အခန်း (၁၈)

7.1K 1.4K 74
                                    

အခန်း (၁၈) - ဝမ်စစ်
~~~~~~~~~~~~~~

စုန်ယွီ၏အကြည့်တွေက နောက်ဆုံးတော့ ရှဲ့ဆွေ့လက်ထဲက စာရွက်တွေပေါ် ရောက်သွားတော့သည်။ "ဒါက ဘာလဲ?"

ရှဲ့ဆွေ့သည် အသာပြုံးလိုက်ပီး "နှစ်သစ်ကျောင်းသားကိုယ်စားပြုမိန့်ခွန်း"

စုန်ယွီသည် ယူကြည့်လိုက်ပီး စာရွက်တွေလှန်ကြည့်လိုက်ပီးနောက် ကျစ်သပ်လိုက်သည်။ "ဒါက တစ်မြို့လုံးအဆင့်တစ်ကို ဆက်ဆံတဲ့ပုံစံပေါ့ တစ်တန်းလုံးရဲ့အရှေ့မှာ စကားထွက်ပြောရတဲ့ချိန် မင်းစိတ်လှုပ်ရှားနေမှာလား?"

ဒါက တကယ့်ကို ထူးဆန်းသည့်မေးခွန်းပင်။ ရှဲ့ဆွေ့သည် အရင်ဘဝတုန်းက မရေတွက်နိုင်အောင် မိန့်ခွန်းပြောဖူးသည်။ ကုမ္ပဏီမှာ၊ တက္ကသိုလ်မှာ၊ သိပ္ပံနှင့်နည်းပညာစုဝေးဟောပြောပွဲတွေမှာ စသည်ဖြင့်ပေါ့။ အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို နှင့် လူငယ်တွေ၊ အောင်မြင်တဲ့သူကော သာမန်လူတွေကော၊ ပြည်တွင်း ပြည်ပက လာရောက်နားထောင်သည့်သူတွေ၊ အကြောင်းအရာနှင့် သက်ဆိုင်သူကော မသက်ဆိုင်သူကော ဒီလိုလူတွေအများကြီးကို ရင်ဆိုင်ဖူးသည်။ အထက်တန်းကျောင်း နှစ်သစ်ကျောင်းသားကိုယ်စားပြုမိန့်ခွန်းထွက်ပြောရတာလေးအတွက်နဲ့ သူက ဘယ်လိုလုပ်ပီး စင်ကြောက်တာဖြစ်မှာလဲ?

ဒါပေမယ့် စုန်ယွီ၏စကားကိုကြားလိုက်သည့်အခါ သူသည် စနောက်ချင်သည့်အပြုံးဖြင့် မျက်လွှာကိုနည်းနည်းချလိုက်ကာ "နည်းနည်းပေါ့"

A66, Lagrange နဲ့ ၁၃၅ဒီဂရီ တို့ကြောင့် အရှက်ရခဲ့တာတွေကို စုန်ယွီက မေ့သွားပီဖြစ်သည်။ သူက ကြင်နာတတ်ပီး နှလုံးသားနွေးထွေးသည့်သူဖြစ်တာကြောင့် ရှဲ့ဆွေ့အား နှစ်သိမ့်ပေးလိုက်သည်။ : "စိတ်မလှုပ်ရှားနဲ့ မင်းကိုထောက်ခံပေးဖို့ လူတွေကို ပိုက်ဆံပေးလိုက်မယ် လက်ခုပ်တီးရင် ၁၀ယွမ်၊ နာမည်အော်ခေါ်ပေးရင် ၅၀ယွမ် နဲ့ စင်ပေါ်တက်ပီး ပန်းစည်းပေးမယ်ဆိုရင် ၁၀၀ယွမ် ပန်းတွေကိုလည်း ငါဝယ်ပေးလိုက်မယ် သူငယ်ချင်းတွေကို ခေါ်လာရင် အပိုငွေရမယ် လူများများပိုခေါ်လာလေ သူတို့ရမယ့် အကျိုးမြတ်က ပိုကြီးလေပဲ"

TIHCFCF Tempat cerita menjadi hidup. Temukan sekarang