အခန်း (၄၉.၁) – ချင်းမိသားစု
~~~~~~~~~~~~~~~~~~~သောကြာနေ့ည၊ လင်းချင်းလမ်းမ။ လူတိုင်းက ပါတီစံအိမ်ကိုသွားချင်ကြပေမယ့် ဆရာချန် မပိတ်ပင်ပဲအနေနိုင်ဆုံးကတော့ KTVသာရှိသည်။ 'သီချင်းဆိုရုံပဲ' လုံလောက်ပြီလို့ သူအတင်းအကြပ်ပြောတော့မှသာ ကျောင်းသားတွေဖက်က လက်လျှော့သွားသည်။ လူတိုင်းက ကျောင်းကပြန်ရောက်သည်နှင့် သူတို့လွယ်အိတ်တွေကို ချထားခဲ့ပြီး ညနေခင်း အဖွဲ့လိုက်ပျော်ပွဲကတော့ ၆နာရီတွင် ဆုံကြရန် သတ်မှတ်ထားသည်။
သူတို့တစ်ခန်းလုံးအတွက် KTV၃ခန်းကို ယူထားသည်။
အုပ်စုဖွဲ့ကစားခြင်းမတိုင်မှီ အချိန်တစ်နာရီသာရှိတာကြောင့် အိမ်အထိပြန်သွားဖို့မလိုအပ်ပေ။ စုန်ယွီသည် သူ့ကိုလာကြိုရန်အတွက်ကိုလည်း ဖုန်းမခေါ်ထား။ ထိုအစား သူ့ပစ္စည်းတွေကို တိုက်ခန်းမှာသာ ပြန်သွားထားလိုက်ပြီး လင်းချင်းလမ်းမကို ရှဲ့ဆွေ့နှင့်အတူသွားလိုက်သည်။
မာရှောင်တင်းလည်း သူတို့နှင့်အတူလိုက်လာပြီး ရှီပေါ်ဝမ်ကိုပါအတူဆွဲခေါ်လာသည်။
အရင်တစ်ခေါက် သူတို့ဒီကိုလာတုန်းက လူတွေရိုက်ဖို့ သူလာခဲ့တာဖြစ်သည်။ လင်းချင်းလမ်းမက ပိတ်ရပ်တွေမှာ လူပိုများပြီး အချိန်တိုင်းလိုလို ဆိုင်ကယ်အုပ်စုတွေက လမ်းမပေါ်ကဖြတ်သွားလေ့ရှိသလို ကျောင်းဝတ်စုံတွေဝတ်ထားသေးသည့် ကျောင်းသားတွေက နေကာမျက်မှန်တပ်ထားပြီး လေတချွန်ချွန်ဖြင့် သူတို့ကောင်မလေးတွေနှင့်အတူ ဆိုင်ကယ်စီးနေကြတာလည်းရှိသည်။ သူတို့တွေက အရမ်းကိုမြောက်ကြွကြွဖြစ်နေသည်။
မာရှောင်တင်းသည် သူ့ခေါင်းကိုဆန့်ထုတ်လိုက်ပြီး အလွန်အမင်းကိုအားကျနေပုံဖြင့် "ငါလည်း ဘယ်တော့မှ အဲ့လိုတောက်တောက်ပြောင်ပြောင်ဖြစ်လာမှာလဲ?"
"မင်းနောက်ဘဝမှ" ရှီပေါ်ဝမ်သည် သူ့မျက်မှန်ကိုပင့်တင်လိုက်ပြီး အရမ်းကိုအတည်ပေါက်ဖြင့် မေးခွန်းတစ်ခုအားမေးလိုက်သည်။ "ဒီတော့ ငါတို့က အခုဘာလုပ်ကြမှာလဲ?"
စုန်ယွီက သူ့ဖုန်းကနေ အချိန်ကိုကြည့်လိုက်သည်။ "ငါးနာရီခွဲရှိပြီ ငါတို့နာရီဝက်အချိန်ရသေးတယ်"
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...