အခန်း (၉)

8K 1.6K 76
                                    

အခန်း (၉) – Living In School

Eng translator: xiin
~~~~~~~~~~~~~

စုန်ယွီသည် အိမ်သို့ပြန်လိုက်သည်။ အိမ်သို့ အန္တရာယ်ကင်းကင်းပြန်ရောက်လာတာကို ဘွားဘွားမုန့်တွေ့တော့ သူ့အား မေးခွန်းနည်းနည်းသာမေးပီး တစ်ခြားဘာမှတော့မပြောပေ။

ရေချိုးသန့်စင်ပီးနောက် စံပယ်နံ့လေးသင်းနေသည့်အိပ်ယာပေါ်သို့ လှဲလိုက်သည်။ အေမြို့က သူ့အမေစီကနေ စာပြန်လာတာကို စုန်ယွီတွေ့လိုက်သည်။

[အဲ့ဒါဆိုရင်လည်း ကောင်းပီလေ ကျင်းမြို့မှာနေရာတာ ယွီယွီ နေသားကျပီလား?]

စုန်ယွီသည် စာရိုက်လိုက်သည်။ [အင်း ကျွန်တော် ကျင်းမြို့ကို တော်တော်သဘောကျတယ်]

ခဏလောက်တွေးလိုက်ပီး စုန်ယွီသည် ထပ်ဖြည့်လိုက်သည်။ [မေမေ ကျောင်းစဖွင့်ရင် ကျွန်တော် ကျောင်းမှာနေချင်တယ်]

ကျောင်းတွေဖွင့်ဖို့ တစ်လတော့လိုသေးသည်။ ကျောင်းအဆောင်မှာနေတာက တကယ်တော့ အရေးပါသည့်ခြေလှမ်းတစ်ခုဖြစ်သည်။ သိပ်မကြာခင်မှာပဲ မေမေစုန်မှ စာပြန်တာကို ရလိုက်သည်။

[အဆောင်မှာနေမယ်? ဘာလို့ သားက အဲ့မှာနေချင်တာလဲ?]

စုန်ယွီ [ကျောင်းသားဘဝအတွေ့အကြုံကို ကျွန်တော်ခံစားချင်လို့]

ဒီစကားက မေမေစုန်ကို တကယ့်ပဲ ရင်ထဲနာသွားစေသည်။ [အဲ့လိုဆိုရင်လည်း မေမေ သားဘွားဘွားနဲ့ တိုင်ပင်လိုက်မယ် ပီးမှ ပြင်ဆင်ဖို့အတွက် ကျောင်းကို ဆက်သွယ်လိုက်မယ်]

စုန်ယွီသည် ပြုံးလိုက်ပီး [ကျေးဇူးတင်ပါတယ် မေမေ]

စုန်ယွီသည် မအိပ်ချင်သေးတာကြောင့် ဖုန်းဆော့နေလိုက်သည်။

သူသည် မာရှောင်တင်းအား QQတွင် addထားသည်။ ဒီအသားဝင်းဝင်းနှင့်ကလေးရဲ့လောကကြီးက တကယ့်ကိုတောက်ပသည်။

သူ့အင်တာနက်အကောင့်နာမည်က 'ရေတွင်းတူးတဲ့သူတွေကို ဆာဒါကိုက ခွင့်မလွတ်ဘူး'ဖြစ်ပီး ပရိုဖိုင်ပုံက မျက်နှာကို ဆံပင်ရှည်ကြီးဖြင့် အုပ်ထားသည့် ယာမာမူရာ ဆာဒါကို၏ပုံဖြစ်သည်။

TIHCFCF Where stories live. Discover now