အခန်း (၁၃)

7.4K 1.6K 109
                                    

အခန်း(၁၃) – ပူရှိန်းအရသာပွေ့ဖက်မှု

~~~~~~~~~~~~~~~~~~~~~~~~

စုန်ယွီသည် ဒီပတ်ဝန်းကျင်က လမ်းအနေအထားကို မရင်းနှီးပေ။ သူသည် ပြေးနေရင်း ရဲကိုခေါ်လိုက်သည်။

အသက်ကို ပြင်းပြင်းရှုသွင်းနေရင်း။

"ဟယ်လို 110ကလား?"

"ဒီမှာ သနားစရာအထက်တန်းကျောင်းသားလေးတွေကို လျန်ယွမ်လမ်းပေါ်က လူဆိုးတွေက လိုက်အနိုင်ကျင့်နေတယ် ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူးလား?"

ဒီတုတ်တွေဓားတွေဆောင်ထားတတ်သည့်လူမိုက်ဆယ်ကျော်သက်ကောင်လေးတွေအုပ်စုကို ဆိုရှယ်လစ်တွေအဖြစ်ကင်ပွန်းတပ်ခံလိုက်ရပီဖြစ်တာကြောင့် ရဲတွေဖက်ကနေပီး အကြမ်းဖက်မှုကို နှိမ်နှင်းပီး ငြိမ်းချမ်းရေးပြန်ရအောင်လုပ်ပေးသင့်သည်လေ။

ရဲသားကလည်း ဒီလိုစကားမျိုးနှင့်နည်းနည်းရင်းနှီးသလိုဖြစ်နေတာကြောင့် "ကျောင်းသားလေး ... " အရင်တစ်ခေါက်တုန်းကလည်း ရဲကိုခေါ်လိုက်တာ မင်းပဲ ဟုတ်တယ်မလား

ဖြစ်ချင်တော့ စုန်ယွီက ဖုန်းတောင်ချသွားပီဖြစ်သည်။

လျန်ယွမ်လမ်းပေါ်တွင် လမ်းကြားလေးတွေအရမ်းများသည်။ လရောင်က မထင်မရှားဖြစ်နေပီး ကြယ်တွေက မှိတ်တုတ်မှိတ်တုတ်လေးပဲဖြစ်နေကာ လမ်းမီးတိုင်များ၏အရိပ်များကလည်း ရှည်လျားစွာကျရောက်နေသည်။

စုန်ယွီသည် သွားရင်းသွားရင်းနှင့် နောက်ဆုံးတော့ လမ်းပိတ်တခုမှာ အဆုံးသတ်သွားသည်။

"shit"

နှစ်ယောက်သား ရှေ့ပြေးလိုက် နောက်ပြေးလိုက် ပြေးနေရင်း လမ်းသရဲအုပ်စုကို လက်တလောတော့ မျက်ခြေဖြတ်ခဲ့နိုင်သွားပေမယ့် ဒီလမ်းကြားသည် တော်တော်ရှည်ပီး လမ်းမကြီးနှင့်သာ ဆက်သွယ်ထားသည်။ သူတို့ပြေးလာခဲ့သည်နေရာကို ပြန်ရောက်သွားမည်က တော်တော့်ကိုအန္တရာယ်များသည်။

စုန်ယွီသည် ဘေးဖက်ကိုကြည့်လိုက်တော့ အမှိုက်ပုံးတစ်ခုကိုသာ တွေ့မိသည်။ နောက်တော့ အပေါ်ကိုမော့ကြည့်ပီး အနိမ့်ဆုံးနံရံ၏အမြင့်ကိုခန့်မှန်းလိုက်သည်။ သူသည် အံ့ကိုကြိတ်လိုက်ပီး အပေါ်ကိုလက်ညိုးထိုးပြလိုက်ကာ "အပေါ်ကိုတက်ပီး ဟိုဖက်ကိုသွားရအောင်"

TIHCFCF Where stories live. Discover now