အခန္း (၅၇)

5.1K 973 77
                                    

အခန်း (၅၇)  အင်တာနက်ကဖေး
~~~~~~~~~~~~~~~~~~~~~~~

ထောက်ခံမှုပေးတဲ့ဂိမ်းအသစ်။

စုန်ယွီနည်းနည်းတော့စိတ်ဝင်စားသွားသည်။ သူသည် မျက်ခုံးတွေကို ပင့်လိုက်ပြီး ရယ်လိုက်၍ "ကျွန်တော့်ကိုအဲ့အကြောင်းပြောပြပါဦး"

ဘယ်လိုပဲဖြစ်ဖြစ် ဒီည​နေ သူပျင်းပြီး ဘာမှမလုပ်ချင်ဘူးဖြစ်နေတယ်လေ။

စုန်ယွီဖက်က အခုလိုပူးပူးပေါင်းပေါင်းရှိလာတာကို မြင်လိုက်ရသည့်အခါ ဆိုင်ပိုင်ရှင်၏မျက်လုံးတွေက တောက်ပသွားပြီး စားပွဲပေါ်က လက်ကမ်းစာစောင်ကို တက်ကြွစွာယူလိုက်ပြီး "သူငယ်ချင်းလေး နတ်တို့ရဲ့လမ်းစဉ်ကို မင်းဆော့ဖူးလား? အဲ့ဒါက ဒီတစ်လောအတွင်းမှာ အရမ်းနာမည်ကြီးနေတဲ့ဂိမ်းလေ ငါအခုမင်းကိုပြောပြမယ့်ဂိမ်းက နတ်တို့ရဲ့လမ်းစဉ်ကို ပြန်လည်မွမ်းမံထားတဲ့ဗားရှင်းအသစ်လေ မူရင်းပုံစံနဲ့တော်တော်လေးကိုနီးစပ်ပြီး အဲ့ဂိမ်းနာမည်က <Extreme Owl Mania>တဲ့"

မာရှောင်တင်းမှာ ပန်းသီးနင်သွားသည်။

ဒီဂိမ်းအကြောင်းကို အကိုကြီးယွီရှေ့မှာ သူနေ့တိုင်းအမျှင်မပြတ်ပြောနေခဲ့တာလေ။ အကိုကြီးယွီက ဘယ်လိုလုပ်ပြီး ဒီလိုနည်းနဲ့အလိမ်ခံလိုက်ရတာလဲ?

ဘော့စ်ရေ <Extreme Owl Mania>ဆိုတဲ့ လူမသိသူမသိဂိမ်းကို ကြော်ငြာဖို့အတွက် နာမည်ကြီးတဲ့ဂိမ်းကိုယူမသုံးသင့်ဘူးနော် ဟုတ်ပြီလား? ဒါကအရမ်းရှက်ဖို့ကောင်းတယ်

စုန်ယွီသည် သူ့အကြည့်ကိုပင့်လိုက်ပြီး နှာခေါင်းရှုံ့လိုက်ကာ "ခင်ဗျားကတော့ နောက်နေတာပဲဖြစ်မယ် နတ်တို့ရဲ့ကျင့်စဉ် ဗားရှင်းအသစ်က ဘာကြောင့် Extreme Owl Maniaလို့ခေါ်တာလဲ?"

ဘော့စ်သည် ချောင်းဟန့်လိုက်ပေမယ့် သူသည် အရမ်းကိုမျက်နှာပြောင်တိုက်ကာ နည်းနည်းလေးမှမရှက်သွားပေ။ သူ့ဖက်က ကြေငြာကိုလက်ခံလိုက်ပြီးပြီဆိုမှတော့ သူအကောင်းဆုံးဖြစ်အောင် ပရိုမိုးရှင်းဆင်းပေးရမှာပဲလေ။ "အင်း နာမည်ကိုဘာလို့ဒီလောက်ဂရုစိုက်နေတာလဲ? ငါမင်းနဲ့အလောင်းအစားလုပ်ရဲတယ် - ဒီဂိမ်းက တကယ့်ကိုဆော့လို့ကောင်းတယ် နောက်ပြီး လူငယ်လေးတွေအားလုံး ဒီဂိမ်းကိုဆော့နေကြတာ <Extreme Owl Mania>က အခုလောလောဆယ်အတွင်းမှာ ကစားသမားအသစ်တွေအတွက် packageအသစ်တွေရှိတယ်လေ တကယ်လို့ မင်းကစားချင်ရင် ဒီမှာQR codeရှိတယ် ဒီကနေ မင်းဂိမ်းကိုdownloadလုပ်လို့ရပြီး နဂါးနိုင်ဓားရယ် မြေကမ္ဘာအဆင့်မြင်းရယ် နောက်ပြီး နတ်ဘုရားအဆင့်လက်နက်တစ်ခုရယ်ကို ရမယ်! တစ်ချက်ခုတ်လိုက်တာနဲ့ အချက်ပေါက်ပေါင်း၉၉၉ချက်ထိသွားမှာ! ၉၉၉ချက်နော်!"

TIHCFCF Where stories live. Discover now