အခန်း (၄.၂)

7.7K 1.5K 30
                                    

စုန်ယွီ တစ်ကိုယ်လုံးတုန်လှုပ်သွားသည်။ သူ့ဖုန်းကို အိတ်ကပ်ထဲ ထည့်လိုက်ပီး ရုတ်တရပ် အပြင်သို့ အမြန်ကြီးထွက်သွားကာ ထိုဝန်ထမ်းနှစ်ယောက်ကို ခေါ်လိုက်သည်။

"ခနလောက်နေပါဦး!"

ဝန်ထမ်း၂​ယောက်လုံးသည် ရုတ်တရပ်ဆို​တော့ ​ကြောင်သွားသည်။ သူတို့နောက်လှည့်ကြည့်လိုက်သည့်အခါမှာတော့ ၁၅နှစ်အရွယ်ကောင်လေးတစ်ယောက် သန့်စင်ခန်းထဲကနေပီး အလောတကြီးထွက်လာတာကို တွေ့လိုက်သည်။

သူတို့က လင်းရွေ့က ဝန်ထမ်းများဖြစ်တာကြောင့် သူတို့၏ဝန်ဆောင်မှုပေးသည့်အဆင့်မှာ အမြဲစံချိန်မှီပင်။ စုန်ယွီ၏အဝတ်အသားကို ကြည့်ရုံဖြင့် နောက်ခံက သာမန်မဟုတ်ကြောင်း သူတို့ပြောနိုင်တာကြောင့် မေးလိုက်သည်။ "ဟယ်လို ကျွန်တော်တို့ ဘာများကူညီပေးရပါမလဲ ခင်ဗျ"

စုန်ယွီ၏အသံက စိုးရိမ်မှုကြောင့် စိတ်စောနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။ "ဘယ်အခန်းလဲ?"

ဝန်ထမ်းသည် နားမလည်ဖြစ်သွားပီး "ဘာကိုလဲ?"

စုန်ယွီသည် စိတ်မရှည်ဖြစ်နေတာကို ဖိနှိမ်ပီး "ရှဲ့ဆွေ့ရှိနေတာ ဘယ်အခန်းလဲ?"

ဝန်းထမ်းသည် ပြောရခက်ဘအနေရခက်သည့် ပုံစံမျိုးဖြင့် " Ah ... "

စုန်ယွီသည် သူတို့အား တိတ်တဆိတ်ကြည့်နေလိုက်ပီး သူ့ရဲ့နက်မှောင်နေသည့်အကြည့်များတွင် လေးနက်မှုများပြည့်နေပီး စကားတစ်လုံးချင်းစီကို ရှင်းရှင်းလင်းလင်းနှင့် သဲသဲကွဲကွဲပီပီသသကြားရအောင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ရှဲ့ဆွေ့နဲ့ ကျွန်တော်နဲ့က အတန်းဖော်တွေ"

ဝန်ထမ်းသည် စိတ်ထဲတွင်သာ သက်ပြင်းချလိုက်သည်။ သူတို့သည်လဲပဲ သွေးအေးလူသားတွေ မဟုတ်တာကြောင့် "သူက 305 မှာ"

စုန်ယွီသည် အနိမ့်သံဖြင့် "ကျေးဇူးတင်ပါတယ်"လို့ပြောလိုက်ပီး အောက်ထပ်သို့ ပြေးဆင်းသွားလိုက်သည်။

သူသည် သွားနေရင်းဖြင့် နောက်ထပ် စာရိုက်လိုက်ပီး သူ့အကိုဝမ်းကွဲကို ပို့လိုက်သည်။ "ကျွန်တော် 305 မှာ"

TIHCFCF Where stories live. Discover now