အခန်း (၄၂.၂)

4.4K 1K 56
                                    

အခန်း (၄၂.၂)
~~~~~~~~~

ရုံးခန်းအတွင်း၌။
ဆရာချန်သည် တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။ "ကျောင်းသားစုန်ယွီနဲ့ တစ်ခုံထဲအတူထိုင်ရတာ မင်းအနေနဲ့ဘယ်လိုခံစားရလဲ?"

ရှဲ့ဆွေ့သည် ခပ်ရေးရေးလေးပြုံးလိုက်ပြီး "တော်တော်လေးကောင်းပါတယ် သူက အရမ်းချစ်ဖို့ကောင်းတယ်"

ဆရာချန်သည် စိတ်သက်သာရာရသွားသလို သက်ပြင်းကိုချလိုက်ပြီး သူ့ဘောပင်ကို မြောက်လိုက်ကာ "အဲ့လိုဆိုရင်လည်း နောက်လတွေမှာ မင်းတို့နှစ်ယောက်အတူထိုင်လို့ရအောင် ဆရာစီစဉ်ပေးမယ် ကျောင်းသားစုန်ယွီက ကျန်းမာရေးသိပ်မကောင်းတော့ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်လေးရှိဖို့လိုအပ်တယ် မင်းနဲ့ထိုင်တာက ကောင်းပါတယ်"

ရှဲ့ဆွေ့သည် ဒီထက်ပိုကောင်းတာကို တောင်းဆိုစရာမရှိတော့ပေ။ သူသည်ခေါင်းညိမ့်လိုက်ပြီး "ကျေးဇူးတင်ပါတယ် ဆရာ"

သူရုံးခန်းထဲကနေထွက်ပြီး အောက်ထပ်ဆင်းသွားသည့်အခါ သူ့နာမည်ကို တစ်စုံတစ်ယောက်က ခေါ်လာသည်။

"ရှဲ့ဆွေ့" ဒီအသံက ရေလိုပျော့ပျောင်းနူးညံ့ပြီး အပြုံးရိပ်လေးပါဝင်နေသည်။ ရှဲ့ဆွေ့၏ခြေလှမ်းတွေက ရပ်သွားသည်။ သူသည် ဘေးဖက်ကို ခေါင်းစောင်းကြည့်လိုက်တော့ သူမသိသည့်ကောင်မလေးတစ်ယောက်က ကော်ရစ်ဒါမှာရပ်နေတာအား မြင်လိုက်ရသည်။ သူမသည် အဖြူရောင်ရှုးဖိနပ်၊ အပြာနုရောင်ရှပ်နှင့် အဖြူရောင်ပိတ်ကျဲစကပ် ခါးတွင် ခါးပတ်ပတ်ပြီး ဝတ်ဆင်ထားကာ သူမ၏ဖြူဖွေးသောခြေတံရှည်တွေကို ဖော်ပြထားသည်။ သူမမျက်နှာပေါ်တွင် မိတ်ကပ်ပါးပါးလေးရှိပြီး သူမသည် လိမ္မော်ရောင်နှုတ်ခမ်းနီကို ဆိုးထားကာ သူမအနက်ရောင်ဆံပင်ရှည်တွေကတော့ သူမပုခုံးပေါ်ကနေပြီး ကျောတွင် ဖြန့်ချထားသည်။ သူမစိတ်နေသဘောထားပုံစံက နူးညံ့လက်ဆတ်သည်။

ရှဲ့ဆွေ့သည် သူမအားစိုက်ကြည့်လိုက်ပြီး သူ့မျက်လုံးကတော့ လုံးဝကိုမဲနက်နေသည်။ သူ တစ်ခြားသူကိုကြည့်သည့်အခါ အေးစက်စက်နှင့်အနားမကပ်စေချင်သည့်ခံစားချက်မျိုး အမြဲပေးနေပြီး သူမပြုံးသည့်အခါ အေးစက်ပြီး စိမ်းကားသည့်ခံစားချက်က အရမ်းကိုသိသာလွန်းတာကြောင့် မိုင်ပေါင်းထောင်ချီကနေပြီးတောင် တစ်ခြားသူတွေကို ငြင်းပယ်နေသလိုပင်။

TIHCFCF Where stories live. Discover now