အခန်း (၃၅.၁)

4.8K 1.1K 36
                                    

အခန်း (၃၅.၁) – ဒါက နည်းနည်းတော့နာတယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စာသင်ဆောင်အဟောင်းအတွင်း၊ ယခုတော့ စတိုခန်းအဖြစ် အသုံးပြုနေသော စာသင်ခန်းအဟောင်းထဲ၌ စားပွဲတွေခုံတွေက ရှုပ်ယှက်ခက်စွာ ပြန့်ကျဲနေသည်။ တံခါးကိုဖွင့်လိုက်သည်နှင့် ဆွေးမြည့်နေသည့်အနံ့အသက်ကို ရနိုင်သည်။ နံရံထောင့်တွေမှာ ပင့်ကူမျှင်အိမ်တွေရှိပီး ဖုန်တွေကလည်း ထူနေသည်။

"Tch အကိုကြီးစစ် သူလာပီ"

စားပွဲပေါ်တွင်ထိုင်နေသော အရပ်ရှည်ရှည်ကောင်လေး၃ယောက်ရှိပီး သူတို့က ကျောင်းပထမဆုံးနေ့တွင် စုန်ယွီကို ပြဿနာလာရှာသည့်သူတွေဖြစ်သည်။ ရှပ်အနက်၊ ကတုံးဆံတောက် နှင့် နားပေါက်၃ပေါက်ဆင့်ဖောက်ထားသည့်သူကတော့ ကျန်းရှိုးလို့ခေါ်သည်။ ဝမ်စစ်သည် နဂိုကတည်းက ဖုန်းဆော့နေတာဖြစ်သည်။ သူ့ကိုပြောလာတာကြားသည့်အခါမှသာ ဖုန်းကိုချထားပီး လှည့်ကြည့်လာသည်။ သူ့ပုံပန်းသဏ္ဍာန်က နဂိုကတည်းက မှိုင်းတိုင်းတိုင်းဖြစ်နေပီး သူ့မျက်ခုံးကြားက အပြုံးရိပ်က သူလိုချင်တာဘာကိုမဆို သေချာပေါက်ရအောင်ယူမည်လို့ ပြောနေသကဲ့သို့ပင်။ ဒါက မှောင်မိုက်ပီး မနှစ်မြို့ဖွယ်ကောင်းသည်။ "အိုး ဟေး ကျောင်းမင်းသားလေး ရောက်လာပီပဲ"

'ကျောင်းမင်းသား'ဆိုသည့်စကားလုံကို အရမ်းဒွိဟဖြစ်စေသည့်လေသံဖြင့်ပြောလိုက်ပီး သူ့အကြည့်တွေကတော့ ရှဲ့ဆွေ့၏ခန္တာကိုယ်ပေါ်မှာ ကပ်နေသည့်အလားပင်။

ရှဲ့ဆွေ့အထဲကိုဝင်သွားပီးနောက် သူ့နောက်က တံခါးကိုပိတ်လိုက်ကာ အရမ်းကိုယဉ်ကျေးစွာဖြင့် ပြုံးပြလိုက်၍ "အေး မင်းကိုစောင့်စေမိပီ"

သူ့တုံ့ပြန်မှုက သာမန်လူတစ်ယောက်ကဲ့သို့ဖြစ်နေတာကြောင့် အခန်းထဲက တစ်ခြားသူတွေကို စိတ်ရှုပ်ထွေးသွားစေသည်။

ဝမ်စစ်သည် သူ့မျက်လုံးတွေကို ကျဉ်းမြောင်းလိုက်ပီး မတ်တပ်ရပ်လိုက်ကာ "မင်းကို ငါဒီနေရာလာဖို့ ဘာလို့ခေါ်လိုက်လဲ မင်းသိလား?"

ရှဲ့ဆွေ့၏အမူအရာက မပြောင်းလဲသွားပေ။ သူသည် ပြုံးလိုက်ပီး "ပြောလေ ငါနားထောင်ကြည့်မယ်"

TIHCFCF Nơi câu chuyện tồn tại. Hãy khám phá bây giờ