အခန်း (၁၆) – September
~~~~~~~~~~~~~~~~စုန်ယွီသည် နံပါတ်၁အထက်တန်းကျောင်းတွင် တစ်ခါလေးပေါ်လာပီးသည့်နောက် အရမ်းကိုနာမည်ကြီးသွားပီး သူနှင့်ပတ်သတ်သည့်ပို့စ်မှန်သမျှ ထိပ်ဆုံးတွင်ပေါ်လာသည်။ တစ်ချို့တွေက သူတို့အချစ်ကိုဖွင့်ပြောနေကြပီး တစ်ချို့တွေက ဟာသလုပ်နေကာ တစ်ချို့တွေကတော့ သူ့အားတိုက်ရိုက်ပဲအပြစ်တင်ပြောဆိုတော့သည်။
[ကိုကိုယွီဆိုတဲ့တစ်ယောက်က ဘာလဲ ဘာလို့သူ့စကားတွေအားလုံးက အရူးလိုဖြစ်နေတာလဲ?]
မင်းယောက်ျားကိုကိုယွီ : ငါက ဘာမှမဟုတ်ပါဘူး ရူးနေတာ? မဟုတ်ပါဘူး ဘာပဲဖြစ်ဖြစ် ငါက ငယ်ငယ်ထဲက အရိုက်မခံရတဲ့နေ့ဆိုတာမရှိဘူး
[ကိုကိုယွီ နင့်ကို ငါဖွင့်ပြောချင်တယ်! နင်ပြောသမျှစကားလုံးတိုင်းက ငါ့ကိုစိတ်ထဲကအော်ချင်လာအောင်လုပ်နေတယ် နင့်နာမည်ကတောင် ငါ့လိုမိန်းမငယ်လေးရဲ့နှလုံးကို လာထိုးဆွနေတယ် နင်က ငါ့အကြိုက်အကုန်လုံးနဲ့ကိုက်ညီတဲ့ ယောက်ျားတစ်ယောက်လို့ ငါထင်တယ်! ငါတို့ကစိတ်တူကိုယ်တူတွေပဲ ကောင်းကင်ကသတ်မှတ်ပေးထားတဲ့အတွဲပဲ [dog head]! ]
မင်းယောက်ျားကိုကိုယွီ : အဲ့ဒီတော့ အံ့သြစရာမကောင်းတာကတော့ နင်နဲ့ငါက အပြင်မှာဘာမှဖြစ်စရာမရှိတာပဲ
ဒီလိုပို့စ်အောက်တွင် ထူးထူးခြားခြားတိတ်ဆိတ်နေသည်။
[ဘယ်လောက်တောင်သနားစရာကောင်းလိုက်တဲ့ကောင်မလေးလဲ]
[ကိုကိုယွီ : ငါ့ကိုမကြိုက်နဲ့ ဘာမှပြန်ရမှာမဟုတ်ဘူး]
[ယို့ ဖန်ကို မုန်းတာလား? ဘယ်လောက်တောင်ဗိုလ်ကျတာလဲ ငါကြိုက်တယ်]
[ကိုကိုယွီ နင့်နာမည်အရင်းနဲ့ဓါတ်ပုံကို ဝေမျှလို့ရမလား? ငါက ချစ်စရာကောင်းတဲ့အသံလေးနဲ့ 36Dရှိတယ် ကျောင်းတွေစဖွင့်ရင် ငါနဲ့တောထဲမှာတွေ့ချင်လား?]
[ကိုကိုယွီ သူတို့ကိုမယုံနဲ့ ချစ်စရာကောင်းတဲ့အသံနဲ့36D တစ်ယောက်မှမရှိဘူး! အပေါ်ကတစ်ယောက်က လူလိမ်ပဲ! ငါ့ကိုကြည့်! ငါက အရမ်းကိုချစ်ဖို့ကောင်းတယ်!]
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...