အခန်း (၅၉.၁)

6.7K 814 162
                                    

အခန်း (၅၉.၁) - မင်းကိုချစ်တာက အလိုလိုဖြစ်လာတာပဲ 
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စုန်ယွီသည် ပျာသွားပြီး စိတ်တိုသွားကာ "မဟုတ်ဘူး အခုလေးတင် ငါစကားပြောနေတာကို ဘာလို့..."

သူ့ဦးနှောက်အလုပ်မလုပ်တော့ဘူး ဘာကိုဘာလို့လဲ? ဘာလို့ မင်းရဲ့လျှာအထိပါ ပါလာတာလဲ? F*ck! အဲ့ဒါကြီးကို သူဘယ်လိုလုပ်ပြီး ထုတ်မေးရမှာလဲ?! 

သူတို့တွေ အမှောင်ထဲမှာပဲ ရှိနေသေးတာကြောင့် သူ့အတွင်းစိတ်ထဲက ရှုပ်ထွေးနေမှုတွေကို ဖွင့်ဟမရဖြစ်နေသည်။ သူ့ဒေါသတွေကို  ချုပ်ပိတ်ခံထားရသလို ခံစားနေရပြီး သူ့ကိုယ်သူ ဒေါသ ထွက်လာလွန်းလို့ သေတော့မလိုပဲ။ 

ရှဲ့ဆွေ့သည် စုန်ယွီနှင့် အရမ်းကိုနီးကပ်နေတာကြောင့် စုန်ယွီ၏အသက်ရှုသံမမှန်ဖြစ်နေတာကို ရှင်းလင်းစွာ ကြားရသည်။ 

လေထုက အနည်းငယ်ပူလာသည်။ စုန်ယွီမျက်နှာနီရဲနေမည်ဆိုတာကို သူခန့်မှန်းစရာတောင် မလိုပေ။

ဆယ်ကျော်သက်လေး၏မျက်လုံးတွေက အမှောင်ထဲတွင် ဝိုင်းစက်တောက်ပနေပြီး သိပ်မကြာခင်မှာလောင်ကျွမ်းတော့မည့် ဒေါသတွေက မျက်ဝန်းထဲမှာပြည့်နေကာ သူနမ်းလိုက်တာနှင့် မီးညှိပြီး ပေါက်ကွဲထွက်လာတော့မလိုပဲ။ 

ရှဲ့ဆွေ့သည် ပြုံးကာ မေးလိုက်သည်။ "ဘာကိုဘာလို့လဲ?" 

လူပေါင်းများစွာနှင့် စကားစစ်ထိုးပွဲကို ဘာမှမဖြစ်သလိုပြောနိုင်သည့် လူတစ်ယောက်အနေနဲ့ အခုချိန်မှာတော့ စုန်ယွီ၏လျှာက အထုံးထုံးခံထားရသလို ဖြစ်နေသည်။ သူ့ပြောချင်သည့်အဓိပ္ပါယ်ကို ဖော်ပြလို့ရမည့် စကားအသုံးအနှုန်းကို သူအခုထိရှာမရဖြစ်နေပြီး အချိန်အတော်ကြာသည်အထိကို စွံ့အနေခဲ့သည်။ 

သူ့ကိုသူအသက်ရှုကြပ်ပြီး မသေသွားခင် ပြောစရာရှိတာကတော့ ထုတ်ပြောသွားမှ ရမည်။ မီးပျက်နေသည့်အတွက်ကြောင့် ဘယ်သူကမှ ဘယ်သူ့ကို မမြင်ရသည့်အတွက် သူထုတ်ပြောလိုက်သည်။ "မဟုတ်ဘူး မင်းဘာကြောင့် ၊ လျှာက ၊ အဲ့ဒါကဘာလို့..." 

တကယ်တမ်းတော့ သူ့ခေါင်းထဲမှာ ရှုပ်ထွေးနေပြီး သူဘာပြောရမှန်းတောင် မသိဖြစ်နေသည်။ 

TIHCFCF Where stories live. Discover now