အခန်း (၃၇.၁)

4.4K 1.1K 45
                                    

အခန်း (၃၇.၁) – မိသားစုကိုခေါ်ခြင်း
~~~~~~~~~~~~~~~~~~~~~~~~

မေမေမုန့်သည် တစ်ချက်တော့တုံ့သွားပေမယ့် ပြုံးကာ မေးလိုက်သည်။ "ကျင်းချန်နံပါတ်တစ်?"

စုန်ယွီသည် ခေါင်းညိမ့်လိုက်သည်။ သူသည် အိုးယိလျန်နှင့် ဝမ်စစ်၏အမေတို့ကိုကြည့်လိုက်ကာ တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်သည်။ "အင်း ကျွန်တော်ပြဿနာနည်းနည်းတွေ့နေလို့ ဆရာမက ကျွန်တော့်ကို အုပ်ထိန်းသူခေါ်စေချင်နေတယ်"

"အုပ်ထိန်းသူကိုခေါ်တယ်?"

မေမေမုန့်သည် သိသိသာသာကို အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။

ဖုန်းတစ်ဖက်ကနေပီး ပန်းကန်ပေါ်တွင် အသီးပြင်ဆင်နေသံက ထွက်လာသည်။ တစ်ချိန်တည်းမှာပဲ အိမ်ဖော်တစ်ယောက်မှ တစ်ခုခုလာပြောတာကြောင့် မေမေမုန့်သည် စကားအနည်းငယ်ပြန်ပြောနေသည်။ နောက်တော့ သူမသည် ဖုန်းကိုပြန်ကိုင်လိုက်၍ ဒီတစ်ခေါက်တွင်တော့ သူမလေသံက လေးနက်သွားကာ "ကောင်းပီ ခဏလေးစောင့်နေနော် ယွီယွီ အန်တီချက်ချင်းလာခဲ့မယ်"

ဝမ်စစ်အမေက အနားတွင်ရပ်နေတာဖြစ်ပီး သူမအကြည်ကတော့ အေးစက်နေတုန်းပေ။ အစောနလေးတင် စုန်ယွီဆီမှ ပါးရိုက်ခံလိုက်ရခြင်းက သူမလည်ချောင်းထဲက အရိုးခံနေသလိုဖြစ်နေသည်။ သို့ပေမယ့် သူမမှာလည်း သူမကိုယ်ပိုင်သရုပ်တစ်ခုကို လက်ကိုင်ထားနေတာကြောင့် အောက်တန်းစားတစ်ယောက်ကို ပြန်တိုက်ခိုက်တာမျိုးလည်း မလုပ်နိုင်ပေ။ စုန်ယွီရဲ့မိဘကို ခေါ်လိုက်တာက သူမကိုပျော်စေသည့် ရလဒ်ပင်။ လူကြီးတွေကြားထဲကကိစ္စကို လူကြီးနည်းဖြင့်သာ ဖြေရှင်းသင့်သည်။

စုန်ယွီကတော့ နောင်တရသွားလိမ့်မယ် - ဘဝတစ်သက်စာနောင်တပေါ့။ ဒီအသက်အရွယ်သာရှိသေးတဲ့ကလေးတွေက ဒူးထောက်ပီး သနားပေးဖို့ တောင်းပန်ရမည်ကို နားမလည်ခင် လောကကြီးရဲ့ရက်စက်မှုကို အရင်မြင်သွားဖို့ လိုအပ်သည်။

ဝမ်စစ်၏အမေသည် တည်ငြိမ်စွာထိုင်နေ၍ သူမမျက်နှာက အေးစက်နေပေမယ့် အပေါ်ယံအပြုံးကို ပြုံးလိုက်ပီး "နင်က နင့်အဒေါ်ကို ခေါ်လိုက်တယ်? နင့်အမေအရင်ကိုမဟုတ်ပဲနဲ့? နင်က အမေကမွေးလာပေမယ့် အမေရဲ့အုပ်ထိန်းမှုအောက်ကြီးပြင်းလာမှုမရှိတဲ့ တကယ့်အမှိုက်ပဲ ဒီလိုကောင်းမွန်တဲ့ကြီးပြင်းမှုမျိုး မရှိတဲ့သူအချင်းချင်းတွဲမိနေကြမှတော့ နင်တို့နှစ်ယောက်နဲ့ ငါ့သားဆုံမိတာ ငါ့သားအပေါ် မျိုးဆက်ဘယ်နှစ်ဆက်လောက်က ကံဆိုးမှုတွေ စုနေတာလဲဆိုတာ ငါတကယ်မသိတော့ဘူး"

TIHCFCF Where stories live. Discover now