အခန်း (၅၆)

6.4K 1.1K 66
                                    

အခန်း (၅၆) – Repair
~~~~~~~~~~~~~~~

စုန်ယွီသည် လေလိုပဲရောက်လာပြီး လေလိုပဲပြန်သွားကာ သူ့၏သဘာဝကျကျနှင့် အထိန်းအချုပ်ကင်းမဲ့သည့် ​နောက်ကျောမြင်ကွင်းကိုသာ ချန်ခဲ့လေတော့သည်။

ဝေ့ကျယ်မှာ တစ်ခဏလောက်ကို ကြောင်အမှင်သက်သွားသည်။ သူသည် နည်းနည်းမျက်နှာပူသွားတာကြောင့် ခေါင်းကိုစောင်းငဲ့ပြီး ချင်းမော့ကို ကြည့်လိုက်သည်။

ညစာစားပွဲက ချင်းမော့ကို ကြိုဆိုခြင်းအတွက် ကျင်းပတာဖြစ်ပေမယ့် စုန်ယွီကတော့ ညစာစားပွဲတောင်မစသေးခင် ပွဲ၏အဓိကလူရှေ့ကနေ လျှောက်ထွက်သွားကာ မျက်နှာလေးတောင်နည်းနည်းလေးမှမပေးသွားပေ။ ဒီလိုအရာမျိုးနှင့်ရင်ဆိုင်ရသည့်ဘယ်သူမဆို ရှက်သွားမှာလေ။

သူကိုယ်တိုင်တောင်သိချင်သွားမိသည်။ ဒီနှစ်ယောက်ကြား အေမြို့မှာကတည်း တစ်ခုခုရှိခဲ့တာလား? သူတို့တွေတဲ့အချိန် ယမ်းနံ့တွေက ပြင်းထန်လိုက်တာ။

စုန်ယွီထွက်သွားတာကို ချင်းမော့သည် တိတ်ဆိတ်စွာသာ ကြည့်နေလိုက်ပြီး သူ့ဘာသာသူ အတွေးပါပါဖြင့် ပြုံးလိုက်သည်။

ဝေ့ကျယ်၏နားမလည်သည့်အကြည့်တွေနှင့်ရင်ဆိုင်လိုက်ရသည့်အခါ သူ့မျက်နှာထားက မပြောင်းလဲသွားပေ။ သူသည် ဘာမှမဖြစ်သလိုဖြင့် ပြောလိုက်သည်။ "စုန်မိသားစုကတတိယသခင်လေးဆီမှာ တော်တော်လေးထူးခြားတဲ့စိတ်နေသဘောထားရှိတာပဲ"

သူ့လေသံကတော့ တည်ငြိမ်နေပေမယ့် နောက်ကွယ်ကအဓိပ္ပါယ်ကတော့ မဖော်ရွေပေ။

ဝေ့ကျယ်သည် သူ့စိတ်ထဲမှာပဲ တိတ်တိတ်လေးသက်ပြင်းချလိုက်သည်။ ဒီနှစ်ယောက်ကတော့ တစ်ယောက်ပေါ်တစ်ယောက် သဘောမကျတာကို အတည်ပြုပြီးသွားတဲ့ပုံပါပဲ။ ဖြစ်ချင်တော့လည်း ချင်းမိသားစုကော စုန်မိသားစုကော တစ်ခုမှလွယ်လွယ်လေးရန်စလို့ရသည့်မိသားစုတွေမဟုတ်။ ဒီဘိုးဘေးလေးနှစ်ယောက် နောက်ကိုတစ်ယောက်နှင့်တစ်ယောက် ထိပ်တိုက်မတွေ့ပါစေနဲ့လို့ပဲ သူမျှော်လင့်ရုံရှိတော့သည်။

သူ့မှာ စုန်ယွီဖက် ပိုအလေးသာသည်ဆိုသော်လည်း သူသည် ဝတ်ကျေတမ်းကျေတော့ပြုံးပြလိုက်ပြီး စကားလမ်းကြောင်းကို ပြောင်းလိုက်သည်။ "အချိန်လည်းမစောတော့ဘူး သခင်လေးချင်း အရင်ဆုံးအောက်ဆင်းသွားရအောင် မင်းကိုတွေ့ဖို့စောင့်နေတဲ့သူတွေက အများကြီးပဲ"

TIHCFCF Where stories live. Discover now