှီပေါ်ဝမ်သည် တစ်ခဏလောက်မှင်သက်သွားပေမယ့် ဖြေလိုက်သည်။ “ဒါပေမယ့် သူအပြစ်ပေးခံရတယ်လေ”

မာရှောင်တင်းသည် ခေါင်းကိုညိမ့်လိုက်ပြီး သူ့မျက်လုံးတွေက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေသည်။ “အင်း ကျွန်တော် ဘီယာတစ်ဗူးဖွင့်သောက်လိုက်တယ်လေ အကိုကြီးယွီ လျှောက်မလုပ်နဲ့နော် အကိုက အရက်သောက်လို့မရဘူး!”

စုန်ယွီ : “……”

ကြည့်ရတာ တကယ်ကြီးအဲ့လိုရှိနေပုံပဲ။ နဂိုပိုင်ရှင်၏ကိုယ်က အရက်နည်းနည်းလေးတောင် သောက်လို့မရပေ။ သူ့ကိုယ်သူသေကြောင်းရှာရလောက်ထဲသွားတော့ မလုပ်ပါဘူး။

“အဲ့လိုဆိုရင် ငါတစ်ခြားတစ်ခုခုကိုသောက်လိုက်မယ်လေ” သူသည်စားပွဲပေါ်က လိမ္မော်ဆိုဒါကို ယူလိုက်ပြီး သူ့အတွက် ဖန်ခွက်အပြည့်ထည့်လိုက်သည်။ သူ့အသံက အရမ်းကိုသဘာဝကျနေသည်။ “နောက်မေးခွန်းတစ်ခုကိုမေး”

အပွင့်ကြီးကတ်ကိုကိုင်ထားသည့်ကောင်မလေး : “……”

ဆံထုံးနှင့်ကောင်မလေးသည် သူမမျက်နှာကိုကာလိုက်ပြီး သူမမှာငိုရမလားရယ်ရမလားတောင် မသိတော့ပေ။ “ကိုကိုယွီ နင်ဘယ်လိုလုပ်ပီး အဲ့လိုလုပ်နိုင်ရတာလဲ?”

စုန်ယွီသည် မျက်မှောင်ကျုံ့လိုက်သည်။ သူဒီလိုလုပ်တာမျိုးက ဂိမ်းစည်းကမ်းအပေါ် နည်းနည်းမလေးမစားလုပ်ရကျမှန်း သူခံစားလို့ရသည်။ ဖြေလိုက်ရမလား မဖြေပဲနေရမလားဆိုတာကို သူတွေဝေနေမိသည်… ပြောလိုက်ရင်ကလည်း အဲ့လောက်ကိစ္စကြီးမဟုတ်လောက်ပါဘူး

“ငါသူ့အတွက်သောက်ပေးမယ် မေးခွန်းပြောင်းလိုက်”

သူတွေးနေတုန်း ရှဲ့ဆွေ့ကရုတ်တရပ်ကြီး စကားဝင်ပြောလိုက်ကာ သူ့အသံက ပေါ့ပါးနေပြီး ဘာမှကိုဂရုစိုက်ခြင်းမရှိပေ။

“???”

“!!!”

“Wow!”

အူသံတွေလုပ်လိုက်တာကတော့ ကောင်လေးတွေဖြစ်သည်။

ကောင်မလေးတွေကတော့ အံ့သြမှုကြောင့် ရှက်သွေးဖြန်းသွားခြင်းတစ်ဝက် တုန်လှုပ်ချောက်ချားမှုတစ်ဝက်ဖြင့် သူတို့မျက်နှာထားတွေက ရှုပ်ထွေးနေသည်။

ဆံထုံးနှင့်ကောင်မလေး : “…… နတ်ဘုရားရှဲ့… နင်……” သူ ဒီတိုင်းအတင်းနည်းနည်းပါးပါးလောက်ကို နားထောင်ချင်ရုံလေးပါ — ဘာကြောင့်ဒါကဒီလောက်ခက်ခဲနေရတာလဲ?

စုန်ယွီလည်း ကြောင်အမှင်သက်သွားသည်။ သူသည် သူ့ခေါင်းကိုစောင်းလိုက်ပြီး ရှဲ့ဆွေ့အားကြည့်လိုက်သည်။

ရှဲ့ဆွေ့က ဘီယာတစ်ဗူးကိုတောင်ဖွင့်နေပြီလေ။ သူသည် တစ်ကြိုက်တည်းအကုန်သောက်လိုက်ပြီး သူ့လှုပ်ရှားမှုက သာမန်ကာလျှံကာနှင့်လွယ်လွယ်ကူကူပဲရှိပြီး သူတို့တွေ လင်းရွှေ့မှာ ပထမဆုံးအကြိမ်တွေ့သည့်အခေါက်ကအတိုင်းပင်။ ဒီတိုင်း လူတွေအနားအကပ်မခံသည့်အေးစက်မှုပျောက်ဆုံးနေတာပဲ ကွာသည်။
လင်းရွှေ့က အပြင်းဆုံးအရက်၁၀ပုလင်းတောင်မှ သူ့အတွက် ပြဿနာမရှိတာ။ ဘီယာတစ်ဗူးသောက်တာလေးက ကလေးကစားသလိုလောက်ပင်။

ရှဲ့ဆွေ့သည် သူ့အောက်နှုတ်ခမ်းကိုသပ်လိုက်ပြီး သူ့အကြည့်ကိုပင့်ကာ ပြုံးလိုက်၍ “ပြောင်းလိုက်”

အပွင့်ကြီးကတ်ကိုင်ထားသည့်ကောင်မလေးသည် သက်ပြင်းချလိုက်ပြီး သူမခေါင်းကိုခါလိုက်ကာ “အိုကေ ဒါဆိုရင် ငါရိုးရှင်းတဲ့မေးခွန်းကိုပဲမေးတော့မယ် ကိုကိုယွီ အခုနင့်မှာကြိုက်နေတဲ့ကောင်မလေးရှိလား?”

စုန်ယွီသည် အသိပြန်ကပ်သွားပြီး မေးခွန်းကိုအရမ်းရိုးရှင်းစွာပဲ ပြန်ဖြေလိုက်သည်။ သူသည်ခေါင်းခါပြလိုက်ပြီး “မရှိဘူး”
သူ့ဘဝသက်တမ်းနှစ်ခုလုံးမှာ သူဘယ်သူ့ကိုမှစိတ်မဝင်စားခဲ့ဖူးဘူး။

“မရှိဘူး?!”

တကယ်လို့ သူကြိုက်နေတဲ့သူတစ်ယောက်မှမရှိဘူးဆိုရင် နေ့တိုင်းသူအိပ်မက်မက်နေတာက ဘယ်သူလဲ?!!

သို့ပေမယ့် သူတို့မေးခွန်းကိုထုတ်မေးဖို့ အခွင့်အရေးမရလိုက်ပေ။

သူတို့အတန်းပိုင်ဆရာက selfie stickကို လက်မှာကိုင်ပြီး အခန်းထဲကို ဝင်တောင်လာနေပြီလေ။ သူသည် အော်ပြောလာသည်။ “လာ လာ ၃၀၅က ကျောင်းသားတွေ အကုန်လုံးလာပြီး ဓါတ်ပုံရိုက်ကြ”

လူတိုင်း : “???”

လူတိုင်း : “!!!”

သူတို့အတန်းပိုင်ဆရာက အရမ်းကိုပြုံးနေသည်က စားပွဲပေါ်ရှိ ဘီယာဗူးတွေအပေါ် အကြည့်မရောက်သွားခင်ထိသာ။ သူ့အပြုံးကတောင့်ခဲသွားသည်။

“……”

အခန်းထဲကလူတိုင်း အသက်ရှုအောင့်ထားလိုက်ကြသည်။

စက္ကန့်ဝက်လောက်ကြာသွားတော့ ထိုညဖက်ကစားပွဲက အခန်းထဲတွင် သူတို့အတန်းပိုင်ဆရာ၏အော်ဟစ်ဆူပူသံဖြင့် အဆုံးသတ်သွားသည်။

“မင်းတို့တွေ ဘာလုပ်နေကြတာလဲ?!!! အရက်ကိုဘယ်သူမှာလိုက်တာလဲ!! မင်းတို့တွေအရိုက်ခံချင်နေကြတာလား?! မင်းတို့အကုန်လုံး စာလုံးရေ၁၀၀၀ရှိတဲ့စာစီစာကုံးကို ရေးရမယ်!”

TIHCFCF Where stories live. Discover now