အခန်း (၁၉.၁)

6.3K 1.3K 53
                                    

အခန်း (၁၉.၁) - ကျူးကျီရှင်း
~~~~~~~~~~~~~~~~~~~

စာအရမ်းတော်တဲ့သူအဖြစ် ဟန်ဆောင်ရတာက တကယ်တမ်းတော့ ခဏလေးသာ ခံစားလို့ကောင်းတာဖြစ်သည်။ လစဉ်စာမေးပွဲဖြေရတော့မယ့်အချိန်လည်း ​ရောက်လာရော သူသေတာပဲ။

ရှက်စရာကောင်းတာတွေမဖြစ်လာအောင် ရှောင်ဖို့အတွက် စုန်ယွီသည် ရူပဗေဒမေးခွန်းစာရွက်ကိုထုတ်ကာ ရူပဗေဒကို စတင်လေ့လာတော့သည်။

မာရှောင်တင်းက အငြိမ်မနေနိုင်ဖြစ်နေသည်။ စုန်ယွီကနေပီး 'ရူပဗေဒ(၁)' လေ့ကျင့်ခန်းစာအုပ်ကို ပြောင်းလိုက်တာကို မြင်လိုက်တော့ အရမ်းတွေ စိတ်အားတက်ကြွလှုပ်ရှားနေပီး : "အကိုကြီးယွီ နောက်ဆုံးတော့ အကိုက သင်္ချာကို လက်လျော့လိုက်ပီလား?"

စုန်ယွီသည် ပထမတစ်မျက်နှာကိုပဲ ဖွင့်ရသေးပေမယ့် ပြောလာတဲ့စကားက ပြဿနာရှိနေတယ်လို့ ခံစားလိုက်ရသည်။ သူ့နှုတ်ခမ်းထောင့်က အောက်သို့ကွေးသွားပီး : "မင်းစကားတွေက ပိုပီးလေးလေးစားစားရှိမှပေါ့ လက်လျော့လိုက်တယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ?"

ဒီတော့မှသာ မာရှောင်တင်းသည် နားလည်သွားတော့သည်။ အကိုကြီးယွီက စာအရမ်းတော်တဲ့သူအဖြစ် အေမြို့တွင် နာမည်တစ်ခုရှိထားသည်လေ။ သူသည် ချက်ချင်းပဲ မျက်နှာပူသွားပီး : "အိုး ကျွန်တော်ဉာဏ်တိမ်သွားတာပါ! အကိုကြီးယွီက သေချာပေါက်ကို စေ့စေ့စပ်စပ်ကျွမ်းကျင်သွားတာပဲ ဖြစ်ရမယ်"

ရှီပေါ်ဝမ်ကတော့ စိတ်အားထက်သန်မှုအပြည့်ပင်။ "အကိုကြီးယွီ အကို့ဆီမှာ သင်္ချာကို ဘယ်လိုလေ့လာရမလဲဆိုတဲ့ နည်းလမ်းတစ်ခုခုကို ညွှန်းပေးလို့ရမလား?"

စုန်ယွီသည် သူ့မျက်လုံးတွေကို ခဏလောက်ပင့်လိုက်သည်။ သူ့အရင်ဘဝက သူသည် စာအရမ်းတော်သည့်သူတော့မဟုတ်ပေမယ့် သူ့အဆင့်တွေက အဆိုးကြီးတော့လည်းမဟုတ်ပေ။ ဟောင်းနေပီးဖြစ်နေပေမယ့် အသုံးပြုနေကြဆဲဖြစ်သည့် အကြံဉာဏ်ကို ပေးလိုက်သည်။ "မှတ်စုကို သေသေချာချာလေး လိုက်မှတ် အကျဉ်းချုပ်တတ်အောင် သင်ယူ ပီးတော့ ခြုံငုံကောက်ချက်ချတဲ့နေရာမှာလည်း တော်အောင်လုပ် မင်းနားမလည်ရင်မေး မင်းသိချင်တာတွေကို ချန်မထားခဲ့နဲ့"
မဟုတ်ရင်တော့ မင်းရဲ့အထက်တန်း၃နှစ်လုံး ခံစားသွားရလိမ့်မယ်။

TIHCFCF Where stories live. Discover now