စုန်ယွီသည် အခန်းကိုပြန်ရောက်သည်နှင့် တံခါးကိုပိတ်ကာ ခန်းဆီးတွေလည်း အကုန်ပိတ်လိုက်သည်။ နောက်သို့လှည့်လိုက်သည့်အခါမှာတော့ သူ့ရှေ့တွင်ရပ်နေသည့် ဖြူဖျော့ဖျော့နှင့်ဖောက်ထွင်းမြင်နိုင်သည့်ဝိညာဉ်တစ်ခုကို တိတ်တဆိတ်သာကြည့်လိုက်သည်။ သူသည် မျက်မှောင်ကျုံ့လိုက်ပီး "ငါ့ကို ဒီကမ္ဘာထဲဆွဲခေါ်လာတာ မင်းလား?"
သူ့ရှေ့မှာရပ်နေသည့်ဝိညာဉ်ကတော့ ဒီကမ္ဘာ၏ စုန်ယွီဖြစ်သည်။
'စုန်ယွီ'သည် ဆေးရုံဝတ်စုံကို ဝတ်ထားသည်။ သူ့မျက်နှာက ဖြူဖျော့နေလွန်းလို့ ဖောက်ထွင်းမြင်နေရသည်။ သူ့မျက်လုံးတွေကတော့ အန္တရာယ်မပေးနိုင်သည့်သိုးငယ်ပေါက်လေးလိုပင်။ တော်တော်လေးတွေဝေနေပီးနောက်တော့ သူသည် ခေါင်းညိမ့်ပြလာကာ "ဟုတ်တယ် ငါပဲ"
"ဘာလို့လဲ?"
'စုန်ယွီ'၏မျက်နှာသည် နဂိုတည်းက ဖြူဖျော့နေတာက အခုဆိုပိုပီး ဖြူဖျော့နေသေးသည်။ သူသည် အားမရှိသည့်အသံနှင့်ပြောလာသည်။ "ငါတောင်းပန်ပါတယ် ငါက ဒီကမ္ဘာက စုန်ယွီပါ မင်းငါ့ကို System 008လို့ ခေါ်လဲရတယ် ဒီကမ္ဘာက စုန်ယွီရဲ့တန်ဖိုးက နောက်ငါးနှစ်နေရင် ဇာတ်လိုက်နဲ့စကားပြောခွင့်ရတာတစ်ခုပဲ ဇာတ်လိုက်ကို အမြင်ပွင့်သွားစေပီး ဇာတ်လိုက်ရဲ့အတိတ်ကို လက်လွတ်သွားနိုင်စေဖို့ပဲ ဒါပေမယ့် အကြောင်းရင်းမသိတဲ့အခြေအနေကြောင့် ဒီတစ်ခေါက် နေမကောင်းဖြစ်နေတဲ့ စုန်ယွီက မတောင့်ခံနိုင်တော့ပဲ နောက်ဆုံးသေသွားတော့တာ"
"ငါတို့က စုန်ယွီရဲ့ဇာတ်ကြောင်းကို ပီးမြောက်အောင်လုပ်ဖို့လိုတယ် ဒါကြောင့် ငါတို့က အမျိုးမျိုးတွေးပီးတော့မှ အပြိုင်ကမ္ဘာက မင်းကို ဒီထဲဆွဲခေါ်လိုက်တာ ဒါကြောင့် မင်းကိုအရင်တောင်းပန်ပါတယ် ဒါပေမယ့် လျော်ကြေးအနေနဲ့ ဒီကမ္ဘာမှာ လုပ်ရမယ့်ကိစ္စတွေပီးလို့ မင်းရဲ့နဂိုကမ္ဘာကိုပြန်ရောက်ရင် ငါတို့ဖက်ကနေပီး မင်းအတွက် အဖိုးအခပေးမှာပါ မင်းက ဒီကမ္ဘာမှာ ငါးနှစ်ပဲနေပေးဖို့လိုတယ် အဲ့ဒါပီးတာနဲ့ မင်းဒီကထွက်သွားလို့ရပီ"
စုန်ယွီသည် နှာခေါင်းရှုံ့လိုက်ပီး သူ့ရဲ့နက်မှောင်ကြည်လင်နေသည့်မျက်လုံးများက အေးစက်သွားကာ "ငါမှာ ပိုက်ဆံမရှိလို့ မင်းထင်နေတာလား?"
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...