အခန်း (၄၁)

6.6K 1.2K 131
                                    

အခန်း (၄၁) – မင်းအတွေးတွေထဲတဝဲလည်လည်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စုန်ယွီ မျက်နှာချင်းဆိုင်က ကောင်မလေးကို မော့ကြည့်လိုက်သည်။

အခုတော့ သူမက ဆွဲဆောင်မှုရှိသည့်အပြုံးနှင့် သူ့အားကြည့်နေသည်။ သူတို့မျက်လုံးချင်းဆုံသွားသည့်အခါ သူမသည် ချက်ချင်းငုံ့သွားပီး အင်္ဂလိပ်စာအုပ်နှင့် သူမမျက်နှာကိုကွယ်လိုက်သည်။

"......"
အဲ့လောက်လိုလို့လား?

စုန်ယွီ၏နှုတ်ခမ်းထောင့်တွေက အောက်စိုက်သွားသည်။ သူမကို သူလျစ်လျူရှုလိုက်ပီး ပို့စ်ကိုသာ ပြန်ကြည့်လိုက်သည်။

41Lကို ဆက်တိုက်လှောင်ပြောင်ကြပီးတော့ တစ်စုံတစ်ယောက်က အဓိကအကြောင်းအရာကို ပြန်ရောက်အောင်လုပ်လိုက်သည်။

နောက်ဆုံးတော့လည်း သူတို့အရူးအမူးဖြစ်နေကြသည့်CPကို ကာယကံရှင်တွေရှေ့မှာ အတင်းကာရောပြောဆိုတာမျိုးတော့ မလုပ်ရဲကြပေ။ သူတို့အတွင်းစိတ်ထဲက စိတ်အားထက်သန်မှုတွေကို ဖိနှိမ်ထားပီး တက်ကြွကာ ရိုးသားသည့်နည်းမျိုးနှင့် မေးခွန်းတစ်ခုကို မေးလိုက်သည်။

[ကိုကိုယွီ နင်နဲ့နတ်ဘုရားရှဲ့တို့ အတူတူစာလုပ်နေကြတာလား? လစဉ်စာမေးပွဲအတွက် ပြင်ဆင်နေကြတာလား? [သွားဖြီးကာရယ်နေ][ရှက်နေ] ]

စုန်ယွီသည်စောင့်နေရတာပျင်းလာတာကြောင့် replyပြန်လိုက်သည်။

121L မင်းယောက်ျားကိုကိုယွီ : ငါ့အိမ်စာတွေကို သူကကူလုပ်ပေးနေတာ

ဖိုရမ်ထဲ၌ အာခေါင်ခြစ်အော်သံတွေ အပြည့်ဖြစ်သွားသည်။

[ Aaahhhhhhh!!! ]

[ Wuwuwu ဒါက ဘယ်လိုတောင်မှော်ဆန်တဲ့နေ့လေးလဲ?! ရုတ်တရပ်ငါအားတွေပြန်ပြည့်လာသလိုခံစားလိုက်ရတယ် ငါကိုကူကြပါဦး ငါနောက်ထပ်သင်္ချာ၂မျက်နှာလောက် ထပ်တွက်နိုင်သေးတယ်လို့ ထင်တယ်]

[သေစမ်း နင်တို့တွေ ကိုကိုယွီကို လန့်အောင်လုပ်မနေကြနဲ့! သက်ဆိုင်ရာသက်ဆိုင်ရာပို့စ်တွေဆီကိုသာသွားလိုက် ဒီမှာတော့ သာမန်အတိုင်းလေးပဲထားကြပါဟ]

TIHCFCF Where stories live. Discover now