အခန်း (၁၀)

7.8K 1.6K 78
                                    

အခန်း (၁၀) – ရှောင်းရှီ
~~~~~~~~~~~~~~~~

ဒါပေါ့ သူ့ကိုယ်သူဘယ်လောက်တောင် အရူးလိုပုံစံဖြစ်သွားလဲဆိုတာကို စုန်ယွီချက်ချင်းနားလည်လိုက်သည်။ သူ့ပါးစပ်သည် ပိတိလိုက်ဖွင့်လိုက်ဖြစ်နေပေမယ့် သူသည် လျင်မြန်စွာပဲ စကားလမ်းကြောင်းလွှဲလိုက်ကာ "မင်းအလုပ်ဆင်းပီလား?"

"မဆင်းသေးဘူး" ရှဲ့ဆွေ့သည် သူ့မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ပီး ခေါင်းကိုခါပြလာကာ "လေ့ကျင့်ခန်းမေးခွန်းတွေ တွက်ကြည့်နေတာလား?"

စုန်ယွီသည် သူ့သင်္ချာဖတ်စာအုပ်ကို ထောင်ပြလိုက်ပီး "အင်း"

သူတို့တွေသည် နှစ်ခေါက်တောင်မှတွေ့ဆုံပီးပီဖြစ်တာကြောင့် သူတို့ကြားက ပတ်သတ်မှုက အရမ်းအနေရခက်ပီး မပြောရဲမဆိုရဲဖြစ်တာမျိုး မရှိတော့ပေ။ စုန်ယွီသည် ညည်းတွားလိုက်သည်။ "ဒါကိုတွက်နေရင်း အရမ်းကိုပျင်းလာပီ တကယ့်ကိုပြဿနာပဲ ပိုပီးတွက်ကြည့်လေလေ ပိုပီးအိပ်ငိုက်လာလေလေပဲ"

"ပြဿနာမရှိပါဘူး A66ရဲ့ factorက ၆"

ရှဲ့ဆွေ့သည် ခပ်တိုးတိုးရယ်လိုက်သည်။ သူ့လက်ချောင်းသွယ်သွယ်လေးများကတော့ ဘောပင်နှင့်စာရွက်ကို လှမ်းယူလိုက်သည်။ သူသည် စာရွက်ပေါ်တွင် ဖော်မြူလာကို ချရေးလိုက်ပီး စုန်ယွီဆီပြန်ပေးလိုက်ကာ "အခုမင်းတွက်နေတဲ့မေးခွန်း"

စုန်ယွီသည် တကယ့်ကိုမျက်နှာတွေပူလာသည်။ နားရွက်တွေအထိပါနီရဲလာပေမယ့်လည်း စာရွက်ကို ယူလိုက်ကာ "ကျေးဇူးပဲ"

ကံကောင်းထောက်မစွာဖြင့် ဆိုင်ထဲကို ဧည့်သည်တွေထက်ရောက်လာတာကြောင့် ရှဲ့ဆွေ့သည် သူ့အလုပ်လုပ်ရန် ထသွားလိုက်သည်။

စုန်ယွီသည် သူ့နောက်ကျောကိုကြည့်နေရင်း ခွက်ထဲကို ပိုက်ထည့်လိုက်ကာ ဖျော်ရည်ကိုသောက်နေလိုက်သည်။ သူ့ပါးစပ်ထဲတွင်တော့ နွေရာသီ၏အေးမြလက်ဆက်သည့်အချဉ်ဓါတ်လေးက ပြည့်နှက်သွားတော့သည်။

တကယ်တော့ သူ့စိတ်ထဲမှာ နေလို့မကောင်းပေ။ ဇာတ်လိုက်က သူ့ကိုများ ဉာဏ်ရည်မမှီတဲ့သူအဖြစ်တွေးနေသလားမသိဘူး? မူလတန်းကလေးတောင်မှ ပုစ္ဆာကို ဒီလိုမတွက်ဘူးလေ။

TIHCFCF Where stories live. Discover now