အခန်း (၂၁.၂) – အသိတွေနှင့်တွေ့ဆုံခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~မာရှောင်တင်းသည် ဦးနှောက်မရှိတော့သလို ထိတ်လန့်သွားသည်။ သူသည် ဘိလိယ်တော့ကစားဖူးသည်။ တစ်ခါတစ်လေ 8-ball ဒါမှမဟုတ် 9-ball ကို ကစားလေ့ရှိပေမယ့် စနူကာကိုတော့ တစ်ခါမှမထိဖူးပေ။
စုန်ယွီ၏အမြင်လိုင်းက လူအုပ်ကြီးကြားထဲဖြတ်သွားကာ ကျူကျီရှင်းပေါ် စူးစိုက်သွားသည်။ သူက တော်တော်အရပ်ပုပီး အရမ်းလည်းပိန်သည်။ သူ့မျက်နှာပေါ်မှာ ဝက်ခြံတွေအများကြီးရှိပီး ကြည့်ရတာ အကျင့်မကောင်းသည့်ရုပ်နဲ့ သူ့အပြုအမူကလည်း တွန့်ဆုတ်တွန့်ဆုတ်နှင့် မဝံ့မရဲပုံစံတွေ။ စုန်ယွီအကြည့်နှင့်ဆုံသည့်အခါ ခေါင်းတောင်မမော့ရဲပဲ ချန်ကျီကျယ်ရဲ့နောက်မှာသာ တိတ်တိတ်လေးရပ်နေသည်။
စက်ဆုပ်ဖွယ်ရာကောင်းပီး သတ္တိကလည်းကြောင်ကာ အဆိပ်ရှိတဲ့လူစားမျိုး။
နောက်ပီး ရှဲ့ဆွေ့ရဲ့အလယ်တန်း၃နှစ်လုံး အိပ်မက်ဆိုးတွေဖြစ်အောင် ဒီကောင်က လုပ်ခဲ့တာလေ။ ပီးတော့ သူက ရှဲ့ဆွေ့၏အဖွားကိုလည်း ပစ်မှတ်လုပ်ဖို့ ကြိုးစားနေသေးသည်။
ရှဲ့ဆွေ့ဖက်က လက်လွတ်လိုက်တာကြောင့် ဒီကိစ္စနဲ့ပတ်သတ်ပီး ရှေ့ဆက်လိုက်ဖို့မလိုအပ်တော့ဘူးလို့ သူအစကတွေးထားတာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရှဲ့ဆွေ့ကတော့ ထောက်ထားညှာတာပီး သည်းခံပေမယ့် သူတို့အကျင့်ကို မပြောင်းနိုင်သည့်သူတစ်ချို့ကတော့ ရှိသည်။ ဖြစ်ကောင်းဖြစ်နိုင်တာကတော့ ရှဲ့ဆွေ့က အတောင်းပန်ခံဖိုလိုသေးတာဖြစ်ပီး လျော်ကြေးတောင်းရဦးမှာဖြစ်နိုင်သည်။
စုန်ယွီသည် နောက်လှည့်လိုက်ပီး ရှဲ့ဆွေ့ထံ ပေါ့ပေါ့ပါးပါးလေးဖြင့် ပြောလိုက်သည်။ "သူတို့ကိုခေါ်ပီး ဆွဲထား"
ရှဲ့ဆွေ့သည် ငုံ့လိုက်ပီး စုန်ယွီကို စိုက်ကြည့်လိုက်သည်။
စုန်ယွီသည် ရှေ့တစ်လှမ်းတိုးလိုက်ပီး မာရှောင်တင်းရဲ့ပုခုံးကို ဖိလိုက်ကာ နောက်သို့ ဆွဲပို့လိုက်သည်။ မာရှောင်တင်းသည် စုန်ယွီအား စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲ အပြစ်ရှိတဲ့စိတ်၊ စိုးရိမ်ပူပန်တဲ့စိတ် နဲ့ ဘာလုပ်ဖို့ကြိုးစားနေမှန်းမသိတာကြောင့် အနည်းငယ်ခေါင်းရှုပ်သွားသည့်စိတ်တို့ ဖြစ်နေပေမယ့်လည်း သူသည် အကိုကြီးယွီအပေါ် အလိုလိုယုံကြည်မိသည်။
![](https://img.wattpad.com/cover/242319502-288-k234590.jpg)
YOU ARE READING
TIHCFCF
Romanceပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း / ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး၏ ငယ်သူငယ်ချင်းဖြစ်သွားခြင်း Transmigrating Into The Heartthrob's Cannon Fodder Childhood Friend Associated Names 穿成万人迷的炮灰竹马 Author(s) This Concubin...