အခန်း (၃၃)

5.4K 1.2K 66
                                    

အခန်း (၃၃) – Hey
~~~~~~~~~~~~~

စုန်ယွီသည် ရှဲ့ဆွေ့၏အကြည့်ကြောင့် နည်းနည်းစိတ်ရှုပ်ထွေးသွားသည်။ ဆု?

အိုး ဟုတ်သား။ နွေရာသီကျောင်းပိတ်ရက်ကနေစပီး အခုထိ သူသည် ရှဲ့ဆွေ့ကို မေးခွန်းတွေနှင့်ပတ်သတ်သမျှ အမြဲနှိပ်စက်နေကာ ဘာမှပြန်ပီးမပေးမိပုံပဲ။ ဒီလိုမဖြစ်သေးပါဘူး။ အကိုကြီးယွီဆိုတာက တစ်စုံတစ်ယောက်ဆီက အယူပဲရှိပဲ အပေးမရှိတဲ့သူမျိုးမဟုတ်ခဲ့ဘူး။

စုန်ယွီသည် ဘေးဖက်ကိုင်းလိုက်ပီး တက်ကြွစွာဖြင့် မေးလိုက်သည်။ "မင်းဘာလိုချင်လဲ?"

စုန်ယွီ၏မျက်တောင်တွေကို အနီးကပ်ကနေပီး ရှင်းလင်းစွာမြင်နိုင်ကာ သူအသက်ရှုသည့်လေ၏အပူချိန်ကိုတောင် ခံစားလို့ရနေသည်။ ရှဲ့ဆွေ့သည် ရုတ်တရပ်ပြုံးလိုက်ပီးနောက် ပါးစပ်ကထုတ်ပြောစရာမလိုသော အရိပ်အမြွတ်ကိုပေးသည့်အနေနှင့် စုန်ယွီအား မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။ စုန်ယွီသည် နည်းနည်းမှင်သက်သွားသည်။ ရှဲ့ဆွေ့အခုလိုမျိုး လူငယ်ဆန်သည့်အမူအရာမျိုးလုပ်တာကို သူမြင်ရခဲသည်။ သူက လက်ဆတ်ပီး တောက်ပကာ မြူဆိုင်းနေသည့်တောအုပ်ကြီးထဲ မနက်ခင်းလေပြေလေးတိုက်ခက်သွားသလိုပင်။ ရှဲ့ဆွေ့သည် သူ့ခုံထဲကနေပီး စာရွက်တစ်ရွကိုထုတ်လာကာ ဘောပင်ကို ကိုင်လိုက်သည်။ နောက်ခံမှာ စာလုပ်နေသည့်အသံက ပြည့်နေပီး သူသည် စုန်ယွီထံ စာတစ်ကြောင်းရေးလိုက်သည်။

[ငါ့ကိုပြောပြ မင်းအခု ဘာကို စိတ်ရှုပ်နေတာလဲ?]

ရှဲ့ဆွေ့၏လက်ရေးက အရမ်းကိုလှသည်။ သူ့စကားလုံးတွေက ရှင်းလင်းကာ ကြော့ရှင်းပီး သူ့မှင်စုက်ချက်တွေက အတော်လေးထင်ရှားသည်။ စုန်ယွီသည် ရှဲ့ဆွေ့ကို တစ်ချက်လှမ်းကြည့်လိုက်ပီး အနည်းငယ်နားမလည်ဖြစ်သွားသည်။ သူလိုချင်တဲ့ဆုဆိုတာက သူ့မေးခွန်းရဲ့အဖြေလို့ သူကဆိုလိုတာလား? ဒါက သူဘာကိုဆိုလိုတာလဲ?

သို့ပေမယ့် တစ်ချို့စကားတွေက ထုတ်ပြောရတာထက် ချရေးရတာက ပိုပီးလွယ်ကူသည်။ စုန်ယွီသည် ဘောပင်ကိုယူလိုက်ပီး တွေးလိုက်ကာ နောက်ဆုံးတော့ အဖြေကို ချရေးလိုက်သည်။

TIHCFCF Where stories live. Discover now