အခန်း (၂၀)

6.7K 1.2K 100
                                    

အခန်း (၂၀) – လူတွေကို ရိုက်ခြင်း
~~~~~~~~~~~~~~~~~~~~~~

မာရှောင်တင်းသည် သူ့ထံ လိပ်စာကို ပို့ပေးလာသည်။ နံပါတ်တစ်အထက်တန်းကျောင်း အနီးတွင်ရှိသည့် လင်ချင်းလမ်းသည် စိတ်အပန်းဖြေစရာတွေ အပြည့်ရှိသည့် လမ်းတစ်ခုဖြစ်သည်။ အင်တာနက်ဆိုင်တွေ၊ ကျားကွက် နှင့် ဖဲချပ်ဆော့လို့ရသည့်အခန်းတွေ၊ KTVတွေ၊ ဘီလိယက်ခန်းမတွေ နှင့် တစ်ခြားသော စိတ်အပန်းဖြေစရာတွေအားလုံးက ဒီမှာအစုံရှာတွေ့နိုင်သည်။ ဒီနေရာက နံပါတ်တစ်အထက်တန်းကျောင်းက ကျောင်းသားတွေ တော်တော်များများ အတန်းချိန်ပီးသည်နှင့် လာရောက်ဆော့ကစားသည့်နေရာလည်းဖြစ်သလို လူမိုက်တွေအတွက် စုဝေးရပ်နေရာတစ်ခုလည်း ဟုတ်သည်။

စုန်ယွီသည် ဘက်စ်ကားပေါ်က ဆင်းပီးသည့်နောက် နေရာအစုံလိုက်ရှာကြည့်ပေမယ့် ပြောသည့်နေရာကို ရှာမတွေ့ပေ။ ဒါကြောင့်သူသည် မာရှောင်တင်းကို မေးလိုက်သည်။

[ငါ လင်ချင်းလမ်းကိုရောက်နေပီ မင်းပြောတဲ့နေရာက ဘယ်မှာလဲ?]

ဆာဒါကိုပုံက အချိန်အတော်အကြာကြီးကို ရပ်နေသည်။ မာရှောင်တင်းသည် ခဏလောက်တွေးလိုက်ပေမယ့် ဘယ်လိုရှင်းပြရမှန်းမသိပေ။ နေရာက အရမ်းချောင်ကျသလို သိသာသည့်လမ်းပြဆိုင်းဘုတ်တွေလည်းမရှိပေ။ နောက်ဆုံးတော့ သူသည် အကြည့်ကိုလွှဲလိုက်ပီး အပြင်ဘက်ကိုကြည့်လိုက်သည်။ ရုတ်တရပ်စိတ်ကူးရလိုက်ပီး သူ့ရဲ့စာပေအနုပညာစိတ်ဝိဉာဉ်က ထွက်ပေါ်လာတော့သည်။

[ဆာဒါကိုက ရေတွင်းတူးတဲ့သူတွေကို မမေ့ဘူး : အကိုကြီးယွီ ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်]

စုန်ယွီသည် ဖုန်းကိုကိုင်ထားရင်း စက္ကန့်အနည်းငယ်လောက် ကြောင်အသွားသည်။ ထူးဆန်းသည့်ခံစားချက်တစ်ခုက သူ့ကိုစိုးမိုးသွားပီး သူသည် မာရှောင်တင်းပြောတာကို နားထောင်လိုက်ကာ ကောင်းကင်ကိုမော့ကြည့်လိုက်သည်။

လမ်းဘေးမီးတိုင်တွင် ငှက်အနည်းငယ်ခိုနားနေသည်။ ကောင်းကင်ပြာကြီးက အဆုံးမရှိပဲ ကောင်းကင်ယံထက်တွင် တိမ်တွေကလည်း အများကြီးပင်။ ဘာမှထူးထူးဆန်းဆန်းလည်းမရှိပေ။ သေသေချာချာလေးအာရုံစိုက်ပီးကြည့်တာတောင်မှ ပြတင်းပေါက်ကနေပီး သူ့ကိုထွက်ကြည့်တာမျိုး လက်ဝေ့ယမ်းပြတာမျိုး လုံးဝရှာမတွေ့ပေ။ စုန်ယွီသည် နားမလည်တာကြောင့် စာရိုက်လိုက်သည်။

TIHCFCF Nơi câu chuyện tồn tại. Hãy khám phá bây giờ