အခန်း(၅၈.၁)

5.9K 936 79
                                    

အခန်း (၅၈.၁) - ပူရှိန်းအရသာလေးလို
~~~~~~~~~~~~~~~~~~~~~~~~~~

အင်တာနက်ဆိုင်ကိုသွားခြင်းက စိတ်ထဲပေါ်လာတာကို ချက်ချင်းဆုံးဖြတ်လိုက်တာမျိုးဖြစ်ပြီး သူ့အာရုံက ဂိမ်းထဲတွင် ရှိမနေပေ။ 

ဂိမ်းထဲက မြင်ကွင်းရှုခင်းတွေက သိသာထင်ရှားစွာ ပုံဖော်ထားပြီး ဟိုးအရင်စတိုင်လ်လိုမျိုးကို အံ့ဩဖွယ်ကောင်းအောင် လုပ်ထားသည်။ သူသည် ကောင်မလေးကို ထိန်းချုပ်ပြီး ဟိုဟိုဒီဒီလျှောက်သွားလိုက်သည်။ 
အကောင်သေးသေးလေးတွေနှင့် ဘော့စ်အသေးစားလေးတွေက မေ့လျော့ခြင်းမြစ်တစ်လျှောက်တွင် ရှိနေသည်။ သူတို့အသက်ဘားက အရမ်းမမြင့်တာကြောင့် သူတို့တွေကို လွယ်လွယ်လေးသတ်လို့ရနိုင်ပေမယ့် သူမကိုယ်သူမပျော်ပွဲစားထွက်နေသလို လျှောက်သွားနေသည့် သမားတော်လေးရဲ့ပုံစံကို အဖွဲ့သားတွေက သိပ်သဘောမကျပေ။ 

[အဖွဲ့] ဖန်မီးအိမ် : ? သမားတော်

 [အဖွဲ့] အရူးလိုသွေးဆာနေတဲ့သခင်လေး : ကုသသူ လျှောက်မသွားနဲ့နော် အိုကေ? မင်းဘာမှလုပ်စရာမလိုဘူး ငါတို့နောက်ကိုပဲ လိုက်နေရုံဆိုရင် ရပြီ တကယ်ပါပဲ ငါတို့တွေ အကြိမ်ပေါင်းမနည်းမအောင်နေတာ ဒီလိုလူမျိုးတွေနဲ့ လာလာတွေ့နေလို့ပဲ 

မာရှောင်တင်းပြောသည်။ "ဝေါင်း အကိုကြီးယွီ သူတို့တွေ အကို့အကြောင်းပြောနေကြတယ်" 

စုန်ယွီ : "ငါကန်းမနေဘူး" 

အရင်တစ်ခေါက် ဂိမ်းဆော့တုန်းက စုန်ယွီပေးလာသည့်အကြံကို မာရှောင်တင်းတွေးမိသွားလိုက်ပြီး အကြံပြန်ပေးလိုက်သည်။ "သူတို့တွေကို ချစ်ဖို့ကောင်းအောင်လုပ်ပြချင်လား?" 

စုန်ယွီသည် မာရှောင်တင်းအား ကြည့်လိုက်ပြီး "မင်းက သူတို့တွေကို မီးတိုက်ရိုက်ရှို့ခိုင်းပစ်လိုက်လောက်မယ်လို့ ငါထင်နေတာ" 

မာရှောင်တင်း "??? အဲ့လိုမလုပ်နဲ့လေ ဂိမ်းထဲမှာ အကိုဘယ်လောက်ချစ်ဖို့ကောင်းနေလဲဆိုတာကို ကြည့်လိုက်ဦး အကို့နာမည်ကလည်း အရမ်းချစ်ဖို့ကောင်းတယ်" 

စုန်ယွီသည် မာရှောင်တင်းအား လျစ်လျူရှုလိုက်ပြီးတော့ အဖွဲ့နောက်ကိုမလိုက်ခင် သူ့ဖက်က မက်ဆေ့ချ်ကို လက်ခံရရှိကြောင်း အသိပေးသည့်အနေနှင့် အစက်တွေ အများကြီးချလိုက်သည်။ သူက ကမ်းနာကိုရောက်လာသော်ငြားလည်း သူ့ကိုယ်သူအရမ်းငံတဲ့ငါးတစ်ကောင်မဖြစ်စေချင်ဘူးလေ။ 

TIHCFCF Where stories live. Discover now